25 November, 2013

online ပေါ်မှ ၀င်ငွေရှာနည်းလေး တင်ပြ လိုက်ပါသည် (သေချာဖတ်ကြည့်ပေးပါ မိတ်ဆွေတို့အတွက် အကျိုရှိမှာပါ)

မင်္ဂလာရှိသော အချိန်ခါသမယ လေးပါ။
အားလုံးသော မိတ်ဟောင်းဆွေဟောင်း ဘိုးဟောင်းဘွားဟောင်းတို့.ခင်ညာ
ကျွန်တော် အလုပ်အကိုင် မရှိ ဖြစ်နေလို့ စိတ်ညစ်နေချိန်…. အွန်လိုင်းပေါ်မှာ မောက်စ်လေးကလစ်ရုံနဲ့ ပိုက်ဆံလေးတွေဝင်လာတဲ့ အလုပ်တစ်ခုကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရတယ်… ဒီလုပ်ငန်းလေးကို မိတ်ဆွေများနဲ့ အတူ ပျော်ပျော်ပါးပါး စီးပွားအတူ ရှာကြရအောင်ဆိုပြီး စိတ်ကူးမိလို့ ဒီအဖွဲ့လေးကို လုပ်မိတာပါ။
သို့သော်လည်း အွန်လိုင်းဆိုတာလည်း ခက်သားလား.. လူလိမ် လူညာတွေက လည်းအများသားမဟုတ်လား… ယုံရခက်ခက် မယုံတယုံနဲ့ လည်း မဖြစ်.. လုံးလုံး စိတ်ချရလို့ကလည်းမဖြစ်တာကြောင့် သေချာ အောင်ဆိုပြီး အချိန် တစ်လလောက် ပေးပြီး လေ့လာလိုက်ပါတယ်။ သေချာ ကို လေ့လာဖြစ်တယ်.. စာတွေလည်း ဖတ်ကြည့်လိုက်တော့.. ယနေ့ခေတ်ဟာ IT ခေတ်ကြီးထဲရောက်နေပြီပဲ… ဒီခေတ်မှာ လူတွေ မိမိတို့ စီးပွားရေးလုပ်ငန်းတွေကို အောင်မြင်အောင်လုပ်ချင်တဲ့အခါ ဘယ်လိုလုပ်ရသလဲ ဆိုတာ လူတိုင်းသိသင့်သလောက်သိကြမှာပါ.. ဒါဟာ ကြော်ငြာအလုပ်ပါ။ တနည်းအားဖြင့် ကြော်ငြာတွေကို အွန်လိုင်းပေါ်မှာ များများ ကြော်ငြာပေးတဲ့သဘောပေါ့… ဒီကြော်ငြာတွေကို ဒီအတိုင်းထားရင်ဘယ်သူမှ စိတ်ဝင်တစား လာကြည့်မှာမဟုတ်လို့ လာကြည့်ကြပါ… ကြည့်တဲ့လူကို ဒီငွေသား ဘယ်လောက် ပေးပါ့မယ် စသည်ဖြင့် မဲဆွယ်ကြော်ငြာကြတဲ့သဘောပါပဲ..
ကျွန်တော်တို့လို အလုပ်လက်မဲ့ ၁၀၉ ၁၁၀ တွေအတွက် အွန်လိုင်းပေါ်မှာ ဘေးထိုင် ဘုပြော နိုင်ငံရေး ဘာသာရေး ပေါက်တတ်ကရတွေ လျှောက်ပြောနေမိရင်း အချိန်တွေကုန်လာလိုက်တာ ပြောမဆုံးပေါင်ပါပဲဗျာ… ဒီလိုကုန်ဆုံးသွားမယ့် အချိန်တွေအစား ခု လက်ရှိအချိန်လေးမှာ တစ်ပြားရရ နှစ်ပြားရရ နဲ့ ဟိုကလစ် ဒီကလစ် အချိန်တွေကို အကျိုးရှိစွာ အသုံးချကြည့်လိုက်တော့ မဆိုးဘူးလို့ ပြောရမှာပါပဲ.. ဒီလိုလုပ်တော့ အချိန်အနည်းငယ်စိုက်ပေးလိုက်ရတယ်.. အင်တာနက်ဖိုး မရှိလို့ အရင်က အွန်လိုင်းမသုံးဖြစ်တဲ့ ကျွန်တော်… ၁၅၀၀ တန်ဆင်းကတ်နဲ့ နိုင်ကန်ခြားပျံ ဆန်ဆောင်း ဖုံး လက်ထဲ ထည့်လို့ (လူအထင်ကြီးအောင်ကိုင်ထားတာ) ဖုန်းထဲ အရေးကြုံ ဆက်ဖို့ ပိုက်ဆံဖြည့်ဖို့ တောင်မှ အနိုင်နိုင် .. ခု ဟိုကလစ် ဒီကလစ် လေးလုပ်လိုက်တာ… ဖုန်းထဲ ပိုက်ဆံ ရွှင်နေတယ်.. လက်ဘက်ရည်ဆိုင်ပုံမှန်ပြန်ထိုင်နိုင်လာခဲ့တယ်ပေါ့ဗျာ.
ကဲ စကားတွေ ရှည်နေမယ်.. စိတ်ဝင်စားတယ်ဆိုရင်.. ဒီအလုပ်အကြောင်းကို သေချာ ရှင်းပြမယ်.. လိုက်လုပ်ကြည့်လိုက်ပါ.. အကျိုးမနဲ စေရပါဘူး… ဒါပေမယ့် အကျိုးလည်း သိပ်ကြီးများမလာနိုင်သေးဘူးပေါ့..
ခုရေတွင်းတူး ခုရေကြည်သောက်ချင်လို့တော့ မရနိုင်ဘူးပေါ့.. ရေကြောမိအောင်တော့ စောင့်ရမယ်.. ရေကြည်လာအောင်တော့ စောင့်ရမယ်… ဆိုလိုတာ အချိန်တစ်ခုတော့ ပေးရမယ်.. ဘယ်အရာမဆို အလကားရယူဖို့ဆိုတာတော့ သိပ်မလွယ်ကူလှပါဘူး.. (ရတဲ့လူတွေတော့ ရနေတာပဲ ဘီလိုရနေလဲသိပါဘူး) ဒါပေမယ့် ကိုတာတို့က အလကား၇တယ်ဆိုရင် သိပ်အထင်ကြီးလေ့မရှိတတ်တာကိုယ်က ပင်ကိုယ်စရိုက်ပေါ့.. ဒါကြောင့် ညစ်အားနဲနဲစိုက်ထုတ်လိုက်တယ်.. ဇွဲ နဲနဲ ထည့်လိုက်တယ်.. အဆင်ပြေသင့်သလောက် ပြေလာတယ်ပေါ့..
နောက်တစ်ခုက ကျွန်တော်တို့ နိုင်ငံခြားမှာ အလုပ်သွားလုပ်ကိုင်ကြတဲ့ ယနေ့ လူငယ်အများစုအတွက်လည်း အပိုဝင်ငွေ တစ်ဘက်တစ်လမ်းက ရနိုင်တဲ့အတွက်ကြောင့် မိမိတို့ အင်တာနက်မှာ အချိန်ပေးသုံးတာချင်းတူတူ ၀င်ငွေလေးတစ်ခု နဲ့ ဆိုတော့ ဘေးထွက်ပေါက်လေးလည်း ကာမိ၊ ကွမ်းဖိုး ဆေးဖိုးလေး ရရှိနိုင်တယ်ပေါ့.. သေချာ ဖိဖိစီးစီးလုပ်ရင် ကွမ်းဖိုးဆေးဖိုးကနေ. ပါကျဲရိုး အဆင့်တောင်ရ နိုင်ပါတယ်ခင်ဗျာ..
ကဲ လုပ်ငန်းအကြောင်းဆက်ပြောမယ်နော်…. ဒီလို အွန်လိုင်းမှာ ကြော်ငြာတွေကို ကလစ်ပြီး ၀င်ငွေရှာတဲ့အလုပ်ကို အင်္ဂလိပ်လို PTC လို့ခေါ်ကြတယ်. အရှည်ခေါက်ကတော့ PAID TO CLICK ပေါ့ဗျ.. မောက်စ် လေးနဲ့ ကလစ်ရင်ပိုက်ဆံရတယ်လို့ဆိုလိုတာပေါ့..
PTC အလုပ်ကို သေချာ လုပ်လို့ ယနေ့ မြန်မာပြည်မှာလည်း ၀င်ငွေ ရွှင်လမ်းနေတဲ့ မိတ်ဆွေတွေ မနဲတော့ဘူးပေါ့.. အဓိက လုပ်ဆောင်သူတွေလည်းရှိကြသလို ၀န်ဆောင်မှုတွေနဲ့ လုပ်ကိုင်ပေးနေကြတဲ့ စေတနာ အပြည့်နဲ့လူတွေလည်း ရှိကြပါတယ်. MMIT Helper က မိတ်ဆွေအချို့ကဆို ငွေထုတ်ပေးမှု ကူညီဖြေရှင်းပေးမှု စတဲ့ ၀န်ဆောင်မှုတင်မက ပါဘူး.. အပိုဆုကြေးငွေတွေကိုပါ ပေးနေပါတယ်။
ကျွန်တော်တို့ကတော့ ၀န်ဆောင်မှု လိုအပ်ရင်တော့ ကူညီပေးမယ်..
ငွေထုတ်မှုကိုလည်း ကူညီပေးမယ်..
ဒါပေမယ့် (အပိုဆုကြေးဆိုတာကလည်း သူတို့ပေးတဲ့လင့်နဲ့ သူတို့ပြောတဲ့အတိုင်း screen shoot ပေးတဲ့အခါကျမှ ရနိုင်ပါတယ်) ကျွန်တော်တို့ကတော့ အပို ဆုကြေးတော့ မပေးတော့ဘူး. အပိုဆုအစား.. မျှဝေ ကူညီမှု တစ်ခုနဲ့ အုပ်စုလိုက် မိသားစုဖွဲ့ပြီး လုပ်ကိုင်ကြမယ်.ဒါဆို ညီတူ မျှတူ ၀င်ငွေရနိုင်မယ်. ပိုလုပ်လို့ ပိုရတယ်ဆိုတာ တော့ရှိတာပေါ့.. ဒါပေမယ့် မိမိတို့ စိတ်တိုင်းကျ လူငါးယောက်လောက် ညီရင် အဆင်ပြေတယ်.၅ ယောက်ကနေ ၁၀ ယောက် တိုးလာရင်ပိုအဆင်ပြေတယ်ပေါ့..
ကျွန်တော်တို့ ဒီနေရာမှာ လူစုကြမယ်.. ပြီးရင် လုပ်နိုင်မယ့် အုပ်စုလိုက် လူတွေခွဲယူကြမယ်.. ဒါဆိုရင် ၀င်ငွေလည်း များများ ပိုဝင်မယ်.
ကဲ အလုပ်အတွက် ပြောကြရအောင်..
ဒီအလုပ်လုပ်ဖို့အတွက်..
(၁) စည်းကမ်း ရှိရမယ်.
စည်းကမ်းဆိုတာဟာ သူတို့ဆိုက်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်ရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
နည်းပညာသမားတစ်ဦး မပီသစွာဖြင့် မိမိကိုယ်တိုင် အသုံးမကျ ဇွဲမရှိဘဲ အများသူငါရှေ့တွင် PTC ၀င်ငွေရှာ Website များတွင်လုပ်ကိုင်နေသူများ မိတ်ဆက်သူများကိုကိုစော်ကားသူတစ်ယောက် မဖြစ်စေရပါဘူး။
ယခု ကျွန်တော်တင်ပြပေးမယ့် ၀င်ငွေရှာ Websiteများသည် အတုအယောင်မဟုတ် လုံးဝ ( လုံးဝ )အစစ်အမှန်သာဖြစ်သည်။ ၀င်ငွေရှာသည့်ဆိုဒ်များကို စစ်ဆေးသော နာမည်ကြီး စစ်ဆေးရေးဆိုဒ်ရဲ့ ထောက်ခံမှုကို 75% အပြည့်မှန်ကန် ကြောင်း(Safe) ထောက်ခံမှုရရှိထားတဲ့ ၀င်ငွေရှာ Website များလည်းဖြစ်ပါတယ်။ သင့်အတွက် အခက်ခဲရှိမယ်.. မယုံကြည်နိုင်ပါဘူးဆိုရင်တော့ ဆက်မလုပ်ပါနဲ့.. အတင်းအဓမ္မတော့ လုပ်ပါလို့ မပြောလိုပါဘူး… မိမိစိတ်တိုင်းကျ သာ စဉ်းစားဆောင်ရွက်ပါ။
http://www.scamadviser.com မှာ ၀င်ရောက် စစ်ဆေးနိုင်ပါတယ်။
(၂) ရှောင်ရန် ဆောင်ရန်များ
 မိမိရဲ့ အင်တာနက်လိုင်းမြန်နှုန်းသည် Download Speed အနည်းဆုံး 30 KB ရှိမှ ၀င်ငွေရှာ သည့် Website များတွင် အလုပ်လုပ်ပါ
 အင်တာနက်မှာ ၀င်ငွေရှာမည့်သူများကို PTC ငွေရှာသည့် Website များကိုအသုံးပြုရာတွင် မိမိကိုယ်ပိုင်အင်တာနက် နဲ့ မိမိကိုယ်ပိုင်ကွန်ပျူတာဖြင့်လုပ်နိုင်သူဖြစ်ရမည်
 အင်တာနက်ဆိုင်များတွင် ပြုလုပ်ခြင်း လုံးဝ (လုံးဝ ) ရှောင်ပါ ၊ အကောင့်အား အဘန်းခံရနိုင်ပါသည်။
ဥပမာ မိမိက ဖုန်းရှိတယ်ဆိုရင် ဒီဖုန်း အင်တာနက်နဲ့ မိမိကိုယ်ပိုင် ကွန်ပျူတာ ကို ( Join )ဆက်ပြီး အသုံးပြုပါ..
အကယ်၍ မိမိကွန်ပျူတာက အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားလျှင် အခြား မည့်သည့် ကြော်ငြာမျှ မဖွင့်ကြည့် ( or ) Click မလုပ်ရသေး သော ကွန်ပျူတာ အသစ်တစ်လုံးတွင် နဂိုမူလ ဖုန်းအင်တာနက်ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ အဓိကကတော့ အင်တာနက်လိုင်း တစ်လိုင်းတည်းကိုဘဲ စွဲမြဲစွာသုံးနိုင်လေ ကောင်းလေဖြစ်ပါတယ်။
 ကိုယ်ပိုင်အင်တာနက်သမားများအတွက်ဘာမှမဖြစ် သော်လည်း ဖုန်းသမားများအတွက် တစ်လကျော် နှစ်လအတွင်း အနည်းငယ်အရှုံးရှိမည် သို့သော် သုံးလေးငါး လအတွင်း ညွှန်ပြထားသည့်အညွှန်းများအတိုင်းပုံမှန်လုပ်သွားရုံဖြင့် မည်မျှဝင်ငွေများရရှိလာသည် အမြတ်ပြန်ရလာ သည်ကို လက်တွေ့သိရမည် ဖြစ်သည်။
 အင်္ဂလိပ်စာကို အနည်းငယ်မျှဘာသာပြန်နိုင်သူဖြစ်ရမည်။ ဇွဲရှိသူဖြစ်ရမည်။ စဉ်းစားတွေးခေါ်နိုင်သူဖြစ်ရမည်။ စိတ်ရှည်သူဖြစ်ရမည်။ (သူများပြောလို့ လုပ်ရသည်မျိုး မဖြစ်စေချင်ပါဘူး.. စဉ်းစားတယ်ဆိုတာ သူတို့က ဒါကိုလုပ်ပါ.. ဒါပေးမယ်ဆိုတိုင်းလည်း ကိုယ့်ဘာသာ စဉ်းစားပါ.. လုပ်သင့်မသင့်.. လုပ်ရင်ဘာဖြစ်မလဲ ..မလုပ်ရင်ဘာဖြစ်မလဲပေါ့၊ ဒီလို လုပ်တဲ့အခါမှာလည်း အစစ်တွေ ရှိတဲ့ကြားကနေ အတုယောင်တွေကလည်း ၀င်လာတတ်ကြတယ်.. အဲဒါကြောင့် ဒါဟာ အတုဖြစ်နိုင် မဖြစ်နိုင်.. မိမိအတွက်အချိန်ကုန်နိုင်မကုန်နိုင် စဉ်းစားတတ်ရမယ်လို့ ဆိုလိုတာပါ)
 ဖုန်းကိုအသုံးပြုပြီးကြော်ငြာကလစ်ခြင်းလုံးဝ(လုံးဝ)ခွင့်မပြုပါ..
 ၀င်ငွေရှာသည့်ဝဘ်ဆိုဒ်များကိုတိုင်က သူတိုရဲ့ စည်းမျဉ်းစည်းကမ်းများမှာ တင်းကျပ်စွာတားဖြစ်ထားသည်။
ဝင်ငွေရှာ Website များရဲ့စည်းမျဉ်း စည်းကမ်းများ ကိုသိလိုပါက ၄င်းဝဘ်ဆိုဒ်များရဲ့ Team Of Services ဆိုတဲ့နေရာတွင် အသေးစိတ် ဖတ်နိုင်သည်။
လုပ်ပုံလုပ်နည်း အဆင့်ဆင့်
(၁) အကောင့်တစ်ခု ရရှိဖို့အတွက်……. စစ်မှန်သော အီးမေးလိပ်စာတစ်ခုရှိရမည်။ အဘယ်ကြောင့်ဆိုသော် အကောင့်တစ်ခုလုပ်သည့်အခါ Verification လုပ်ရသည့်အတွက် ဖြစ်သည်။
(၂) အကောင့်ရပြီးသည်နှင့်
- နေ့စဉ်မှန်မှန် သူတို့ဆီက ကြော်ငြာများကို ကလစ်ခြင်း (အဓိက မဖြစ်မနေအလုပ်)
- ကံစမ်းမဲများကို နှိပ်ခြင်း (အချိန်ပိုသူများအတွက် ကလစ်ခြင်း)
- အခြား အသေးမွှား ၀င်ငွေရမည့်အလုပ်များ (သူတို့ကလစ်ခိုင်းတဲ့အပိုငွေရှာအလုပ်)
- ကျွမ်းကျင်သူအဆင့်ဖြစ်သွားသည့်အခါ သူတို့ရဲ့ ကြော်ငြာများကို စမ်းသပ်လုပ်ကိုင်ကြည့်ခြင်းအလုပ် တို့ပဲ ဖြစ်ပါတယ်။
(၃) Direct referral နှင့် Rent referral တို့ရဲ့ လုပ်ဆောင်ခြင်းအဆင့်ဆင့်
(၄) ငွေသွင်းငွေထုတ် ခြင်းအလုပ်တို့ပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ကြားဖြတ် ပြောချင်တာကတော့ မြန်မာနိုင်ငံက အချို့သော ဆိုက်များ ၀င်မရဖြစ်တတ်ပါသည်။ ထိုဝင်မရသူများအတွက် ကျော်ကြ ခွကြရပါသည်။
အောက်ပါ ကျော်နည်းခွနည်းကို The Best Tutorial For Golden Myanmar ကနေ ကျွန်တော်ပြန်လည်မျှဝေပါသည်။ ထို့အတူ.. ဒီလုပ်ငန်းလုပ်ဖြစ်လာအောင်လည်း အဲသည်ဆိုက်ကနေ အစဆုံး မှီငြမ်းထားပါသည်။ အကယ်၍ သင်သည် အဲသည်ဆိုက်က အကူညီများ လိုအပ်ပါသည်ဆိုပါက… ဒီလင့်ကိုနှိပ်လိုက်ပါ.. အဲသည်ဆိုက်တွင် အီးမေးလိပ်စာနှင့်တကွ အစအဆုံး လုပ်ငန်းအားလုံးနှင့် သတိပြုဖွယ်ရာများကိုပါ ထည့်သွင်းဖော်ပြထားပါသည်။
ကျာ်ဖို့ခွဖို့ နည်းတစ်ခုအနေ နဲ့
ငွေရှာသည့် Website များတွင်Accountလုပ်မရသူများအတွက် ကျော်ခွနည်းလမ်း တစ်ခု

ငွေရှာသည့် Website များတွင် Register လုပ်သည့်အခါ အောက်ပါပုံအတိုင်း Error ကြုံတွေ့လာရပါလျှင်ဖြေရှင်းဖို့နည်းလမ်းများစွာရှိတဲ့အထဲမှ အဆင်ပြေတဲ့နည်းလမ်းလေး
တစ်ခုတင်ဆက်ပေးပါ့မယ်။ အခုကျနော်ဖော်ပြတဲ့နည်းက Firefox အတွက် သာဖြစ်ပါတယ်။
http://hidemyass.com/proxy-list/ (ဒီကိုသွားပါ) ကိုအရင်သွားလိုက်ပါ။ သွားလိုက်တာနဲ့ အောက်ပုံမယ်ပြထားတဲ့အတိုင်း နိုင်ငံပေါင်းစုံရဲ့ IP Address နဲ့ Port တွေကိုမြင်ရပါလိမ့်မယ်။ Proxy တွေကို စက္ကန့်တိုင်းမိနစ် တိုင်းအသစ် အသစ်ထုတ်ပေးနေတာပါ....
အိုကေ...အဲဒီနိုင်ငံတွေရဲ့ Proxy တစ်ခုချင်းစီနဲ့ကျော်ခွမှာဖြစ်ပါတယ်.... Firefox ကိုဖွင့်လိုက်ပါ.. ပြီးတာနဲ့ Tool >> Options ကိုဝင်လိုက်ပါ... ပြီးတာနဲ့ Advanced >> Network >> Settings ကိုရွေးပါ.. အောက်ပုံမှာရွေးထားတာကိုကြည့်လိုက်ပါ။

အိုကေ..ရွေးပြီးပြီဆိုတာနဲ့ အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်.. .အဲဒီမှာ မိမိရဲ့ Internet Connection က No Proxy နဲ့နဂိုမူလက အသုံးပြုတယ်ဆိုရင် အခု အိုင်ပီကျော်
ဖို့အတွက် Manual Proxy Configuration: ကိုရွေးချယ်မှာဖြစ်ပါတယ်..ပြီးတာနဲ့ Proxy ထည့်တဲ့အဆင့်စပါတော့မယ်..ကျနော်ကတော့ Proxy List ထဲက လိုင်းအင်အား Speed ကောင်းတဲ့ Turkey ဆိုတဲ့ နိုင်ငံရဲ့ Proxy ကိုရွေးချယ်လိုက်ပါတယ်....Turkey ဆိုတဲ့နိုင်ငံရဲ့ IP Address က 88.255.147.83 ဖြစ်ပြီး Port ကတော့ 8080 ဖြစ်ပါ
တယ်... ကဲ..ဘယ်လိုထည့်မလဲအောက်ကပုံမှာ ကြည့်ပါ။
ပုံမှာမြင်တဲ့အိုင်း HTTP Proxy: နဲ့ Port: မှာထည့်ပြီး Use this proxy server for all protocols ဆိုတာကိုအမှန်ခြစ် ပြီး OK >> OK အဆင့်ဆင့်ထွက်လိုက်ပါ။ ပြီးတာနဲ့ www.google.com ကိုခေါ်ကြည့်လိုက်ပါ... google က အခက်အခဲမရှိတက်လာတယ်ဆိုရင် ဒီ Proxy အလုပ်လုပ်ပါတယ်... တစ်ကယ်လို့ www.google.com ကို လေးငါးကြိမ်ခေါ်နေသော်လည်း The connection was reset , server not found အဲလိုတွေပေါ်နေရင်တော့..ဒီ Proxy အလုပ်မလုပ်ပါဘူး..အခြားနိုင်ငံတွေရဲ့ Proxy ကိုပြထားတဲ့နည်းတွေအတိုင်းထည့်ကြည့်ပြီး google.com ခေါ်ကြည့်ပါ... တစ်ကယ်လို့ google.com တက်လာတယ်ဆိုရင်တော့... ငွေရှာတဲ့ဝဘ်ဆိုဒ်ရဲ့အကောင့်ကိုဖွင့်ပြီး အေးအေးဆေးဆေး Register လုပ်ကာ ကျော်ခွနိုင်ပြီဖြစ်ပါတယ်..... တစ်ခါတစ်ရံပေါ့နော်.. Proxy ကျော်ထား
သော်လည်း Sorry IP Address is already use by other member ပေါ်သေးတယ်ဆိုရင် နောက်နိုင်ငံရဲ့ Proxy ကိုချိန်းပြီးထပ်ဖွင့်ကြည့်ပါ..ကျော်ခွသွားပါလိမ့်မယ်....
အကောင့်ကိုအလုံးစုံဖွင့်ပြီးဘီ..Activate တွေလုပ်ပြီးဘီဆိုရင်တော့.. မူလ No Proxy ကိုပြန်ထားလိုက်ပါ...ပြီးပြီဆိုမှ ပုံမှန်အတိုင်းငွေရှာတဲ့ဝဘ်ဆိုဒ်မှာ Log In ၀င်ပါ..
နောက်ထပ် ကိုယ်သိတဲ့ ကျော်နည်းခွနည်းတွေ များစွာရှိပါသေးသည်။ မိမိတို့ တတ်စွမ်းသလောက် လုပ်နိုင်ကြပါသည်။
ကဲ အလုပ်လုပ်ဖို့ စကြမယ်..
(၁) ဟိုးအောက်ဆုံးကပေးထားတဲ့ ဆိုက်ကြော်ငြာ ပုံလေးတွေ နှစ်သက်ရာတစ်ခုခုကို နှိပ်ပါ။
(ကျွန်တော်ကတော့ အကောင်းဆုံး ငွေပေးအများဆုံးတွေကို အစီစဉ်လိုက် စီထားပါတယ်)

ပုံထဲကလိုပဲ အစမ်းပေါ်လာမည်။
Register ကိုနှိပ်လိုက်ပါ။
ဖြည့်စရာရှိတာများကိုဖြည့်ပါ။ အောက်ဆုံးမှာ I have read ဆိုတာလေးရဲ့ဘေးက လေးထောင့်ကွက်လေး ကိုတော့ အမှန်ခြစ်လေး ထည့်လိုက်ပါ။ paypal နေရာမှာ မိမိမှာ paypal account ရှိရင် ထည့်ပါ။ မရှိရင် မိမိရဲ့ အီးမေးကိုသာ ဖြည့်လိုက်ပါ။ paypal လုပ်နည်းကိုလည်း သီးသန့် တင်ပေးပါမည်။

ပြီးရင် အီးမေးကို verification code ပို့ပေးလိမ့်မည်။ အဲသည်ကုတ်ပေးတဲ့အီးမေးမှာ လင့်တစ်ခါတည်းထည့်ပေးလိုက်သည်။ အဲသည်လင့်ကိုနှိပ်ပါ။ အဲသည်မှာ ကုတ်တွေကို တစ်ချို့ဆိုက်တွေက တစ်ခါတည်း ထည့်ပေးထားသည်။ တစ်ချို့ဆိုက်တွေကတော့ ကူးယူပြီးမှ ပြန်လည်ထည့်သွင်းရသည်။ ထိုသို့ verify လုပ်ပြီးသည့်အခါ… စောစောက log in ၀င်ဖို့အတွက် ဖြည့်ထားတဲ့ user name .. နဲ့ password တို့ကို မှန်ကန်အောင်ဖြည့်စွက်ပါ။ များသောအားဖြင့်  log in ၀င်သည့်အခါ image verification ပေးထားတတ်ကြသည်။ မှန်ကန်အောင် ဖြည့်စွက်၍ ၀င်ပါ။ ဖတ်ရခက်နေရင် အဲသည် image ပေါ်ကို မောက်စ်လေးထောက်ပြီးကလစ်လိုက်ပါ။ ပုံပြောင်းသွားမည်။ ဖတ်ရ လွယ်ကူသည့်အခါ ကုတ်ကို ရိုက်ထည့်လိုက်ပါ။ log in ၀င်သွားပြီဆိုရင် ကြော်ငြာတွေကို ကလစ်ခြင်း စပါမည်။ ကြော်ငြာကလစ်ဖို့   earn money သို့မဟုတ် view Ads ဆိုတာကို ရှာပါ။ အဲသည်မှာ View Ads ကို ကလစ်ပါ။
အောက်က ပြထားသည့်ပုံအတိုင်းသာ လုပ်ပါ။

အပေါ်က အပြာရောင်ဘားတန်းလေးက စာလုံးလေးကို နှိပ်မည်။
ဝက်ဆိုက်တစ်ခု အသစ်ပေါ်လာမည်။ ခနစောင့်ပါ။ အစိမ်းရောင်ဘားတန်းလေး တက်လာမည်။ wait please ပေါ်၍ အဆုံးမှာ  ပုံသေးသေးလေးတွေ ခြောက်ခု ပေါ်လာမည်။ အချို့ဆိုက်တွေက သုံးခုပါ။  အဲသည်မှာ ဇောက်ထိုးဖြစ်နေတာလေးကို ရွေးပါလို့ပြောထားသည်။ အဲသည်ဇောက်ထိုးဖြစ်နေတာကို ရွေးပြီးကလစ်လိုက်ပါ။ အချို့ဆိုက်တွေက ကြောင် ကိုနှိပ်ပါဆို ကြောင်ကို ရွေးလိုက်ပါ။ နှိပ်ပြီးသောအခါ ခနစောင့်ပါ။ thank you for watching ဆိုပြီး အမှန်ခြစ်လေး ပေါ်လာမည်။ သို့မဟုတ် စာတခုခုပေါ်လာမည်။ ပေါ်လာသည့်စာသည် အဆင်ပြေသည် မပြေဘူးဆိုတာ ပြောခြင်းဖြစ်ပါသည်။ မပြေရင် ပြန်နှိပ်ပါ။
အဲလိုကလစ်တဲ့အခါမှာ လောဘကြီးပြီး မြန်မြန်ပြီးအောင်ဆိုပြီး ကြော်ငြာ ၂ ခုလောက် ကို ပြိုင်မနှိပ်ပါနှင့်။ လုံးဝကို အလုပ်မလုပ်ပေးပါဘူး… ဆိုက်တစ်ခုတည်းမှာပြောတာ.. အကယ်၍ ကွန်နက်ရှင်ကောင်းလို့ ဆိုရင်တော့ တစ်ပြိုင်နက် ဆိုက်၂ ခု သုံးခု လောက်ဖွင့်ပြီး လုပ်လို့ရပါသည်။ မည်သို့ပင်ဆိုစေကာမူ ဆိုက်တစ်ခုခြင်းစီအတွက် ကြော်ငြာကို ကလစ်မည်ဆိုပါက တစ်ကြိမ်တစ်ခါတည်းသာ လျှင် ခွင့်ပြုပါသည်။ ထိုတစ်ကြိမ်ကလစ်ပြီးသော်လည်း ထို ကလစ်ပြီးသည့်အခါ thank you for watching မပေါ်မခြင်း ထို ကြော်ငြာကို ပိတ်ပစ်လို့မရပါ။ ထိုစာပေါ်လာပြီး ပိတ်လိုက်လို့ရပါပြီ။ နောက်ထပ် ကြော်ငြာတစ်ခုကို ထပ်ကလစ်ပါ။ အဲဒိ ကြော်ငြာကလစ်ပါဆိုတဲ့ နေရာမှာ ရှိသမျှ ကြော်ငြာအားလုံးကို ကလစ်ရမှာဖြစ်ပါတယ်။
ကြော်ငြာကလစ်ခြင်းအလုပ်သည် ဆိုက်အားလုံး အတူတူပင်ဖြစ်သည်။ ပုံလေးနဲနဲကွာမည်။ ကျန်တာ အကုန်တူသည်။

ကြော်ငြာတွေ အားလုံကို ကလစ်ပြီးပြီဆိုရင်တော့
Grid ကို ရွေးရမှာဖြစ်ပါတယ်။ ကံစမ်းမဲသဘောမျိုးပေါ့.. အချို့ဆိုက်တွေမှာ မပေးထားပါ။ အချို့ဆိုက်တွေမှာတော့ Grid ကို တစ်နေ့စာ ၂၀ ကြိမ်ကနေ ၃၀ အထိ ဆိုက်ပေါ်မူတည်ပြီး ပေးထားကြပါသည်။ အောက်မှာ ပြထားသည့်ပုံအတိုင်းသာ လုပ်ပါ။ စိတ်တိုင်းကျ ကလစ်နိုင်သည်။ နှိပ်ပြီးသားနေရာကို နှိပ်မရပါ။ သူက ကြော်ငြာတုန်းကလိုပဲ အကွက်တစ်ခုနှိပ်လိုက်တိုင်း နောက်ထပ် ၀င်းဒိုးဘရောစာတစ်ခုပေါ်လာမည်။ ပေါက်ရင် ပေါက်တယ် မပေါက်၇င် မပေါက်ဘူးပြောပါတယ်။ အဲလိုပြောပြီးမှသာလျှင် အဲသည် tab ကို ပိတ်ပါ။ ကော်နက်ရှင် ကောင်းရင်ကောင်းသလို မြန်ဆန်ပါသည်။ သူစာပေါ်လို့ မပြီးမချင်းတော့ ပိတ်မရပါ။ ကြော်ငြာတစ်ခုကလစ်ပြီးတိုင်း နောက်တစ်ခု မလာမီ ပြထားသော ပုံတစ်ပုံကိုပြောင်းပါသည်။ မပြောင်းသေးပါက ခနစောင့်ပါ။ မပြောင်းဘဲ နှိပ်လျှင် အချိန်ကြာခြင်းသာ အဖတ်တင်မည်။

ကဲ..ကြော်ငြာတွေ ကံစမ်းမဲတွေ အကုန်ကြည့်ပြီးပြီဆိုတာနဲ့ ရလာတဲ့ ငွေပမာဏကို ကြည့်ဖို့အတွက် MY ACCOUNT ကိုနှိပ်လိုက်ပါ.. ဘယ်လောက်ရနေပြီဆိုတာ ကို Main balance အနေနဲ့ ပြသမှာ ဖြစ်ပါတယ်။ အဲသည် balance ထဲကငွေက ဘာမှ လုပ်လို့မရပါဘူး… အသက်ဝင်ဖို့အတွက်  purchase balance ထဲသို့ပြောင်းပေးရမှာဖြစ်ပါတယ်။

ပြောင်းနည်းကတော့ မိမိအကောင့် (My account)ကို နှိပ်ပါ။ သို့မဟုတ် summary ကိုနှိပ်လိုက်ပါ။ အဲသည်စာမျက်နှာမှာတော့ main balance ဆိုပြီး မိမိကလစ်ထားသမျှ ၀င်ထားသမျှ amount ကိုပြသထားမှာပါ။ purchase balance မှာတော့ မရှိဘူးဖြစ်နေပါလိမ့်မည်။ အဲသည် purchase balance ဘေးမှာ add funds ဆိုတာလေးကိုတွေ့မယ်။ အဲသည် add funs လေးကိုနှိပ်လိုက်ပါ။
အထူးသတိချပ်ရမှာကတော့…purchase balance ကနေ မိမိ paypal ထဲကို ငွေပြန်ထုတ်မရတဲ့အချက်ပါပဲ။ main balance ထဲကနေသာ ထုတ်ယူခွင့်ရှိပါတယ်။ Paypal ထဲသို့ ငွေထုတ်ယူနည်းကို အောက်မှာ ရှင်းပြထားပါတယ်။

အပေါ်က method အကွက်ထဲမှာ account balance ကိုရွေးလိုက်ပါ။ အောက်ကအကွက်ထဲမှာ မိမိထည့်ချင်သည့် အတိုင်းတာကို ထည့်ပါ။ ပြီးရင် send ကိုနှိပ်လိုက်ပါ။
မိမိရဲ့ main balance ထဲမှာ ရှိသည်ထက် ကျော်၍သော်လည်းကောင်း… ဆိုက်က သတ်မှတ်ထားသည့် အနဲဆုံး (ဥပမာ $ 0.1) မည်မျှ ဖြစ်မှ ထည့်ရမည်ဆိုသည်ကိုလည်းကောင်း မပြည့်မီပါက ထည့်၍ မရပါ။ ထိုနည်းတူ မိမိpaypal account ရှိရင် အဲသည်အကောင့်ထဲကနေလည်း တိုက်ရိုက် လှမ်းထည့်လို့ရပါသည်။ ထို့အတွက် method ဆိုတဲ့အကွက်ထဲမှာ account balance အစား down arrow လေးကတစ်ဆင့် paypal အကောင့်ကို ရွေးပေးရမှာဖြစ်ပါတယ်။ ထို့နောက် သတ်မှတ်ထားသည်ထက် ပို၍ မိမိစိတ်တိုင်းကျလည်း ထပ်ထည့်လို့ရပါသည်။ (ဒါက ကိုယ်ပိုင်ငွေကို ပြန်ထည့်သုံးခြင်း) သို့ပေသည့် မိမိသိပ်မင်္သကာရင်တော့ ထည့်မသုံးနဲ့ပေါ့.. ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မှာပဲဆိုရင်တော့ အနဲဆုံး 1$ ပြည့်အောင်တော့ ကြော်ငြာတွေကို ကလစ်ရဦးမှာပါ။
အဲလိုပြောင်းပေးဖို့အတွက် အနဲဆုံး main balance မှာ 1$ ရဖို့လိုပါမယ်..ဒါကလဲ အလွန်ဆုံး 7 ရက် လောက်ပဲ ပုံမှန်ကလစ်တာနဲ့ တစ်ဒေါ်လာတန်းရလာမှာပါ.ငွေတက်တာ ၀င်တာ မြန်ချင်ရင်တော့ referral တွေရဲ့ အကူညီလိုတာပေါ့.. Referral မှာ direct referral (DR) နဲ့ Rent referral ဆိုပြီး ၂ မျိုး၂စားရှိပါတယ်။
ဘယ် Website မှာဘဲ ငွေရှာရှာ ရှယ်ယာ ဆိုတာ နှစ်မျိုးဘဲရှိပါတယ် Direct Referral Share နဲ့ Rental Referral Share ဆိုပြီးနှစ်မျိုးရှိပါတယ်ဗျ။
ကိုယ့်ရဲ့ Share Link ကိုထုတ်တဲ့ နည်းလေး ကိုတော့ အောက်မှာ သက်ဆိုင်ရာအခန်းမှာ သင်ပြပေးသွားပါ့မယ်။ အိုကေ ဒါဆိုရင် Direct Referral Share ဆိုတာ ဘာမှန်း သိပါပြီ။
အခု Rental Referral Share အကြောင်းကိုပြောပါ့မယ်... အဲကောင်က ကိုယ်ကြော်ငြာ Click လုပ်လိုက်လို့ရလာတဲ့ ငွေထဲကနေ၀ယ်ရမှာဖြစ်ပါတယ်..လူမဟုတ်ပါဘူးသူ့ဘာသာ Auto အလုပ်လုပ် ပေးတဲ့ Share ဖြစ်ပါတယ်... ဥပမာ မိမိမှာ 1$ ရပြီဆိုရင် Share ငါးခု စ၀ယ်လို့ရပါပြီ...ကြော်ငြာကလစ်တယ်..ရလာတဲ့ ပိုက်ဆံကို ရှယ်ယာဝယ်တယ်..ဒါကိုတော့ Rental Referral Share လို့ခေါ်ပါတယ်... အဲလို rent referral တွေရှိတော့ ငွေပိုတက်တာပေါ့.. ၅ ယောက်ကို တစ်ဒေါ်လာ ကျတယ်။ ၁၀ ယောက်ဆို ၂ ဒေါ်လာပေါ့.. အငှားများများရလေလေ ငွေပိုများများတက်လေလေပါပဲ။ တိုက်ရိုက်လည်း ထိုနည်းတူစွာပေါ့ဗျာ.. ဒါပေမယ့် နဲနဲတော့ ကွာတယ်။ တိုက်ရိုက်ကတော့ မိမိမိတ်ဆွေလုပ်သမျှတွေကို % တစ်ခုအနေနဲ့ ကိုယ်က ရရှိတာပေါ့.. ဒါပေမယ့် အဲဒိ DR အတွက်တော့ ထိခိုက်မှု ဆုံးရှုံးနစ်နာမှု မရှိပါဘူးခင်ဗျာ..
ကဲ.Purchase Balance ထဲမှာငွေရောက်လာပြီဆိုတော့  ရှယ်ယာဝယ်တဲ့လုပ်ငန်းစပါတော့မယ်... အောက်ပုံ မယ်ပြထားတဲ့အတိုင်း Rent More Referrals ကိုနှိပ်ပါ... 5 Referrals share ကို 1$ သတ်မှတ် ထားတာ ရှိပါတယ်.. ရွေးလိုက်ပါ..မိမိမှာငွေများရင်များသလို တိုးဝယ်လို့ရပါတယ်.. လောလောဆယ်တော့တစ်ဒေါ်လာကို ရှယ်ယာ 5 ခုတန် ဘဲဝယ်မှာပါ... ပြီးတာနဲ့ Rent Now! ကိုနှိပ်လိုက်ပါ...

အောက်ကပုံအတိုင်း Rented Referrals: မှာရှယ်ယာ ငါးခု ၀င်လာတာကိုတွေ့ရပါလိမ့်မယ်ခင်ဗျား

ပြီးတဲ့အခါ ဘယ်ဘက်ဘေးမှာရှိနေတဲ့ Rented Referrals နှိပ်ဝင်လိုက်ပါက...အောက်က ပုံအတိုင်းပေါ်လာပါ့မယ်...
(မည်သည့်ငွေရှာတဲ့ဆိုဒ်မှာမဆို AutoPay ကို Enable လုပ်ဖို့မမေ့ကြပါနဲ့ disable ဖြစ်နေတာကို click hear to change it ဆိုတာလေးကို mouse click လိုက်ရင် enable ဖြစ်သွားတာပါပဲ)
rent referral ၀ယ်ဖို့ဆိုတာကလည်း  တစ်နေ့ကို တစ်ခါပဲ ၀ယ်ခွင့်ရတဲ့ဆိုက်လည်းရှိသလို အကြိမ်ကြိမ် ၀ယ်ခွင့်ရတဲ့ဆိုက်လဲရှိပါတယ်။

( ထပ်ပြောပါဦးမယ် ဘယ် ငွေရှာတဲ့ဆိုဒ်မှာမဆို AutoPay ကို Enable လုပ်ဖို့မမေ့ပါနဲ့ )
Rent referral အနေနဲ့က သူက အငှားသဘောဖြစ်တဲ့အတွက် Rented Referrals မှာအား နည်းချက်တစ်ခုကတော့ရှိတယ်.. ဒါကလဲ သူ့စည်းမျဉ်း ပါပဲ.ဘာလဲဆိုတော့...သူက တစ်လ မခံလို့ပါ ..တစ်လပြည့်တာနဲ့ ရှယ်ယာတွေက ပျောက်ကုန်ပါတယ်.. ကဲမပျောက်အောင် ဘယ်နှုယ်လုပ်မလဲ...
ဒီတော့ မပျောက်အောင်ဘယ်လို လုပ်မလဲ.. Recycle လုပ်ပါ့မယ်..ဘယ်လို Recycle လုပ်မှာလဲ  ?အောက်က ပုံကို ထပ်ကြည့်လိုက်ပါ..

ပုံမှာပြထားတဲ့အတိုင်း အောက်ဆုံးက I want to keep them for 30 more days.  အောက်က . do it ကို နှိပ်လိုက်ပါ။ မိန်းအကောင့်ထဲက ငွေ ဘယ်လောက် ဖြတ်မယ်ဆိုတာ အစိမ်းရောင်လေးနဲ့ရေးထားပါတယ်။ တန်ပါတယ် ၀ယ်လိုက်ပါ။ သူတို့လုပ်အားနဲ့တစ်လကို ငွေ ၂ ကျပ် မကပါဘူး ၀င်ငွေရှိပါတယ်။
နောက်ထပ် Direct Referral Share ဆိုတာကတော့ ကိုယ့်ရဲ့ Share Link မှာ အခြားသူတွေကို စိတ်ဝင်စားအောင်ပြောပြပြီး Member ၀င်ခိုင်းတာဘဲဖြစ်ပါတယ်ခင်ဗျ.
Direct Referralဆိုတာကိုရှင်းပါမယ်..
ဘယ်လိုလဲဆိုတော့.. သူငယ်ချင်းရေ ငါကတော့ ဒီဆိုဒ်မှာလုပ်နေတယ်..ငွေတွေသိပ်ရသကွာ.. ထော်လာဂျီတောင် ၀ယ်စီးနေပြီကွ..မင်းလဲ လုပ်သင့်တယ်ကွ... မင်းလုပ်ချင်တယ်ဆိုရင် ငါကူညီပေး မယ်..ရော့ရော့..ဟောဒီက ငါပေးတဲ့ Link မှာ Member ၀င်လိုက်..ပြီးရင် ငါပြောတဲ့နည်း တွေအတိုင်း လုပ်ပေတော့ကွာ... ကိုယ့်ရဲ့ သူငယ်ချင်းက ကိုယ်ရဲ့ Share Link မှာမန်ဘာဝင်ပြီး အလုပ်လုပ်တာနဲ့ သူငယ်ချင်းဆီက $0.0200 ကို ကိုယ်က ရှယ်ယာအမြတ်အနေနဲ့ရရှိမှာဖြစ်ပါတယ်.. သူငယ်ချင်းကို တော့ ဘာမှမထိခိုက်ဘူးနော်..သူဘာသာ Company ကထပ်ဆောင်းပေးတဲ့ငွေပါ။ အိုကေ ဒါကို Direct Referral Shareလို့ခေါ်တာပေါ့ဗျာ
Direct Referrals ရှာမယ်.. Rented Referrals အတွက်ပိုက်ဆံရှိရင် ၀ယ်မယ်... လကုန်ခါနီးတုန်း Expire ဖြစ်တော့မယ်ကောင်တွေကို အသက်ပြန်ဖြည့်သွားမယ်.. ဒီလိုနည်းနဲ့ဘဲ တဖြည်းဖြည်း လုပ်သွားပါ လေးငါးလအတွင်း မိတ်ဆွေဟာ တစ်နေ့ကို 3$ နီးပါး လောက်ရနေတဲ့သူ ဖြစ်နေပါလိမ့်မယ်.. အသေအချာပါ သို့ပေမယ့် မိမိ Share တွေရှာရင်ရှာနိုင်သလို.၀ယ်ရင်ဝယ်နိုင်သလို ပိုက်ဆံအတက်အကျ ကွာခြားပါသေးတယ်နော့်... ကဲ ဒါလောက်ဆိုရင် ဘယ်လိုထိန်းညှိရမလဲ တွေးမိကြမှာပါ..တွေးလဲတွေးကြပါ... ဒါလောက်ဆိုရင် Direct Referralနဲ့ Rental Referral ဆိုတာ ဘာကွာလဲသိကြပါပြီနော်...
အိုကေ........ မိမိဆီမှာ မန်ဘာဝင်စေဖို့အတွက် Direct Referrals Link ထုတ်နည်းလေးပြောပါဦးမယ်.. အောက်ကပုံကိုကြည့်ပါ။
My account detail သို့မဟုတ် အချို့ဆိုက်တွေမှာ banner ဆိုတာရှိပါတယ်။ အဲဒါကိုနှိပ်လိုက်ပါ။
အနီးကွင်းခတ်ပြထားတဲ့ Link ကို မိမိမန်ဘာဝင်စေချင်သူတွေဆီ ကူးပေးလိုက်ပါ..ဒါ မိမိရဲ့ Direct Referral Share Link ပါ၊ အဲသည်လိုလုပ်တော့ မိမိနာမည်နဲ့ မန်ဘာဝင်သူတွေဆီက % တစ်ခုကို သူတို့အလုပ်လုပ်တိုင်း ကိုယ်က ရနေတော့တာပါပဲ..
အဲလိုရဖို့အတွက် ယခု အုပ်စုဖွဲ့ပြီး လုပ်နေခြင်းဖြစ်ပါတယ်။
ဥပမာ.. A အုပ်စုမှာ လူငါးယောက်...ရှိမယ်.. အဲသည်လူငါးယောက်က A အုပ်စုပိုင်ရှင်နာမည်နဲ့ ၀င်မယ်.. ဒါဆို ငါးယောက်အလုပ်လုပ်မျှ $ 0.02 ဟာ A ရဲ့ မူလ အကောင့်ဆီကို ၀င်နေမှာပါ။ အိုကေ အဲဒိ ငါးယောက်ထဲကနေပဲ.. နောက်ထပ် တစ်နေရာမှာ ငါးယောက် ထပ်ဝင်မယ်.. အဲလိုပဲ C , D, E အားလုံးကို တစ်ယောက်ချင်းစီ ရဲ့ ခေါင်းစဉ် (လင့်) အောက်ကနေ ၀င်သွားမယ်ဆိုရင် အကောင့်ငါးခု အလုပ်လုပ်တဲ့ ဆိုက်နေရာ ငါးခု  အကုန်လုံးပတ်လည် ၀င်နေမှာ ဖြစ်ပါတယ်ခင်ဗျာ။ အဲသည်နည်းကို အသုံးပြုချင်လို့ ယခုလို အုပ်စုလေး ဖွဲ့ပေးခြင်းပဲ ဖြစ်ပါတယ်။ ကြော်ငြာ နဲသည်များသည် ၀င်ငွေ နဲသည်များသည်ကတော့ မိမိတို့ ငါးယောက် ကံ ပဲ ဖြစ်ပါတယ်ခင်ဗျာ။.. ကံကို မူတည်ပြီး ငါးယောက် မိမိက ဘယ်အကောင့်မှာ မိန်းအဖြစ်ရမရ ဆိုတာကို မဲနှိုက်လိုက်ပါ။ ဒါဆို အဆင်ပြေမယ်လို့ ထင်ပါတယ်။

ပြီးတော့ အခြားဝင်ငွေရနည်းတွေကိုလည်း လုပ်ကိုင်ကြပါဦး။
မည်သည့်ဆိုက်တွင်မဆို Micro Jobs ဆိုတာတွေ့ပါမယ်. မတွေ့ရင်လည်းတွေ့အောင်ရှာဗျာ.. အပေါ်ဘားတန်းမှာ မရှိရင် ဘယ်ဘက်ဘေးမှာရှိမယ်. အဲဒါမှ မရှိရင် drop down menu အောက်မှာရှိနေလိမ့်မယ်။ အပေါ်ပုံအတိုင်းမြင်ရပါ့မယ်.. အဲဒီမှာ ကြော်ငြာလေးတွေ တွေ့ပါလိမ့်မယ်..
အောက်ကပုံကိုဆက်ကြည့်ပါ။

ကြော်ငြာတစ်ခုကို ဈေးနှုန်းသတ်မှတ်ထားတယ်..$0.75 သို့မဟုတ် amount တစ်ခုခုပေါ့.. သူ့တန်ရာ တန်ကြေးရှိတယ်..အဲဒီ တန်ကြေးက ကြော်ငြာတစ်ခုကို ကလစ်လိုက်ပါ..ပြီးရင် သူညွှန်ကြားတဲ့ အတိုင်းလုပ်ပါ.. ဥပမာ..ကြော်ငြာတစ်ခုကို ကလစ်လိုက်တာ နဲ့ အဲဒီကြော်ငြာမှာအလုပ်ရှိပါတယ်..ဥပမာထပ်ပြောရမယ်ဆိုရင် သူ့ဆီမှာ မန်ဘာဝင်ပါ... သူခိုင်းတဲ့အလုပ်ကို တစ်ပတ်အတိအကျနေ့တိုင်းလုပ်ပေးပါလုပ်ရင် 0.75$ ပေးပါ့မယ်ဆိုပြီးကမ်းလှမ်းတာပါ ကိုယ်က သူခိုင်းတဲ့အတိုင်း အတိအကျလုပ်ပေးပြီး ရက်ပြည့်တာနဲ့ ကိုယ့်ရဲ့ Balance ထဲကို0.75$ ၀င်လာပါပြီ..ကဲ ကလိကြည့်ပါ........... အိုကေ ငွေရမယ့်နည်းလမ်းတွေပြောပြီးပြီဆိုတော့ ထုတ်တဲ့နည်းလမ်းလဲပြောပါ့မယ်။ ငွေထုတ်ဖို့ကတော့ Main Balance ထဲက ငွေကိုထုတ်ရမှာဖြစ်ပါတယ်.. ဥပမာ မိမိရဲ့ Main Balance ထဲမှာ 5$  ရှိပြီဆိုပါစို့ မိမိရဲ့ PayPal  Account ထဲသို့ထုတ်လို့ရပါပြီ..
မည်သည့်ဆိုက်တွင်မဆို မိမိ main account ထဲကနေ paypal ကို ထုတ်ဖို့အတွက် Cash Out ဆိုတာ ရှိပါတယ်။ အဲသည် cash out ကိုနှိပ်ဖို့ရာအတွက် မိမိမှာ အနဲဆုံး ဘယ်လောက်ရှိရမယ် ဆိုတာနဲ့ တစ်ကြိမ်ထုတ်တိုင်း ဘယ်လောက်အထိ ဆိုတဲ့ အကန့်သတ်တော့ရှိကြပါတယ်။ သူတို့ခွင့်ပြုသလောက် ထုတ်ယူနိုင်ပါတယ်။ အောက်ကပုံကိုကြည့်ပါ..

Main Balance ထဲမှာ ငါးဒေါ်လာရပြီဆိုတာနဲက မြှားပြထားတဲ့ Cash Out ကိုနှိပ်ပါ..ပြီးတာနဲ့ မိမိရဲ့ PayPal Account ကိုရွေးချယ်ပြီး Withdraw Or Send နှိပ်လိုက်တာနဲ့ ချက်ချင်း လက်ငင်းကို မိမိရဲ့ PayPal Account ထဲသို့ ရွှစ်ခနဲ ၀ှစ်ခနဲ တန်းကိုရောက်လာပါတယ်ဗျာ...... :D အောက်က ပုံကတော့ ငွေလွှဲပြီးကြောင်း ပြတဲ့ပုံပါ....

အထူး သတိပေးချင်တာကတော့ ကွန်ပျူတာတစ်လုံးမှာ တူညီတဲ့ အကောင့်နှစ်ခုကို firefox, chrom စသည်တို့မှာ တစ်ပြိုင်နက် ဖွင့်မသုံးလိုက်ပါနဲ့ ချက်ချင်း အဘန်းခံရပါတယ်.. မတူညီတဲ့ ငွေရှာဆိုဒ်များကိုတော့ သုံးလို့ရပါတယ်
ငွေရှာတဲ့ဆိုဒ်တွေကို ဖုန်းမှာလုပ်တယ်..လုံးဝမလုပ်ကြပါနဲ့... သူရဲ့ Team And Services မှာကိုက ဖုန်းကနေမလုပ်ရပါဘူးလို့သတ်မှတ်ထားပါတယ်. နောက်ဆုံးတစ်ခု..တစ်ချို့က ငွေရှာတဲ့ဆိုဒ်ကို အင်တာနက် ဆိုင်မယ် သွားသုံးတယ်မလုပ်ပါနဲ့. ကိုယ်ပိုင်အင်တာနက် တစ်လိုင်းတည်းမှာဘဲသုံးရမှာဖြစ်သလို.. ကိုယ့်ရဲကိုယ်ပိုင် ကွန်ပျူတာတစ်လုံးမှာဘဲသုံးပါ...နောက်တစ်ခုက Firefox မှာပဲ ဖွင့်ပြီးငွေရှာနေတယ်ဆိုရင် Firefox ကိုဘဲအတည်အကျသုံးပါ..Firefox မှာ ဖွင့်ထားပြီး Chrome , Mathon , Opera အဲလို Browser တွေမှာပြောင်းသုံးလိုက်လို့ကတော့ ဘိုင့်ဘိုင် Suspended ဖြစ်သွားမှာပါခင်မျာ.. ကဲ...စည်းမျဉ်း လေးတွေကို လိုက်နာပါ...အလွန်ဆုံးလုပ်ရ ငါးလပါ..အဲတောအတွင်း တော်တော်လေးကို အဆင်ပြေလာတာ တွေ့ရမှာပါ  အားပေးမှုကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ :
အောက်က ပုံလေးတွေကိုနှိပ်ပြီး မန်ဘာဝင်လို့ရပါသည်။
အခက်ခဲရှိပါက ကွန်မင့်မှာ မေးထားပါ။ အကုန်ကူညီဖြေကြားပေးမည်ဖြစ်ပါသည်။
အီးမေးအကောင့်ဖောက်ရန်အတွက် အခက်ခဲရှိပါကလည်း ကျွန်တော်တို့ ကူညီဆောင်ရွက်ပေးပါမည်။

outbux
Drclix
 Thebux

 Naidbux

 Outbux

 Ukabux

 Goldenclix

 Clixsense

 MyAdsclick

Croclix

 Ojoo

 Neobux

PTCR

Cash travel

ဦးခေါင်းတစ်လုံးနှင့် ၀က်နှစ်ကောင်မြိတ်မြို့ဉ် ပေါက်ဖွား

ဦးခေါင်းတစ်လုံးနှင့် ၀က်နှစ်ကောင်မြိတ်မြို့ ၌ ပေါက်ဖွား


မြိတ်မြို့ မြိတ်တောင်နယ်မြေ ဘုရားကိုင်ရပ် မီးသွေးဖောင်းတောင်ပေါ် စိန်ပန်းပြာလမ်း ဒေါ်နီကွေးနှင့် ဒေါ်သန်းနုတို့ မွေးမြူထားသော ၀က်ခြံမှ ၀က်မကြီးတစ်ကောင်မှာ နိုဝင်ဘာ ၂၃ ရက် ညတွင် သားပေါက် ကိုးကောင်ပေါက်ဖွားရာ အထီး ခုနစ်ကာင် အမနှစ်ကောင် ပါရှီိခဲ့သည်။

အဆိုပါ ၀က်သားပေါက်များတွင် ဦးနှောက်ပွင့်လျက် ဦးခေါင်းတစ်လုံးတွင် ရင်ချင်းဆက်၊ ခြေလက်အစုံပါသော ၀က်နှစ်ကောင် ပေါက်ဖွားခဲ့သည်။

၎င်းဦးခေါင်းတစ်လုံးနှင့် ရင်ချင်းဆက်လျက် ပေါက်ဖွားလာသော ၀က်နှစ်ကောင်မှာ နာရီဝက်ခန့်သာ အသက်ရှင်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း၊ ယခုကဲ့သို့ ပေါက်ဖွားသည်ကို တစ်ခါမှ မကြုံတွေ့ ခဲ့ရကြောင်း ၀က်ပိုင်ရှင်များက ပြောကြားခဲ့သည်။

ရိုက်ကူးပေးပို့သူ - ခိုင်ထူး


ကိုမျိုကြီး ဘလော့မှ ကူးယူတင်ပြပါသည်။ ။

03 November, 2013

ကောသလ မင်းကြီး အိမ်မက် ၁၆ချက် ပါ

အမေး ၁။
နွားနက် လေးကောင်ဟာ ဝှေ့မယ်ဟန်ပြင်ပြီး အရပ်လေးမျက်နှာက မင်းရင်ပြင်ကို ရောက်လာတယ်။ နွားဝှေ့တာကြည့်မယ်ဆိုပြီး လူတွေလာတော့ နွားတွေက ဝှေ့မယ် ဟန်ပြပြီး မဝှေ့ဘဲ အော်ဟစ်ကြုံးဝါးကာ ပြန်ထွက်သွား ကြတယ်။
 အဖြေ ၁။
နောင်အခါ တရားမရှိတဲ့ မင်းဆင်းရဲတွေနဲ့ တရားမရှိတဲ့ လူတွေရဲ့လက်ထက်မှာ လောက ပြောင်းပြန်ဖြစ်တဲ့အခါမှာ ကုသိုလ်နည်းပြီး အကုသိုလ်များလာတဲ့အခါမှာ လောကပျက်စီး ဆုတ်ယုတ်လာတဲ့အခါမှာ မိုးကောင်းကောင်း မရွာဘဲဖြစ်လိမ့်မယ်။ ကောက်ပင်တွေ ညှိုးလိမ့်မယ်။ အစား အစာရှားပါးလိမ့်မယ်။ မိုးက ရွာမလိုလိုနဲ့ အရပ်လေးမျက်နှာကနေ အုံ့ဆိုင်းလာလိမ့်မယ်။ အဲဒီအခါ လူတွေအားလုံးက ကောက်ပဲသီးနှံတွေ စိုက်ပျိုးဖို့ အစွမ်းကုန် ပြင်ဆင်ပါလိမ့်မယ်။ ဒါပေမယ့် မိုးက ခြိမ်းရုံ ခြိမ်းပြီ မရွာဘဲ သွားလိမ့်မယ်။
အမေး ၂။
သစ်ပင်ငယ် ခြုံငယ်တွေက ပေါက်လာပြီး တစ်ထွာတစ်တောင်လောက်မှ မမြင့်သေးဘဲနဲ့ သီးပွင့်ကြတယ်။ အဖြေ ၂ ။
နောင်အခါ သတ္တ၀ါတွေဟာ ရာဂကြီးလိမ့်မယ်။ မိန်းမတွေဟာ အရွယ်မရောက်ခင်မှာပဲ ယောကျာ်းတွေနဲ့ သွားလာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးတွေရလိမ့်မယ်။
အမေး ၃။
နွားမတွေက သူမွေးဖွားပြီးခါစ နွားငယ်လေးရဲ့ နို့ကို စို့နေတယ်။
အဖြေ ၃။
နောက်နောင် လူတွေဟာ အရှက်တွေ မဲ့လာပြီး မိဘကို ရိုသေရမှန်း မသိဖြစ်လာလိမ့်မယ်။ မိဘတွေဟာ ခိုကိုးရာ မဲ့လိမ့်မယ်။
အမေး ၄။
အားကောင်းတဲ့နွားတွေကို လှည်းတပ်ပြီး ၀န်မသယ်ခိုင်းပဲ နွားငယ်လေးတွေကို လှည်းတပ်ပြီး ၀န်တွေ သယ်ခိုင်းနေတယ်။ နွားငယ်တွေကလည်း မရုန်းဘူး
အဖြေ ၄။
နောင်အခါ တရားမရှိတဲ့ မင်းတွေက ပညာတတ်အမတ်တွေကို ဘေးဖယ်ထားပြီး အလွန်ငယ်တဲ့သူတွေကိုသာ ချီးမြှောက်လိမ့်မယ်။ လူငယ်တွေကလည်း နိုင်ငံ့တာဝန်ကို မထမ်းဆောင်နိုင်ပဲ ဖြစ်နေပါလိမ့်မယ်။
အမေး ၅။
မျက်နှာနှစ်ဖက်ပါတဲ့ မြင်းကို နှစ်ဖက်စလုံးက အစာကျွေးနေတယ်။ မြင်းကလည်း နှစ်ဖက်လုံးက အစာကို စားတယ်။
အဖြေ ၅။
နောင်အခါ တရားမရှိတဲ့ မင်းမိုက်တွေ အုပ်ချုပ်တဲ့အခါ တရားကို သူတို့အလိုအတိုင်းပြုမူလိမ့်မယ်။ တရားတဘောင်ကို လာဘ်နှစ်ဖက်စားပြီး ဆုံးဖြတ်လိမ့်မယ်။
အမေး ၆။
လူတွေက တစ်သိန်းတန်ရွှေခွက်ကို သန့်နေအောင်လုပ်ပြီး မျောက်ကို ကျင်ငယ်စွန့် (သေးပေါက်) ထည့်ခိုင်းတယ်။
အဖြေ ၆။
နောင်အခါ အမျိုးယုတ်တဲ့မင်းတွေက အုပ်ချုပ်လိမ့်မယ်။ အဲဒီအခါ ချမ်းသာကြွယ်ဝသူများက မင်းလိုလိုက် မင်းကြိုက်ဆောင်ပြီး မတန်တဆလာဘ်လာဘတွေ ထိုးသိပ်ရမယ်။
အမေး ၇။
လူတစ်ယောက်ကကွပ်ပျစ်မှာနေပြီး ကြိုးကျစ်နေတယ်။ ကြိုးအဆုံးပိုင်းကို အောက်ချတဲ့အခါ အောက်ကေ***က သူ့ကြိုးကို စားနေတယ်။
အဖြေ ၇။
နောင်အခါ ယောကျာ်းတွေက ပင်ပင်ပန်းပန်းရှာထားတာတွေကို မိန်းမတွေက အဆင်တန်ဆာ ၀တ်ဆင်ဖို့ ကြွားဝါဖို့ လောလည်ဖို့အတွက် အသုံးပြုလိမ့်မယ်။ အလုပ်လုပ်တဲ့ ယောကျာ်းရဲ့ နောက်ကွယ်မှာ လင်ငယ်နဲ့ ဖောက်ပြားလိမ့်မယ်။ လင်ကြီးရှာသမျှ လင်ငယ်အတွက် ဖြစ်လိမ့်မယ်။
အမေး ၈။
မင်းရင်ပြင်မှာ ရေမရှိတဲ့အိုးတွေ အများကြီးရံထားတဲ့ ရေပြည့်အိုး တစ်အိုးရှိတယ်။ လူတွေက ရေပြည့်အိုးထဲကိုပဲ ရေထပ်လောင်းထည့်နေကြတယ်။
အဖြေ ၈။
နောင်အခါ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေဟာ ဆင်းရဲလိမ့်မယ်။ အဲဒီအခါ တိုင်းသူပြည်သားတွေကို နှိပ်စက်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်ခိုင်းလိမ့်မယ်။
အမေး ၉။
ရေကန်တစ်ကန်ရှိတယ်။ လေးဘက်လေးတန်က သတ္တ၀ါတွေ အကုန်လုံး ရေလာသောက်ပေမယ့် ရေက မနောက်ဘူး
အဖြေ ၉။
နောင်အခါ မင်းတွေက တရားတဘောင်မရှိ အုပ်ချုပ်လိမ့်မယ်။ လာဘ်လာဘ စားမယ်။ အခွန်အတုတ်ကို မတရားကောက်ခံမယ်။ လူတွေကို နှိပ်စက်မယ်။ လူတွေကလည်း တရားမရှိဖြစ်လာတယ်။ လူတွေက နယ်စွန်နယ်ဖျားတွေမှာ ပိုပြီးသွားရောက်ထိုင်လိမ့်မယ်။
အမေး ၁၀။
ထမင်းအိုးက မာတစ်ဝက်။ တူးတစ်ဝက် ။ မနပ်တစ်ဝက်ဖြစ်နေတယ်။
အဖြေ ၁၀။
နောင်အခါ တရားမရှိတဲ့ မင်းတွေ အုပ်ချုပ်လိမ့်မယ်။ အဲဒီအခါ လက်အောက်ငယ်သား တွေကလည်း တရားမရှိ ဖြစ်လာမယ်။ အဲဒီကစလို့ လူတွေကလည်း တရားမဲ့လိမ့်မယ်။ အဲဒါကြောင့် မိုးကလည်း ရွာချင်တဲ့နေရာရွာ မရွာချင်တဲ့ နေရာ မရွာ ကြီးချင်တဲ့နေရာ ကြီးလိမ့်မယ်။
အမေး ၁၁။
တစ်သိန်းတန် စန္ဒကူး အနှစ်ကို သေရည်နဲ့ လဲသောက်တယ်။
အဖြေ ၁၁။
နောင်အခါ ရဟန်းတွေဟာ တရားတော်ကို ငွေကြေးဖြတ်ပြီး ဟောကြားလိမ့်မယ်။
အမေး ၁၂။
ဘူးခွံတွေက ရေထဲမြုပ်ကုန်တယ်။
 အဖြေ ၁၂။
အမျိုးညံ့တဲ့သူတွေ အရှက်မရှိသူတွေ ကြီးပွားချမ်းသာလာလိမ့်မယ်။ နေရာကောင်းတွေမှာ အမျိုးညံ့သူတွေက အုပ်ချုပ်လိမ့်မယ်။ သီလမရှိသူတွေ ကျော်ကြားလိမ့်မယ်။
အမေး ၁၃။
ကျောက်ဖျာတွေက ရေပေါ်ပေါလောသွားနေတယ်။
အဖြေ ၁၃။
အမျိုးကောင်းသားတွေ ပညာတတ်တွေ အရာမရောက်ဖြစ်လိမ့်မယ်။ သီလစင်ကြယ်သူတွေ နာမည်ပျက်လိမ့်မယ်။
အမေး ၁၄။
အလွန်ငယ်တဲ့ ဖားမတွေက အလွန်ကြီးတဲ့ မြွေဟောက်တွေကို စားသောက် ၀ါးမျိုနေတယ်။
အဖြေ ၁၄။
အလွန်ကြီးတဲ့ ယောကျာ်းတွေက ရာဂအလိုကိုလိုက်ပြီး အလွန်ငယ်တဲ့ မိန်းမကိုယူမိလို့ ဒုက္ခရောက်လိမ့်မယ်။
အမေး ၁၅။
ကျီးတွေကို ရွှေဟင်္သာတွေကို ၀ိုင်းရံခစားနေတယ်
အဖြေ ၁၅။
နောင်အခါ တိုင်းပြည်အုပ်ချုပ်သူဟာ စစ်ပညာမကျွမ်းကျင်လို့ စည်းစိမ်ပျက်စီးမှာ ကြောက်ပြီး လူမိုက်တွေ မွေးရလိမ့်မယ်။ ပြီးတော့ လူမိုက်ကို ဆရာတင်ထားရလိမ့်မယ်။
အမေး ၁၆။
သိုးတွေက ကျားသစ်ကို ကျွတ်ကျွတ်မြည်အောင်ဝါးနေတယ်။ ၀ံပုလွေတွေက အဝေးကနေ သိုးကို ကြောက်လန့်နေရတယ်။
အဖြေ ၁၆။
နောင်အခါ အမျိုးညံ့တဲ့သူ လူမိုက်တွေက တိုင်းနိုင်ငံကို အုပ်ချုပ်လိမ့်မယ်။ သူတို့ လိုချင်တာကို သူတို့ဟာဆိုပြီ မတရား ဆွဲငင်ယူလိမ့်မယ်။

ဘယ်ကိုသွားသွားလမ်းညွန်ပေးမယ့် GPS software (မြန်မာ version) For Android

ဒီကောင်လေးက တော်တော် မိုက်ပါတယ် မြေပုံတွေလည်း အမျိုးမျိုး ပြောင်းကြည့်လို့ရတယ်
ဒီကောင်လေးက Google map ပါ
ဒါကနောက်တမျိုး
ကိုယ်သွားခဲ့တဲ့လမ်းကြောင်းတွေကိုလည်း မှတ်တမ်းနဲ့သိမ်းထားလို့ရပါတယ်



ကျန်တဲ့ဟာတွေက ကိုယ့်ဟာကိုယ်ပဲ လေ့လာရင်းနဲ့ သုံးကြည့်ပါ


ကျွန်တော်အကြိုက်ဆုံး GPS software လေးပါ function တွေတော်တော်စုံစုံလင်လင်လေးပါ ပါတယ် Map တွေကလည်း အများကြီးပဲ တည်နေရာကိုလည်း 98%လောက်တိကျပါတယ်
      လိုချင်သူများ ဒီမှာဒေါင်းပါ ဆက်လက်ကြိးစားပါအုန်းမည်






The world's shortest woman

The World's Shortest Woman: Jyoti Amge from India

ဝိတ်ချနည်း

' ၀ိတ်ချနည်း '
========

လူဝကြီးတစ်ယောက်ဟာ ဝိတ်ချချင်တာကြောင့် ကုမ္ပဏီကို ဖုန်းဆက် လိုက်တယ်။ ကုမ္ပဏီရဲ့အစီအစဉ်တွေကို မေးပြီး (၅) ရက်ကို (၁၀) ပေါင် ဝိတ်ကျစေတဲ့ လေ့ကျင့်ခန်းကိုယူမယ်လို့ ပြောလိုက်တယ်။

နောက်နေ့မနက်မှာတော့...အိမ်တခါးခေါက်သံကြားလို့ သွားဖွင့်ပေးလိုက်တယ်။ ၁၉ နှစ်အရွယ် ချစ်စရာကောင်းတဲ့အား ကစားမယ်လေး တစ်ယောက် ရပ်နေတာ တွေ့တယ်။ ကလေးတစ်ယောက်လို ဝတ်ဆင်ထား ပြီးNike အပြေးလေ့ကျင့်တဲ့ ဖိနပ်တစ်ရံ ဝတ်ဆင်ထားပြီး လည်ပင်းမှာချိတ်ဆွဲထားတဲ့ စာတစ် ကြောင်းလည်းရှိပါတယ်။

မိန်းမငယ်လေးက သူ့ကိုယ်သူ ကုမ္ပဏီက လွှတ်လိုက်တဲ့ ကိုယ်စား လှယ် ဖြစ်ကြောင်းမိတ်ဆက်ပြီး လည်ပင်းက စာကို ဖတ်ပြလိုက်တယ်။

"""ကျွန်မကို မှီအောင်လိုက်နိုင်ရင် ကျွန်မကို ရှင်ပိုင်ပြီ"""

လူဝကြီး သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ဘဲ မှီအောင် အတင်းပြေး လိုက် တော့တယ်။မိုင်အတော်လေး ပြေးပြီးတဲ့နောက် မောဟိုက်လွန်းတာကြောင့် စိတ်မတင်မကျနဲ့ပဲ အရှုံးပေး လိုက်တယ်။

မိန်းမငယ်လေးက နောက်ထပ် လေးရက်စလုံးလည်းဒီလိုပဲ ရောက်လာပြီး
ပြေး ကြတယ်။ ၅ ရက်မြောက်နေ့မှာတော့ ကုမ္ပဏီက ကတိပေးထားတဲ့
အတိုင်း (၁၀) ပေါင် ဝိတ်ကျသွားမှန်းသိလိုက်တယ်။ကျေနပ် စွာပဲ နောက် တစ်နေ့ မှာတော့ ကုမ္ပဏီကို ထပ်ဖုန်းဆက်ပြီး (၅) ရက်ကို ပေါင် (၂၀)ကျတဲ့ လေ့ကျင့်ခန်း ထပ်ယူမယ်လို့ မှာလိုက်တယ်။

နောက်နေ့မနက်မှာ အိမ်တခါးခေါက်လို့ သွားဖွင့်ပေးလိုက်တော့...သူ့ဘဝမှာ သူတွေ့ဖူးသမျှ၊ ကြုံဖူးလာသမျှ အချောဆုံး၊ အလှဆုံးလို့ ထင်ရလောက်တဲ့ အချိုး အစားကျကျမိန်းမပျိုလေး တစ်ယောက် ရပ်နေတာ တွေ့ပြန်တယ်။ Reebok လေ့ကျင့်ဖိနပ် တစ်ရံကလွဲလို့ ဘာမှဝတ်ဆင် မထားဘူး။ လည်ပင်းမှာ စာတန်း တစ်ခုပဲရှိတယ်။ အဲ့ဒါက...

"""ကျွန်မကို မှီအောင်လိုက်နိုင်ရင် ကျွန်မကို ရှင်ပိုင်ပြီ"""

မိန်းမပျိုလေးက ခန္ဓာကိုယ့် အချိုး၊ အစားကအစ ချောမောပြေပြစ်၊ လှလွန်းတာကြောင့် ပိုပြီးကြိုးစားပန်းစား ပြေးလိုက်တာပေါ့။ ဒါပေမယ် ကံမကောင်းစွာပဲ မှီအောင်မလိုက် နိုင်ပြန်ဘူး။ နောက်ထပ်လေးရက်လည်း ဒီလိုပဲ လိုက်ကြ၊ ပြေးကြတာပေါ့ဗျာ။ သူ့ခန္ဓာကိုယ်က ပိုပြီးကြည့် ကောင်းလာတာကလွဲပြီးမှီအောင်တော့ မလိုက်နိုင်ခဲ့ပါဘူး။ (၅) ရက်မြောက်နေ့မှာတော့ သူ့ ကိုယ်သူ ပေါင် (၂၀) လျော့ကျသွားမှန်းသိလိုက်တော့ ဝမ်းမြောက်သွားတယ်။မကျေနပ်သေးဘဲ ကုမ္ပဏီကို နောက်တစ်ခါ ဖုန်းထပ်ဆက်ပြီး (၇) ရက်ကို ပေါင် (၅၀) ကျ စေတဲ့လေ့ကျင့်ခန်းကို မှာလိုက်တယ်။ ကုမ္ပဏီက သေချာအောင် ပြန်မေးတယ်။

"""ခင်ဗျား တစ်ကယ်ပဲ ဒီလေ့ကျင့်ခန်းကို လုပ်ချင်ပါသလား။ ဒီလေ့ကျင့်ခန်းက ကုမ္ပဏီရဲ့အရမ်းတင်းကြပ်ပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းဖြစ်လို့ပါ"""

"""အသေအချာပါပဲ။ ဒီနှစ်တွေမှာ အဲ့ဒီလိုအရသာ မခံစားရတာ ကြာပြီမို့ စမ်းသပ်ကြည့်ချင်ပါသေးတယ်"""

လို့ သူပြန်ပြောလိုက်တယ်။နောက်တစ်နေ့ မနက်မှာတော့ တခါးခေါက်သံ ကြားတာနဲ့ အပြေးလေး သွားဖွင့်ပေးလိုက်ပါ တယ်။

ခန္ဓာကိုယ်က တောင့်တင်း ခိုင်မာပြီး ကြွက်သားတွေနဲ့ ဖုထစ်ထွက်နေတဲ့ လူသန်ကြီး တစ်ယောက်ရပ်နေတာကို တွေ့လိုက်တယ်။ ပန်းရောင်ဖိနပ်တစ်ရံကလွဲပြီး ဘာမှဝတ်မထား ဘူး။ လည်ပင်းမှာတော့စာတစ်ကြောင်း ရေးဆွဲထားတယ်။

"""မင်းကို ငါမှီရင် မင်းဟာ ငါ့အတွက်ပဲ"""

""" ငင် """ ပြေးပြီဟေ့....၀ှစ်..၀ှစ်..၀ှစ်...၀ှီး..၀ှီး..၀ှီး """"

အဲ့ဒီအပတ်မှာတော့ သူ့ကိုယ်သူ ( ၆၃ ) ပေါင် ကျသွားမှန်း သိလိုက်တယ်။
..........................

(ဖတ်ခဲ့ဖူးတဲ့ ဟာသတစ်ပုဒ်ကိုပြန်လည်ဝေမျှလိုက်တာပါ။
ဘယ်သူရေးလည်းတော့မသိတော့ပါဘူး)

copied ဟားဟား ဟီးဟီး ရယ်စေသတည်း

အံ့ဖွယ် အနုပညာလက် ရာ




ငှက်ပျော်သီးဖြင့်ပုံဖော်ထားသော အံ့ဖွယ်အနုပညာလက်ရာ