15 August, 2014

တိုက်တန်းနစ်နောက်ကွယ်တွင်

အရင်ကနာမည်ကြီးခဲ့တဲ့ TITANIC သင်္ဘောကြီးနစ်မြုပ်ခြင်းမှာ လူသိနည်းတဲ့ နောက်ကွယ်ကအကြောင်းရင်းလေးတွေပါ...။
၂၀ရာစုနှစ်စောပိုင်းမှာဖြစ်ပွားခဲ့တဲ့ အရမ်းကိုကျော်ကြားတဲ့အမှုအခင်းတစ်ခုကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ တလောက စိတ်ကူးပေါ်လာမိပါတယ်..။ ထိုအကြောင်းအရာကတော့ တိုက်တန်းနစ်ပါပဲ။ တိုက်တန်းနစ်သင်္ဘောကြီး ဘာကြောင့်မြုပ်နစ်သွားရတာလဲ။ ကမ္ဘာမှာအခမ်းနား အကြီးကျယ်ဆုံးဖြစ်တဲ့ ခရီးသည်တင်ယာဉ်သင်္ဘောကြီးတိုက်တန်းနစ်ဟာ ဘာအကြောင်းကြောင့် ပင်လယ်အောက်ကို ပထမဆုံးခရီးမှာတင် စုံးစုံးမြုပ်ခဲ့ရတာလဲဆိုတာကို သေသေချာချာဆန်းစစ်ကြည့်ကြပါစို့ ။

12 August, 2014

ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း

မိတ်ဆွေတစ်ဦးမှ ပေးပို့လာတဲ့ ဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ အများသိအောင် ပြန်လည်မျှဝေပေး လိုက်ပါတယ်။
ကျနော် အားကစားလုပ်ရင်း ခါးနာတဲ့ ဒဏ်ရာကို ရခဲ့ပါတယ်။ လိမ်းဆေးမျိုးစုံလိမ်းကြည့်ခဲ့တယ်။ အနှိပ်သည်များနဲ့လည်း ကုသခဲ့ပါတယ်။ မပျေက်သေးလို့ အဘကြီးတစ်ယောက်က သူသိထားတဲ့ ဆေးနည်းကို စမ်းကြည့်ဖို့ ပြောလာတာနဲ့ စမ်းကြည့်လိုက်တာ တကယ်လက်တွေ့ ပျောက်ကင်းခဲ့ပါတယ်။
သူငယ်ချင်းတစ်ယောက်ကလည်း ဒူးနာလို့ ဒီဆေးနည်းကို စမ်းကြည့်လိုက်တာ တကယ်ပျောက်သွားလို့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ဒါ့ကြောင့် ဒီဆေးနည်းလေးကို ကျန်းမာရေးသတင်းများကနေ အများသိအောင် မျှဝေပေးစေချင်ပါတယ်။
ဆေးနည်းကတော့-
၁။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။
၂။ ကြက်ဥကို အလုံးလိုက် ထည့်လိုက်ပါ။ (သဘာဝကြက်ဥ၊ တောကြက်ဥ ဆိုလျှင် ပိုကောင်းပါသည်)
၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့ စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။
၎။ ၄င်းသင်္ဘောသီးကို မီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။
၅။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။ သင်္ဘောသီးကိုတော့ စားစရာမလိုပါ။
တစ်ပတ်ကို (၁)ကြိမ်နဲ့ (၃)ပတ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို လက်တွေ့ပျေက်ကင်းနိုင်သည့် သဘာဝကုထုံး ဆေးနည်းလေးမို့  ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို)

ခေါင်းနှစ်လုံးပါ လင်းပိုင်ငယ်တစ်ကောင်အား တူရကီ ကမ်းခြေတစ်ခုတွင် တွေ့ရှိ

ိခေါင်းနှစ်လုံးပါရှိသော လင်းပိုင်ငယ် တစ်ကောင်သည် တူရကီနိုင်ငံ အနောက်ကမ်းရိုးတန်းရှိ အိုင်ဇီမာ ကမ်းခြေ တစ်ခုသို့ သြဂုတ် ၁၁ ရက် က သေဆုံး မျောပါလာသည်ကို ဒေသခံများက တွေ့ရှိခဲ့ရသည်။
အားကစားနည်းပြတစ်ဦးဖြစ်သူ တူဂရူမီတင်က အရှည် ၃ ဒသမ ၂ ပေ နှင့် တစ်နှစ်သားအရွယ်ခန့် အဆိုပါ လင်းပိုင်ငယ် အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။
"လင်းပိုင်တစ်ကောင် ပင်လယ်ထဲမှာ မျောလာတာကို ကြည့်နေတုန်း ကမ်းခြေကို ရောက်လာပါတယ်။ လင်းပိုင်ကို ဒီလို တစ်ကောင် တည်း တွေ့ရတာဟာ ပထမဆုံးမို့လို့ ကျွန်တော့် မျက်လုံးတွေကိုတောင် မယုံခဲ့ပါဘူး" ဟု မီတင်က ပြောကြားသည်။
၎င်းသည် ရဲများ၏ အကူအညီဖြင့် လင်းပိုင်အား ဓာတ်ခွဲခန်းတစ်ခုသို့ သယ်ဆောင်သွားခဲ့သည်။
AK Deniz တက္ကသိုလ်၏ အဏ္ဏ၀ါဇီဝသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ မာမက်ဂိုကိုဂလူက ထူးဆန်းသော လင်းပိုင်ငယ် အား လေ့လာခွင့်ရခြင်းအပေါ် ဂုဏ်ယူမိကြောင်း ပြောကြားသည်။
"ခေါင်းနှစ်လုံးနဲ့ လူတွေကို တွေ့ရခဲသလို ဒီလို လင်းပိုင်မျိုးကိုလည်း တွေ့ရခဲပါတယ်" ဟု ၎င်းက ပြော ကြားသည်။
Ref:Daily Mail
Mizzima - News in Burmese




ကွန်ပျူတာနှင့်မျက်စိ

အခုအချိန်မှာ နည်းပညာပိုင်းဟာအရင်နဲ့စာရင် ပိုပြီးခေတ်မီတိုးတက်လာတဲ့အတွက် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ iPad စတာတွေကို အသုံးများလာကြပါတယ်။ အထူးသဖြင့် လူငယ်၊ လူရွယ်တွေဆိုရင် ရုံးမှာလည်း ကွန်ပျူတာရှေ့ အလုပ်လုပ်၊ အိမ်မှာလည်း ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ iPadသုံး စတာတွေနဲ့ အချိန်ကုန်နေကြတဲ့အတွက် မျက်စိဝေဒနာတွေ အဖြစ်များလာကြပါတယ်။ ဒါကြောင့် ကွန်ပျူတာ အသုံးများသူ တွေမှာ မျက်စိဝေဒနာ ကင်းစင်သက်သာစေဖို့ရာအတွက် သိထားသင့်တဲ့အကြောင်းတွေကို ရန်ကုန်၊ မျက်စိ ဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ၊ ဌာနမှူးဖြစ်သူ ပါမောက္ခ ဦးတင်ဝင်းနဲ့ တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာ အသုံးများတာကြောင့် မျက်စိယားတာ၊ မျက်စိညောင်းညာတာတို့ ဖြစ်တတ်ပါသလား ဆရာ။
ကွန်ပျူတာ အသုံးများလို့ မျက်စိယားတာတော့ မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ အသုံးများတဲ့သူတွေမှာ အများဆုံး ဖြစ်တာက မျက်စိဝန်ပိပြီး ညောင်းတာ(Eye Strain) ပဲဖြစ်ပါတယ်။
မျက်စိညောင်းတာမှာ အဓိက နားလည်ဖို့လိုတာက ကွန်ပျူတာမော်နီတာဆိုတာ မျက်လုံးကကြည့်လိုက်ရင် အပေါင်း ၆၀ ဒီဂရီရှိတဲ့ မှန်ဘီလူးတစ်ခုပဲ။ ဒါကြောင့် မှန်ဘီလူးဆိုတဲ့အတွက် Focus ကျနေဖို့ လိုပါတယ်။ Focus ကျနေရင် ကြည့်လို့ကောင်းတယ်။ ထိုင်ကတည်းက ထိုင်ခုံကိုလိုသလို ရှေ့တိုး နောက်ဆုတ်လုပ်ပြီး ကွန်ပျူတာကို ကြည့်သင့်ပါတယ်။ စာလုံးအရွယ်အစား ကြီးသွားရင် ကြီးသွားသလို၊ စာလုံးအရွယ်အစား သေးရင် သေးသွားသလို၊ အဖြူအမည်းဖြစ်ရင်ဖြစ်သလိုမျိုး အဆင်ပြေအောင် လိုသလို ညှိကြည့်ရမယ်။ ဒါကြောင့် ကွန်ပျူတာနဲ့ တွဲသုံးတဲ့ ထိုင်ခုံတွေက လိုသလို ညှိလို့ရတဲ့ ထိုင်ခုံမျိုးကို ကုမ္ပဏီ အများစုကထားလေ့ ရှိပါတယ်။ အဲဒီလို ထိုင်ခုံမျိုးကိုပဲ ထားသင့်ပါတယ်။
မျက်စိညောင်းတာ မဖြစ်အောင် ကွန်ပျူတာသုံးရင် အချိန်ဘယ်လောက်ကြာကြာ သုံးသင့်ပါသလဲ ဆရာ။
မျက်စိက အဝေးကိုကြည့်ရင် သက်သာပါတယ်။ အနီးကို ကြည့်တဲ့အခါမှာ စုပြီးကြည့်ရတယ်။ မျက်စိက စုကြည့်နိုင်တဲ့ အစွမ်း(Convergence Power)က ၂၀မိနစ်ပဲရှိပါတယ်။ ဒါကြောင့် AAo( American Academy Of Ophthalmology) က စည်းမျဉ်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။၂၀-၂၀-၂၀(၂၀,၂၀,၂၀) ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။ ဆိုလိုတာက အချိန်မိနစ်၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာ ငေးကြည့်ပေးပါလို့ ပြောတာ ဖြစ်ပါတယ်။
ဒီနေရာမှာ မေးစရာရှိတာက ကျွန်တော်သုံးနေတဲ့ ကွန်ပျူတာအခန်းက ငါးပေပဲ ရှိတော့ ဘယ်လိုလုပ်ပြီး ပေ ၂၀အကွာကို ကြည့်ရမလဲ ဆိုပြီး မေးစရာရှိပါတယ်။ အဲဒီလိုဖြစ်နေရင်လည်း အကွာအဝေး ပေ ၂၀ကို ကာထားတဲ့ အုတ်နံရံဖောက်ပြီး မှန်ကြည့်ရပါမယ်။ ကွန်ပျူတာသုံးရင်း မိနစ် ၂၀ကြာတိုင်း ဒီလိုနားပေးတာက တကယ်တမ်းပြောရရင် ကျိုက်ထီးရိုးတောင်ကို တက်သလိုပါပဲ။ တောင်ခြေကနေ အပေါ်ကိုရောက်ဖို့ နားနားပြီး တက်ရသလိုပါပဲ ကွန်ပျူတာသုံးပြီး အလုပ်လုပ်တဲ့အခါမှာလည်း နားနားပြီး လုပ်ပေးရပါမယ်။ ဒါကို Intermittent Relaxationလို့ ခေါ်ပါတယ်။
ကွန်ပျူတာသုံးရင် မျက်စိမညောင်းအောင် တခြားဘယ်လိုနည်းလမ်းနဲ့ ကာကွယ်နိုင်ပါသေးသလဲ ဆရာ။
ဆရာတို့ စာဖတ်တဲ့အခါ စာရွက်ကဘာမှ အလင်းမပြန်ပါဘူး။ ဒါပေမယ့် ကွန်ပျူတာသုံးတဲ့အခါ အလင်းပြန်ပါတယ်။ ဒီလိုအလင်းပြန်တာကြောင့် မျက်စိညောင်းရတဲ့အတွက် အလင်းပြန်တာကို ရှောင်လွှဲနိုင်ဖို့ သင့်တော်တဲ့နေရာမှာ Light Source တစ်ခုကို တပ်ထားပေးရပါမယ်။ ဒါဆိုရင် ကွန်ပျူတာသမားတွေ မျက်စိညောင်းတဲ့ ဒဏ်မရှိနိုင်တော့ပါဘူး။
ကွန်ပျူတာ အသုံးများရာက မျက်စိဝေဒနာရပြီး လာပြတဲ့ လူနာတွေများပါသလားဆရာ။
အခုဆိုရင် ညနေပိုင်းလောက်မှာ လူနာလာပြတဲ့အခါ လက်တော့ပ်အိတ်လေးကိုင်ထားတယ်ဆိုရင် ဒါက ကွန်ပျူတာ အသုံးများပြီး မျက်စိညောင်းလို့ လာပြတယ်ဆိုတာ ဆရာတို့သိပါတယ်။ ဒီလိုအခြေအနေကြောင့် တစ်နေ့ကို လူလေးငါးခြောက်ယောက်လောက်တော့ လာပြလေ့ရှိပါတယ်။
သူတို့က ဘာပြောတတ်သလဲဆိုရင် ' မျက်မှန်တပ်ချင်တယ်' ဆိုတာပဲ ဖြစ်ပါတယ်။ မျက်စိရှေ့မှာ အကာအကွယ် မျက်မှန်လေး တပ်လိုက်ရင် ကွန်ပျူတာ သုံးတဲ့အခါ အဆင်ပြေသွားလိမ့်မယ်လို့ သူတို့က ထင်နေကြပါတယ်။ ဆရာတို့ မျက်စိဆရာဝန်တွေ အများဆုံးရင်ဆိုင်နေရတဲ့ ပြဿနာက ဆေးမျက်မှန်ဆိုတာ ဘာမှ မဟုတ်ဘူး။ စီးပွားရေးသမားတွေ ညာပြီး ရောင်းနေကြတာပဲ ဖြစ်ပါတယ်။ လူတွေရဲ့စိတ်ထဲမှာ မျက်စိညောင်းလို့ မျက်စိစမ်းသပ်လိုက်ရင် ပါဝါပါတဲ့ မျက်မှန်လေးရတဲ့အခါ ခဏတော့ ကျေနပ်သွားကြတယ်။ နောက်တော့ ပါဝါမကိုက်လို့ ပြန်ပြောင်းလိုက်၊ ကျေနပ်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နှစ်လောက်လည်းကြာရော မျက်မှန်လည်းချွတ်လို့မရတော့ဘူး။ မျက်မှန်တပ်မှ မြင်ရသလိုလို ဖြစ်လာပါတယ်။ တကယ်တော့လည်း မျက်မှန်ပါဝါရှိတာ မဟုတ်ပါဘူး။
ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းရသလဲ ဆရာ။
မျက်စိစမ်းသပ်မှုမှာ လူနာအများစုက မျက်မှန်ပါဝါကိုပါ စမ်းသပ်ပြီး မျက်မှန်ပေးလိုက်မှ ကျေနပ်ကြတာ များပါတယ်။ မုန့်ဟင်းခါးစားရင် ဟင်းရည်အဆစ်တောင်းလိုက်ရမှ ကျေနပ်သလိုမျိုးပါပဲ။ ဆရာတို့ကလည်း မျက်မှန်မလိုပဲနဲ့ မပေးချင်ပါဘူး။ မျက်မှန်လို မလိုဆိုတာ စမ်းသပ်လိုက်ရင် သိပါတယ်။ မလိုမှန်း သိရက်နဲ့ မျက်မှန်ကို မပေးချင်ပါဘူး။ဒါပေမယ့် လူနာတွေက မကျေနပ်ကြဘူး။ မျက်မှန်မလိုဘူး ဆိုပေမယ့် ကျွန်တော့်မျက်စိက ညောင်းတုန်းပဲလို့ ဆရာတို့ကို ပြန်မေးတာ ကြုံဖူးပါတယ်။ တကယ်တော့ လူနာအများစုရဲ့ စိတ်ထဲမှာ ကွန်ပျူတာကို မနားဘဲသုံးလို့ မျက်စိညောင်းတာကို မျက်မှန်လိုတယ်လို့ပဲ ထင်နေကြတာပါ။ တကယ်က မျက်မှန်တပ်စရာမလိုပါဘူး။ ဆရာ စောစောကပြောသလို အချိန် မိနစ် ၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာ ငေးကြည့်ပေးလိုက်ရင် မျက်စိညောင်းတာ သက်သာသွားမှာ ဖြစ်ပါတယ်။
ကွန်ပျူတာအသုံးများတဲ့သူတွေကို ဘာပညာပေးလိုပါသလဲ ဆရာ။
ကွန်ပျူတာ အသုံးများလို့ မျက်စိညောင်းတယ်ဆိုတာ ဥပမာပြောရရင် လူတွေ လမ်းလျှောက်တာများရင် ခြေထောက်ညောင်းရော… လမ်းလျှောက်တာကို ရပ်နားလိုက်မှ သက်သာတယ်။ အဲဒီသဘောပါပဲ။ မျက်စိကလည်း ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ မျက်စိကို ကြာကြာအသုံးပြုတဲ့အခါ ညောင်းလာတယ်။ စာရေးတာကြာလာရင် လက်ညောင်းလာသလိုမျိုးပေါ့။ မျက်စိက အိပ်ရာကနိုးလို့ အလင်းရောင်ဝင်လာတာနဲ့ တစ်ပြိုင်နက် အလုပ်တွေလုပ်နေရတာပါပဲ။ ကွန်ပျူတာသုံးတာလို မျက်စိအတွက် ကြီးတဲ့တာဝန်(Heavy Duty) တွေ မလုပ်ရင်တောင် ပေါ့ပါးတဲ့အလုပ်(Light Duty) ကိုတော့ မျက်စိဖွင့်လိုက်ပြီ ဆိုကတည်းက လုပ်နေရတာပါပဲ။ အဲဒီတော့ ကွန်ပျူတာသုံးသူတွေအနေနဲ့ မျက်စိညောင်းညာတာ မဖြစ်အောင် လွယ်ကူတဲ့ နည်းလမ်းဖြစ်တဲ့ မိနစ် ၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာငေးကြည့်တဲ့နည်းနဲ့ ပုံမှန်အနားပေးပါလို့ အကြံပြုလိုပါတယ်။
(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ သြဂုတ်လထုတ် အာရောဂျံမဂ္ဂဇင်း အမှတ်(၂၆၅) မှ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)ရေးသားသော ပါမောက္ခ ဦးတင်ဝင်း မျက်စိအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)














11 August, 2014

ပါဏာတိပါတ ကံ ရှင်းလင်းချက်

သဘာဝမကျပါဘူးတဲ့။ သူတပါးအသက်ကိုမသတ်ပဲနေလျှင်
ကမ္ဘာကြီးရော လူတွေပါ ရှင်သန်နိုင်မှာမဟုတ်ဘူးတဲ့
ဥပမာ-ခြင်လို ပိုးမွားမျိုးကိုတောင် မသတ်ပဲ
လွတ်ပေးလိုက်ရင် ခြင်တွေဟာ ပေါက်ပွားရှင်သန်မှုများမယ် လူတွေအသတ်ပါဆုံးရှုံးနိုင်တယ်။ ဒါကြောင့်
ဗုဒ္ဓဘာသာတွေများပြီး အဲလို ဘယ်သတ္တဝါမှ မသတ်ပဲ
ရောဂါဖြစ်နိုင်တဲ့ သတ္တဝါတွေ များလာမယ်ဆိုရင် လူတွေ သေကြေနိုင်တယ်လို့ပြောပါတယ်။
အဲဒီတော့ ဗုဒ္ဓဘာသာတွေဟာ သတ္တဝါတွေကို
မသတ်ပဲရှောင်တယ်။
ဒါပေမယ့် လူအချင်းချင်းပြန်သတ်နေတာနဲ့တူတူပါပဲတဲ့။
နောက်တစ်ခုက သူတပါးအသက်ကိုမသတ်ပဲ
အသီးအရွက်တွေပဲစားတဲ့ ဗုဒ္ဓဘာသာဝင်တွေများလာရင်လဲ သဘာဝကြီးပျက်စီးပြီး ကြာရှည်ရပ်တည်နိုင်မှာမဟုတ်ပါဘူးတဲ့ဘုရား။ အသီးအရွက်ပဲစားတဲ့သူတွေ များလာလေ သဘာဝက အသီးအပွင့်တွေလျော့နည်းပြီး အလျှင်မှီအောင် ပြန်စိုက်နိုင်မှာ
မဟုတ်ပဲ လူတွေ သေကျေပြက်စီးရမယ်လို့ပြောပါတယ်။ ပြီးတော့ဗုဒ္ဓဘာသာတွေဟာ ဟိုဟာသတ်လဲငရဲကြီး
ဒီဟာ သတ်လဲငရဲကြီးနဲ့ အမြဲတမ်း
ဒုက္ခရောက်နေရတော့မှာလားတဲ့ဘုရား။
အဖြေကိုစောင့်မျှော်နေပါ့မယ် အရှင်ဘုရား။
(ချိုရီ)
ဖြေ။ ။ ပိုးမွှားတွေသတ်မှ ရောဂါကင်းမယ်လို့ တစ်ထစ်ချ သတ်မှတ်လို့မရပါဘူး။ တောရွာတွေမှာနေတဲ့လူတွေ ဘယ်ပိုးမွှားမှ မသတ်ပါဘူး။ သူတို့တွေ အသက်ရှင်ကျန်းမာလျက်ရှိကြပါတယ်။
နောက်ပြီး လူသားအားလုံး သူတစ်ပါးအသက်ကို
မသတ်ဘဲရှောင်ကြဉ်မယ်လို့ ပြောလို့ရလား။ ဗုဒ္ဓဘာသာဖြစ်တဲ့လူအားလုံးတောင် ပါဏာတိပါတကံကို
မစောင့်ထိန်းသူတွေ အများကြီးရှိပါသေးတယ်။
ဒါပြင် ကမ္ဘာမှာရှိတဲ့ လူသားအားလုံး ဗုဒ္ဓဘာသာဝင်ဖြစ်မယ်
ဆိုတာရော ပြောလို့ရ လား။ မြတ်ဗုဒ္ဓရှိတဲ့အချိန်က ရဟန္တာများစွာ တရားဟောကြားနေတဲ့ ခေတ်ကာလ မှာတောင် ဘာသာခြားတွေ၊ ဗုဒ္ဓတရားကို မယုံကြည်သူတွေ၊ မလိုက်နာသူတွေ အများကြီးရှိသေးတယ်။ ဒီဘက်ခေတ်မှာဆို ပိုတောင်ဆိုးပါဦးမယ်။ အဲဒါကြောင့် အပေါ်ကပြောတဲ့စကားတွေက တစ်ခုမှတစ်ထစ်ချ
သတ်မှတ်လို့မရပါ။ မြတ်ဗုဒ္ဓက သတ္တ၀ါအားလုံး
သတ်ဖြတ်ခြင်းမှာ မကင်းလွတ်နိုင်ဘူးဆိုတာကိုသိလို့ မသတ်ရလို့အမိန့်ချမှတ်ခဲ့တာ မဟုတ်ပါဘူး။
သူတစ်ပါးအသက်ကိုသတ်ရင် မင့်တို့လည်း
ဝဋ်လည်ခြင်း အကျိုးတွေ ခံရတယ်။
ဒါဟာ လောကသဘာဝတရားပဲလို့
သိမြင်တဲ့အတိုင်း မိန့်ကြားပေးခဲ့တာပါ။
တချို့က သူတော်ကောင်းတွေ တရားကျင့်ကြံကြရင်
လူဦးရေ နည်းပါးသွားမယ်။ မျိုးဆက်ပြတ်သွားမယ်
စသည်ဖြင့် ပြောဆိုတွေးထင်နေကြပါတယ်။
တကယ်တမ်းစဉ်းစားကြည့်ရင်
လူဦးရေဟာ နည်းမလာဘဲ များများလာတယ်ဆိုတာ
စားသောက်ကုန်များ မလောက်ငှတာကိုထောက်ဆကြည့်ပါက
သိနိုင်ပါတယ်။ နောက်ပြီး သတ္တ၀ါတွေဟာ
သံသရာမှာကျင်လည်နေရတာ အများကြီးရှိနေကြသေးပြီး သံသရာမှလွတ်တဲ့သူဟာ အနည်းငယ်သာ ရှိပါသေးတယ်။
ဒါကြောင့် မျိုးဆက်ပြတ်ခြင်း လူဦးရေနည်းခြင်းတို့ဖြစ်မယ်လို့ တွေးထင်နေသူများ စဉ်းစားကြည့်ပါက သိနိုင်ကြောင်း ပြောပါရစေ။
တချို့သူများက ဦးဇင်းကိုတောင် တရားလာချကြပါသေးတယ်။
အရှင်ဘုရား သာသနာ့ဘောင်မှာနေရင် အရှင်ဘုရားရဲ့ စောင့်လေမျိုးနွယ်ဆိုတဲ့ သားသမီးကျင့်ဝတ်ကို
မလိုက်နာရာရောက်မှာပေါ့၊ မျိုးဆက်သစ်ကို
ထိန်းသိမ်းပေးရာ မရောက်ဘဲနေမှာပေါ့ လို့ ပြောဆိုကြပါတယ်။ စောင့်လေမျိုးနွယ်ဆိုတဲ့ ကျင့်ဝတ်တရားဟာ လူဦးရေမျိုးဆက်ကို စောင့်ထိန်းခိုင်းတာ မဟုတ်ပါဘူး။
အဓိကအားဖြင့် မျိုးရိုးစဉ်လာစောင့်ထိန်းခဲ့တဲ့ ကိုယ်ကျင့်တရား၊ ဘာသာတရားအယူဝါဒတို့ရဲ့ မှားမှန်ကိုဆင်ခြင်ပြီးသကာလ
မှားနေရင် မှန်အောင်ပြုပြင်ပေးရမယ်။
အမှန်ဖြစ်လာရင် အဲဒီအမှန်တရားကို စောင့်ထိန်းပေးရမယ်။ မိမိမျိုးရိုးစဉ်လာကို သူတစ်ပါးမကျုးကျော် မစော်ကားအောင် စောင့်ရှောက်ကာကွယ်ပေးရမယ်။ ကိုယ့်ကြောင့်
ကိုယ့်မျိုးရိုးသိက္ခာမကျ၊
မျက်နှာမငယ်ရအောင် ပြုလုပ်ပေးခြင်းတို့ကို ဆိုလိုတာပါ။
သံသရာမှာ အမှားကိုအမှန်၊ အမှန်ကိုအမှားထင်ကာ
ကျင်လည်နေရတဲ့ သတ္တ၀ါတွေ အများကြီးရှိသေးတယ်ဆိုတာ ကျန်တဲ့ဘုံဌာနတွေကိုမကြည့်ပါနဲ့။ တိရစ္ဆာန်တွေကိုကြည့်လိုက်ရင် သိပါတယ်။ အဲဒီလိုများပြားစွာကျန်နေသေးတဲ့ သတ္တ၀ါတွေကို သံသရာမှလွတ်အောင် မိမိကိုယ်တိုင်လည်းကြိုးစားရင် အများကိုလည်း လွတ်မြောက်အောင် နည်းလမ်းပေးခြင်း တို့ကို ပြုလုပ်ရပါမယ်။ အဲဒီလိုမဟုတ်ဘဲ သူလည်းကျင်လည်
ကိုယ့်လည်းကျင့်လည်ဆိုရင်တော့ သံသရာထဲမှာ သတ္တ၀ါတွေမကုန်ဆုံးနိုင်တော့ဘဲ သူတော်ကောင်းတရားမရှိလို့ လူမိုက်တွေချည်းဖြစ်နေပါက သတ်ဖြတ်ခြင်းစတဲ့
လူမိုက်လုပ်ငန်းတွေနဲ့သာ ဘ၀တိုင်းကြုံတွေ့နေရမှာပါ။
ဒါကြောင့် သူတော်ကောင်းတရားထွန်းကားအောင်
မိမိကိုယ်တိုင်လည်း ကျင့်သုံးရမှာဖြစ်ပြီး
အများကိုလည်း ကျင့်သုံးနိုင်အောင် လမ်းညွှန်ပေးရပါမယ်။
ဒါမှသာ သံသရာထဲက သတ္တ၀ါတွေဟာ
သူတော်ကောင်းနဲ့တွေ့ပြီး သူတော်ကောင်းများဖြစ်ကာ သံသရာဝဲသြဃထဲကနေ တဖြည်းဖြည်းချင်း
လွတ်မြောက်ပြီးသကာလ ငြိမ်းချမ်းမှုကို
ထာဝစဉ်ခံစားနေရမှာပါ။
လူသားတွေရဲ့ ခန္ဓာကိုယ်ဓာတ်သဘာဝကြီးက
အသားစားမှဖြစ်မယ်၊ အသားစားမှ လိုအပ်တဲ့ခန္ဓာကိုယ်
စွမ်းအားတွေရှိပြီး ကျန်းမာအသက်ရှည်မယ်ဆိုရင်
အသားကိုစားနိုင်ပါတယ်။
ဒါပေမဲ့ မိမိစားမဲ့အသားဟာ
• သူ့ဘာသာသူ ဘယ်လိုပုံစံနဲ့ဖြစ်စေသေပြီးသား
သတ္တ၀ါ ဖြစ်နေရပါမယ်။
• မိမိကိုယ်တိုင်လည်း တိရစ္ဆာန်ကို မသတ်ရသလို
သူတစ်ပါးကိုလည်း မသတ်ခိုင်းရ၊
• မိမိစားမှာ ဆိုပြီးတော့လည်း သူတစ်ပါးက ပြုလုပ်မပေးရ၊
• မိမိပယောဂ လုံးဝမပါရပါ။
အဲဒီလိုဆိုရင်တော့ မိမိစားတဲ့အသားရဲ့
သက်ရှိတိရစ္ဆာန်ဟာ မိမိနဲ့မည်သို့မည်မျှမှ
ပတ်သတ်မှု မရှိတဲ့အတွက် အပြစ်မရှိပါပေ။
အဲဒီလိုမဟုတ်ဘဲ
• မိမိပယောဂတစ်ခုခုပါခဲ့ရင် ဖြစ်စေ၊
• မိမိရှေ့မှာသတ်နေတာကို မြင်နေရတဲ့
အသားငါးကိုဖြစ်စေ၊
• မိမိကြိုတင်မှာထားလို့ သူတစ်ပါးက
သတ်ပေးလိုက်ရင်ဖြစ်စေ
အဲဒီလို အသားငါးများကို စားမယ်ဆိုရင်တော့
မိမိမှာလည်း အပြစ်ရှိတာမို့ ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။
တချို့သောလူတွေဟာ အသားငါးတော့ မစားကြပါဘူး။
ဒါပေမဲ့ စိတ်ဓာတ်ကျတော့ ညစ်ပစ်ယုတ်မာကြပါတယ်။
အဲဒီလို လူတွေနဲ့စာရင် စိတ်ဓာတ်ကောင်းပြီး
အသားငါးစားတဲ့လူတွေကို လူကောင်းလို့ ခေါ်နိုင်ပါတယ်။
ဒါကြောင့် မိမိခန္ဓာကိုယ်ကြီးဟာ အသားငါးစားမှ
ကျန်းမာ သက်ရှည်မှာမို့ဖြစ်စေ၊ သစ်သီးသစ်ရွက်နဲ့ အသက် ဆက်ဖို့မဖြစ်နိုင်ရင်ဖြစ်စေ စိတ်ဓာတ်ကောင်းဖို့သည် အဓိကအကျဆုံးဖြစ်တာမို့ မိမိပယောဂမပါတဲ့
အသားငါးဆို စားချင်ပါက စားနိုင်ကြပါတယ်။
အသားငါးစားတာနဲ့ပတ်သတ်ပြီး မြတ်ဗုဒ္ဓက
(၁) ကိုယ့်အတွက်ရည်မှန်းပြီး သတ်ဖြတ်တာကို ကိုယ်တိုင်မြင်တဲ့အသား
(၂) ကိုယ့်အတွက်သတ်ဖြတ်တယ်လို့ ကိုယ်တိုင်ကြားရတဲ့အသား
(၃) ကိုယ့်အတွက်သတ်ဖြတ်တယ်ဆိုတာ ကိုယ်တိုင်က ယုံမှားသံသယဖြစ်တဲ့အသား
အဲဒီလို အသားမျိုးတွေကို မစားကောင်းပါဘူး။ အဲဒီအစွန်းသုံးပါးလွတ်ကင်းတယ်ဆိုရင်တော့
စားဖို့ရန်အပ်စပ်တယ်ဆိုတာ မြတ်စွာဘုရားရှင်က
မိန့်တော်မူပြီးသားပါ။
အစွန်းသုံးပါးကနေ မလွတ်တဲ့အသားကို စားတယ်ဆိုရင် စားတဲ့သူရဲ့အပြစ်သာဖြစ်ပြီး ဘာသာတရားရဲ့
သတ်မှတ်ချက် မဟုတ်ဘူးဆိုတာ သဘောပေါက်စေချင်ပါတယ်။
ဥပမာ-ခရစ်ယာန်ဘာသာတစ်ခုမှာ လူကိုမသတ်ဖို့ တားမြစ်ထားတယ်ဆိုပါတော့။ အဲဒါကို
အဲဒီဘာသာဝင်တစ်ဦးဦးက လူသတ်မှုကျူးလွန်တယ်ဆိုရင် ဘုရားသခင်ရဲ့အပြစ်မဟုတ်သလို
ဘာသာဝင်အားလုံးရဲ့အပြစ်မဟုတ်ပါဘူး။
ကျူးလွန်တဲ့သူရဲ့ အပြစ်ပါပဲ။
ခရီးသွားရင်း ပိုင်းကောင်များကို နင်းမိရာ၌
(မော်တော်ကားဖြင့် တိုက်မိရာ၌) မိမိကြောင့်သေသော်လည်း သေစေလိုသော စေတနာမပါက ပါဏာတိပါတကံမထိုက်ပါ။
တချို့မှာ အဲဒီလိုမတော်တဆနင်းမိသွားရင်
သနားကရုဏာတောင် ဖြစ်ကြပါသေးတယ်။
အသားငါးများကို စားတဲ့လူရှိလို့ သတ်တဲ့လူက
ရှိရတာလို့ တချို့က ပြောကြပါတယ်။
ဒါဆို ဘယ်သူ့မှာ အပြစ်ရှိတယ်ဆိုတာ ရှင်းပြပါမယ်။
(က) ခွေးတစ်ကောင်ဟာ ကြက်ကို ကိုက်သတ်ပြီးချီလာတာကို
လူကစားရင် အဲဒီလူမှာ ပါဏာတိပါတကံ
ထိုက်မယ်ထင်လား မထိုက်ပါ။။
(ခ) အိမ်တစ်အိမ်တွင် အိမ်ရှင်မသော်လည်းကောင်း၊ အိမ်ထောင်ဦးစီးသော်လည်းကောင်း တစ်ယောက်ယောက်က ပါဏာတိပါတအမှုကိုပြုရင် စားကြတဲ့တစ်အိမ်သားလုံးက သတ်သူကို အားပေးတာလည်းမရှိ၊ တိုက်တွန်းတာလည်းမရှိ၊ သဘောတူညီမှုမရှိ၊ သူတို့ပယောဂမပါရင် သတ်သူတစ်ဦးသာ ပါဏာတိပါတကံထိုက်ပြီး ကျန်သူများမထိုက်ပါ။ ဒါကြောင့် အိမ်ထောင်သည်များ စားဝတ်နေရေးရှာဖွေပေးတဲ့အခါ အကုသိုလ်ကိစ္စများကို ရှောင်ကြဉ်ပေးရပါမယ်။ ဒါမို့ဆို မိမိတစ်ယောက်တည်းသာ အကုသိုလ်ဖြစ်ခံပြီး လုပ်ကျွေးရင် မိမိတစ်ယောက်တည်းသာ ခံရမည်ဆိုတာ မမေ့ပါနဲ့။ တချို့က မယားမျက်နှာ၊ ချစ်သူမျက်နှာရအောင်ဆိုပြီး မကောင်းမှုလုပ်ကာ မျက်နှာချိုသွေးချင်သူများ သတိထားကြပါလေ။
(ဂ) မြတ်ဗုဒ္ဓလက်ထက်က မုဆိုးကြီးတစ်ယောက်ဟာ သမာပတ်ဝင်စာေးနသော ဥပ္ပလ၀ဏ်ထေရ်မအား အသားတချို့လှူလိုသောကြောင့် အနီးအပါး၌ အလိုရှိသူ ယူရစ်ပါဟု ကြွေးကြော်ပြီး ပံ့သကူပစ်ထားခဲ့ပါတယ်။ အဲဒါကို ဥပ္ပလ၀ဏ်ဘိက္ခုနီမ သမာပတ်မှထတဲ့အခါ ပံ့သကူကောက်ယူပြီးသကာလ ကောင်းမွန်စွာစီစဉ်ကာ ဘုရားရှင်အား ကပ်လှူခဲ့ပါတယ်။ အဲဒီကပ်လှူတာကို ဘုရားရှင် ဘုဉ်းပေးတော်မူခဲ့ပါတယ်။ မိမိပယောဂမပါတဲ့အသားမို့ စားသောက်ခွင့်ရှိတယ်။ အပြစ်မရှိဘူးဆိုတာကို ထောက်ပြချင်တာပါ။
(ဃ) ကုက္ကုရမိတ္တအမည်ရှိတဲ့ မုဆိုးကြီးရဲ့ မယားဟာ အပျိုဘ၀ကပင် သောတာပန်ဖြစ်ခဲ့ပါတယ်။ လင်မုဆိုးကြီးက လေးယူခဲ့ပါ ရှင်မရေလို့ စေခိုင်းရင် လေးကို ယူပေးရ။ ဓား-လှံ ယူခဲ့ပါရှင်မရေလို့ဆိုရင် ယူပေးရပါတယ်။ ဒါဟာ မယားဝတ္တရားကိုပြုကျင့်ရာဖြစ်ပြီး သူမတွင် တိရစ္ဆာန်များအား သတ်စေလိုသော စေတနာမရှိခြင်းကြောင့် ပါဏာတိပါတကံ မဖြစ်ပါ။
(င) လက်၌ အနာမရှိလျှင် ထိုလက်ဖြင့် အဆိပ်ကိုကိုင်သော်လည်း ထိုလက်ကို မပူစေနိုင်။ ထို့အတူ မကောင်းမှုကို ပြုလိုသောစိတ်မရှိသူမှာ မကောင်းမှုအဆိပ် မလောင်နိုင်ပါလို့ မြတ်ဗုဒ္ဓကိုယ်တိုင် ဓမ္မပဒပါဠိတော်၊ ကုက္ကုရမိတ္တ၀တ္ထုမှာ ဟောကြားထားတာ ရှိပါတယ်။ ဒါကြောင့် ပါဏာပါတိကံအကြောင်းကို ဒီလောက်ဆို ရှင်းလိမ့်မယ်ထင်ပါတယ်။ ဒါနဲ့မရှင်းသေးရင်လည်း ဦးဇင်းအရင်ကဖြေဆိုထားတဲ့ ကြက်ဥစားခြင်းဟာ အပြစ်ရှိမရှိ အမေးအဖြေကို ထပ်ဖတ်ကြည့်ရင် ပိုမိုရှင်းသွားပါလိမ့်မယ်။
ပါဏာတိပါတကံထိုက်တဲ့ အင်္ဂါများကို လက်တမ်းမှတ်မိအောင် ထပ်မံရေးသားပေးလိုက်ပါတယ်။
(၁) သက်ရှိသတ္တ၀ါဖြစ်ခြင်း။
(၂) သက်ရှိသတ္တ၀ါဟု သိခြင်း။
(၃) သတ်လိုသော စိတ် (စေတနာ) ရှိခြင်း။
(၄) သတ်ဖို့ရန် ကိုယ်မှု၊ နှုတ်မှု၊ ပယောဂတခုခုကို ပြုသောအားဖြင့် သတ်ခြင်း။
(၅) သေခြင်း။
အထက်ပါအင်္ဂါ (၅)ပါးပြည့်စုံမှ ပါဏာတိပါတကံထိုက်ပါတယ်။
ဒီအင်္ဂါ(၅)ချက်လုံးနဲ့မညီရင်၊ ကိုယ်တိုင်ပြုခြင်း၊ ခိုင်းခြင်း၊ ကျေးဇူးပြောခြင်း၊ သဘောတူခြင်းတို့မရှိဘူးဆိုရင်လည်း ပါဏာတိပါတကံ မထိုက်ပါ။
လူတွင်ရောဂါဖြစ်စေသောပိုးများစွာရှိသည့်အနက် အများဆုံးရောဂါဖြစ်စေသောပိုးမှာ ဘက်တီးရီးယား
(bacteria)နှင့် ဗိုက်ရပ်စ် (Virus) များဖြစ်ပါတယ်။
ဘက်တီးရီးယားပိုးများဟာ သူတို့ဘာသာ တစ်ကောင်မှနှစ်ကောင်၊ နှစ်ကောင်မှလေးကောင်း စသည်ဖြင့် မျိုးပွားနိုင်ကြပါတယ်။
အဲဒါကြောင့်မို့ ဘက်တီးရီးယားပိုးများကို သတ္တဗေဒဘာသာတွင် အသေးငယ်ဆုံးနှင့် ရှေးအကျဆုံး သက်ရှိသတ္တ၀ါအဖြစ် စာရင်းသွင်းထားကြတာပါ။ ဗိုက်ရပ်စ်များမှာ သူတို့ဘာသာ မျိုးမပွားနိုင်ဘဲ အခြားသောသတ္တ၀ါတို့ရဲ့ (host)လို့ခေါ်တဲ့ မျိုးပွားပစ္စည်းများကို အသုံးပြုပြီးမှသာ မျိုးပွါးနိုင်ကြပါတယ်။ ဒါကြောင့် ဗိုက်ရပ်စ်ပိုများကို ဆဲလ်အတွင်းရှိသည့် အချိန်၌သာ သက်ရှိသတ္တ၀ါလို့ သတ်မှတ်ရပါမယ်။ ဘက်တီရီးယားနှင့် ဗိုက်ရပ်စ်များဟာ ၎င်းတို့မျိုးပွါးနိုင်ရန် အစာသို့မဟုတ် ပစ္စည်းများရှိနေသမျှ ဆက်လက်မျိုးပွားနိုင်ကြပါတယ်။
♦ ဗုဒ္ဓတရားတော်အရ ကာမဘုံမှ သတ္တ၀ါမှာ အသက်စိတ်ဝိညာဉ်ဟာ အဓိကဖြစ်ပါတယ်။ အသက်စိတ်ဝိညာဉ်ဟာ တစ်ကိုယ်မှနှစ်ကိုယ် ခွဲထွက်မသွားနိုင်ပါဘူး။ သတ္တ၀ါမှန်ရင် သူ့ဘ၀အားလျော်စွာ သက်တမ်းများရှိကြတဲ့အတွက် သတ္တဗေဒအရ
သက်ရှိပိုးဟုခေါ်သော်လည်း ဗုဒ္ဓတရားတော်အရ
ထိုပိုးမွှားများဟာ သတ္တ၀ါများမဟုတ်ဘဲ ရောဂါသည်မှာ
အကုသိုလ်ကံရှိလို့ ဥတုကြောင့်ဖြစ်တဲ့ ကမ္မပစ္စယဥတုဇရုပ်များဖြစ်လာရတာကြောင့်
ပိုးသတ်ဆေးပေးခြင်းသည် ပါဏာတိပါတကံ မထိုက်ပါပေ။
♦ သံကောင်များမှာမူ ပဋိသန္ဓေနေခြင်း၊
သက်တမ်းရှိခြင်းတို့ကြောင့် သတ္တ၀ါစာရင်းထဲမှာ ထည့်ရပါမယ်။
ဒါပေမဲ့ သံကောင်များသေခြင်းကို အာရုံမပြုဘဲ လူနာရောဂါပျောက်ကင်းရေးကိုသာ အာရုံပြုပြီး
ဆေးထိုးဆေးပေးပြုလုပ်ပါက ပါဏာတိပါတကံ မထိုက်ပါပေ။
ပါဏာတိပါတကံထိုက်ရာတွင်လည်း အပြစ်ကြီးသေးတို့ ခွဲခြားမှုရှိပါသေးတယ်။ သီလစသောဂုဏ်ရှိသူ၊
မိမိအပေါ်ကျေးဇူးရှိသူ၊
သတ်ဖြတ်ရာတွင် လုံလအားစိုက်ထုတ်မှု၊
သတ္တ၀ါ အကြီးအငယ်တို့ပေါ်တွင်မူတည်ပြီး
အပြစ်ကြီးခြင်း အပြစ်သေးခြင်းတို့ ဖြစ်ပါတယ်။
သီလ၊ သမာဓိ၊ ပညာ၊ ကျေးဇူးစတဲ့ ဘာဂုဏ်ရည်မှမရှိတဲ့
သံကောင်များကို အာရုံထားပြီးသတ်မိလျှင်လည်း
အပြစ်ငယ်လေးမျှသာ ဖြစ်ပါလိမ့်မယ်။
ဒီလောက်ဆိုရင်တော့ ဆင်ခြင်ပေးပြီးမေးထားတဲ့မေးခွန်းအဖြေ
လုံလောက်ပြီ ထင်ပါတယ်။ ဦးဇင်းသည် ပညာရှင်မဟုတ်သေးတဲ့ အညတြလေးသာဖြစ်လို့ အဖြေထဲမှာ အမှားများစွာ
ပါလျှင်ပါနိုင်ပါတယ်။ အဲဒါကြောင့် မြတ်ဗုဒ္ဓရဲ့ဝါဒအတိုင်း
ဝိဘဇ္ဇလေးနဲ့ဖတ်ပြီး အသိဉာဏ်လေးနဲ့ပိုင်ခြားကြပါလေ။ စာဖတ်ပရိသတ်အားလုံး အသိဉာဏ်
ဗဟုသုတတိုးပွားပြီးသကာလ ငြိမ်းချမ်းမှုကို
ခံစားနိုင်ပါစေလို့ ဆန္ဒပြုလျက်.....။
မှီးငြမ်းရေးသားသော စာအုပ်များ
၁။ ၀ိနည်းပါဠိတော် နိဿဂ္ဂိယပါစိတ်။
၂။ ဓမ္မပဒပါဠိတော်၊ ကုက္ကုရမိတ္တ၀တ္ထု။
၃။ မဟာစည်ဆရာတော်ဘုရားကြီး ဖြေကြားတော်မူသော
ဘ၀ပြဿနာ။
-[(အရှင်ကောမလ ဆန်နီနေမင်း)
(သာသနတက္ကသီလ ဓမ္မာစရိယ)
B.A (Buddhism), M.A (သီရိလင်္ကာ)
Ph.D, Thesis (သီရိလင်္ကာ)]
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

ဆံပင်လျှော်နည်း အမှန်

ဆံပင်လျှော်နည်း အမှန်ကို ကြည့်ကြရအောင်။
၁)
ပထမဆုံး ဆံပင် မလျှော်ခင်၊ ရေမစိုခင်မှာ ရှုပ်နေတဲ့ ဆံပင်တွေကို ဦးစွာ ဖီးရှင်း သင့်ပါတယ် တဲ့။ ဒါမှ ဆံပင်ကို လျှော်တဲ့ အခါ ဆံပင်တွေမရှုပ်တော့ဘဲ ပိုမိုလွယ်ကူစွာ လျှော်နိုင်မှာပါ။
၂)
ဆံပင်ကို ရေစွတ်တဲ့ အဆင့်ဖြစ်ပါတယ်။ ရေအေး သို့ ရေအေး ကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်တယ်ဆိုပေမယ့် အကောင်းဆုံးကတော့ ရေနွေးနဲ့ စလျှော်ရပါတယ်တဲ့။ ဒါမှ ဦးရေပြားမှာရှိတဲ့ ချွေးပေါက်တွေကို ပွင့်စေပြီး ဆံပင် အရင်းက ဆီတွေ ချေးညှော် တွေကို စင်ကြယ်စွာလျှော်နိုင်မှာပါ။
၃)
ကိုယ်နှစ်သက်တဲ့ ခေါင်းလျှော်ရည်ကို လိမ်းတဲ့ အဆင့်ဖြစ်ပါတယ်။ လက်ဖ၀ါးပေါ်မှာ အရင်ဆုံး ခေါင်းလျှော်ရည် ထည့်ပြီး လက်ဖ၀ါးနှစ်ဖက်ကို ပွတ်ပြီးတော့မှ (ဆံပင်အဖျားမဟုတ်ပါဘူး) ခေါင်းဦးရေပြားပေါ်ကို လိမ်းရမှာဖြစ်ပါတယ်။ ဦးရေပြားက အညစ်အကြေးတွေကို စင်ကြယ်စေတဲ့ ခေါင်းလျှော်ရည်ဟာ ဆံပင်အဖျား အတွက်တော့ ခြောက်သွေ့ စေ ၊ နှစ်ခွဖြစ်စေပြီး အားနည်းစေလို့ပါ။
၎)
(လက်သည်းနဲ့ မဟုတ်ပါဘူး) လက်ချောင်းထိပ်လေးတွေနဲ့ ဦးရေပြားက အညစ်အကြေးတွေကို ပွတ်လျှော်ရမှာပါ။ လျှော်နေစဉ်မှာလည်း ဆံပင်တွေကို မရှုပ်ရှုပ်အောင် လုံးထွေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ပြီးရင်တော့ ရေနဲ့ ဆေးကြောပစ်ရပါမယ်။
၅) အကောင်းဆုံး ဆံပင်လျှော်နည်းကတော့ နှစ်ထပ်လျှော်ရမှာဖြစ်ပါတယ်တဲ့။ ပထမအကြိမ်က အညစ်အကြေးတွေကို ဖယ်ရှားဖို့ဖြစ်ပြီး၊ ဒုတိယအကြိမ်ကတော့ ခေါင်းလျှော်ရည်မှာပါတဲ့ အာဟာရဓာတ်တွေကို ဦးရေပြားထဲဝင်ဖို့ဖြစ်ပါတယ်တဲ့။ ဒုတိယအကြိမ်လျှော်ရာကစပြီး ခေါင်းဦးရေပြားက ချွေးပေါက်လေးတွေပြန်ပိတ်အောင် ရေအေးကိုသာ ဆက်လက်အသုံးပြုသင့်ပါတယ်တဲ့။
ဒါ့အပြင် ဒုတိယအကြိမ်မှာ ခေါင်းလျှော်ရည်ကို ဦးရေ ပြားပေါ်မှာ နှစ်မိနစ်ခန့် ထားပြီး ဆံပင်ကို အစာကျွေးသင့်ပါတယ် ။ ပြီးရင်တော့ ရေအေးနဲ့ ဆေးကြောပစ်ရပါမယ်။
၆) နှစ်ထပ်ခေါင်းလျှော်ပြီးတဲ့ အချိန်မှာတဲ့ အချိန်မှာတော့ ဆံပင်ပေါ်ကရေကို လက်နဲ့ ညှစ်ပါ။ ဆံပင်ရေစိုကို ဆောင့်ဆွဲခြင်း ခါချခြင်း များ မပြုလုပ်သင့်ပါဘူး။ စိုစွတ်နေတဲ့ ဆံပင်ဟာ အနူးညံ့ဆုံးဖြစ်လို့ ဆံပင် ကျွတ်ခြင်း ပျက်စီးခြင်းတွေ ဖြစ်စေလို့ပါတဲ့။
၇)
conditioner လိမ်းတဲ့ အဆင့်ဖြစ်ပါတယ်။ (ဦးရေပြားကို လိမ်းရမှာမဟုတ်ပါဘူး) စိုနေတဲ့ ဆံပင်အချောင်းလိုက်ကို သုတ်ရမှာပါ။ ဆံပင် တစ်ချောင်းလုံးနဲ့ အဖျားတွေကို အလေးထားပြီး သုတ်လိမ်းရမှာပါ။ သုတ်လိမ်းပြီးရင် shower cap လို့ခေါ်တဲ့ ဆံပင်ကိုအလုံ အုပ်နဲ့ ၅မိနစ်မှ ၁၀ မိနစ် ခန့်ထားသင့်ပါတယ်။ ပြီးရင်တော့ ရေအေးလေးနဲ့ ပဲ conditioner စင်ကြယ်တဲ့ အထိ ဆေးကြော ရပါမယ်။ conditioner မစင်ခြင်းဟာ ဗောက်ထခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ကို ဖြစ်စေနိုင်လို့ပါ။
၈)
ပြီးရင်တော့ ဆံပင်ကို လက်နဲ့ ရေညှစ်ပါ။ သဘက်စောင်နဲ့ ပတ်ပြီး လက်ချောင်းထိပ်လေးတွေနဲ့ ထပ်ပွတ်ပါ။ ခပ်ကြမ်းကြမ်း ခပ်မြန်မြန်သုတ်ခြင်းကို သင့်ဦးရေပြား အနာခံ နိုင်ရုံသာ သုတ်သင့်ပါတယ်။ ပြီးရင်တော့ အကောင်းဆုံး လေအေးလေးနဲ့ ခြောက်သွားအောင် မှုတ်သွားရမှာဖြစ်ပါတယ်။
ကဲ ဖော်ပြခဲ့တဲ့ အရိုးရှင်းဆုံး ခေါင်းလျှော်နည်း အဆင့်တွေ ဟာ များလည်းများပြီး အချိန်လည်း အများကြီး ပေးရပါတယ်။ ဒါပေမယ့် လှပတဲ့ ဆံကေသာကို ထိန်းသိမ်းဖို့ အချိန်ရော အားစိုက်မှုရော လိုအပ်လို့ ရွှေမြန်မာမလေးများ ဆံပင်ကို မှန်ကန်သော ဆံပင်လျှော်နည်းဖြင့် ထိန်းသိမ်းနိုင်ကြပါစေနော်။
Credit to Kabyar














အစွမ်းထက် ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ဖောလိတ်ဓာတ်၊ ဗီတာမင်ဘီနဲ့ ပိုတက်စီယမ် သတ္တုဓာတ်တွေ ပါရှိပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပါရှိတဲ့အပြင် လူကိုလည်း မဝစေပါဘူး။ ခရမ်းချဉ်သီး တစ်လုံးမှာ ကယ်လိုရီ ၇၂ ကီလိုဂျူးလောက်သာ ပါရှိတာကြောင့်ပါ။
Antioxidant ပါရှိမှု
ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ ရောဂါ တိုက်ဖျက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိပြီး ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။ Lycopene ဓာတ်က ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့ ဓာတ်ပါ။ ခရမ်းချဉ်သီး အရောင်ရင့်လေ Lycopene ဓာတ်များလေပါပဲ။
ရောဂါတိုက်ဖျက်မှု
ဆီးအိတ်ကင်ဆာ
လေ့လာချက်တွေအရ ခရမ်းချဉ်သီးကနေ Lycopene ဓာတ် အများဆုံး ရရှိတဲ့ အမျိုးသားတွေဟာ ဆီးအိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ လျော့နည်းတာကို တွေ့ရပါတယ်။ ခရမ်းချဉ်သီးဆော့စ် ပါရှိတဲ့ အစာ ဒါမှမဟုတ် ခရမ်းချဉ်သီးကို တစ်ပတ် နှစ်ကြိမ်လောက် စားပေးရုံနဲ့တင် ဆီးအိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းထိ လျော့ကျနိုင်တာကို တွေ့ရပါတယ်။
နှလုံးရောဂါ
ခရမ်းချဉ်သီး များများစားသူတွေဟာ ဆီးအိတ်ကင်ဆာ ရောဂါလိုပဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ လျော့နည်းတာကို လေ့လာရပါတယ်။ ဒါ့အပြင် Lycopene ဓာတ်တွေဟာ အဆုတ်၊ သားအိမ်ခေါင်းနဲ့ အူလမ်းကြောင်း ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ လျော့နည်း စေတာကိုပါ တွေ့ရပါတယ်။
မျက်စိကျန်းမာရေး
လူ့မျက်လုံး တစ်သျှူးကြွက်သားတွေမှာ တွေ့ရတဲ့ Lycopene ဓာတ်များတာက အသက်အရွယ်ကြောင့် ဖြစ်ရတဲ့ မျက်စိတိမ်နဲ့ တခြားမျက်စိရောဂါတွေကို ကာကွယ်ပေးနိုင်တာကို လေ့လာရပါတယ်။
နေရောင်ကာကွယ်မှု
နေရောင်ခြည်အောက်မှာ ခရမ်းချဉ်သီး ရင့်မှည့်လာရတဲ့အခါ လောင်ကျွမ်း မသွားအောင် Lycopene ဓာတ်က ကာကွယ်ပေးရသလို လူတွေကိုလည်း နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။
ခရမ်းချဉ်သီးဝယ်ရာတွင်
- ချက်ချင်း ချက်ပြုတ် စားသောက်ဖို့ ခရမ်းချဉ်သီး ဝယ်မယ်ဆိုရင် အနီရောင်ရဲရဲကို ရွေးဝယ်ပါ။ အနီရဲလေလေ Lycopene ဓာတ်များလေလေမို့ပါ။ ပျော့တဲ့နေရာ မရှိဘဲ ခပ်တင်းတင်းလေး ဖြစ်နေတဲ့ အလုံးကို ရွေးဝယ်ပါ။
- အရောင်ဖျော့တဲ့ ခရမ်းချဉ်သီးတွေဟာ အခန်းတွင်း အပူချိန်မှာ ထားတဲ့အခါသုံးရက်ကနေ တစ်ပတ်အတွင်း ရင့်မှည့် လာတတ်ပါတယ်။
- ခရမ်းချဉ်သီး တောင်းလိုက် ဝယ်မယ်ဆိုရင်လည်း တောင်းကို သေချာ ကြည့်ကာ မှည့်လွန်ပြီး ပျော့၊ ပြဲ၊ ကွဲနေတဲ့ အလုံးတွေ ပါမပါ စစ်ပါ။
ခရမ်းချဉ်သီး သိုလှောင်ခြင်း
- ခရမ်းချဉ်သီးမှည့်ပါက ရေခဲသေတ္တာထဲမှာ လေးရက်လောက် အထားခံပါတယ်။ စားခါနီး တစ်နာရီလောက် အလိုမှာ ရေခဲသေတ္တာထဲက ထုတ်ပေးပါ။
- မမှည့်သေးတဲ့ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ မထည့်မိ ပါစေနဲ့။ နေရောင်ခြည် တိုက်ရိုက်မကျတဲ့ အခန်းတွင်း အပူချိန်မှာ ထားပေးပါ။ တဖြည်းဖြည်းနဲ့ မှည့်လာပြီး အရသာ ကောင်းလာ ပါလိမ့်မယ်။
Did You Know?
-တကယ်တော့ ခရမ်းချဉ်သီးကို ဟင်းသီးဟင်းရွက် အုပ်စုထဲက မဟုတ်ဘဲ သစ်သီးအုပ်စုထဲမှာ ရူပဗေဒနည်းအရ အမျိုးအစား သတ်မှတ်ထားပါတယ်။
-ရှေးခေတ်က ခရမ်းချဉ်သီးကို အဆိပ်ရှိအသီးလို့ သတ်မှတ် ထားကြပါတယ်။
-ခရမ်းချဉ်သီးကို တောင်အမေရိကတိုက်ကနေ စတင်တွေ့ရှိခဲ့တာပါ။
ရေးသားသူ - ဒေါက်တာနုမြတ်
Good Health





















Supermoon ဖြစ်စဉ်နဲ့ သဘာဝဘေး ကျရောက်မှု

Supermoon ဆိုတာကမ္ဘာကို အီလစ်ပုံပတ်လမ်းနဲ့ လှည့်ပတ် နေတဲ့လဟာ ကမ္ဘာနဲ့အနီးဆုံး ရောက်ရှိနေတဲ့အခိုက်အတန့်နဲ့ လပြည့်ဖြစ်စဉ်နဲ့ လာရောက်တိုက် ဆိုင်နေတဲ့ကာလဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှလကိုအကြီးမားဆုံး အရွယ်အစား၊ အတောက်ပဆုံး မြင်ကွင်းနဲ့မြင်ရတဲ့ဖြစ်စဉ်ကိုခေါ် ခြင်းဖြစ်ပါတယ်။ ကမ္ဘာ-လ-နေ အဖွဲ့အစည်းစနစ်မှာ ပညာရပ် အခေါ်အဝေါ်အနေနဲ့တော့ ဒီဖြစ် စဉ်ကို perigee-syzygy လို့ခေါ် ပါတယ်။ အမှန်တကယ်တော့ supermoon ဆိုတဲ့ဝေါဟာရဟာ နက္ခတ္တဗေဒဝေါဟာရမဟုတ်ပေ မယ့် ခေတ်သစ်နက္ခတ်ပညာရပ်မှ ပေါ်ထွက်လာတဲ့ဝေါဟာရဖြစ်ပါ တယ်။
လနှင့်မြေငလျင်လှုပ်ရှားမှု၊ ဆူနာမီကဲ့သို့သော ရေလှိုင်းဖြစ် စဉ်များ supermoon ဖြစ်စဉ် ကြောင့် အဆိုပါဖြစ်စဉ်များရဲ့ အန္တရာယ်ဟာ ပိုတိုးလာကြောင်း လူအများပြောဆိုလာကြသော် လည်း ယင်းဆက်စပ်မှုမှာ လက် တွေ့တွင်ခိုင်မာတဲ့သိပ္ပံအထောက်အထားတွေမတွေ့ရှိကြရသေးတဲ့ အတွက် လူအများ လက်မခံကြ သေးပါ။
လောလောဆယ်အနေဖြင့် အနီးကပ်ဆုံးဖြစ်ပေါ်ခဲ့သော su-permoon ဖြစ်စဉ်မှာ ၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်က ဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီး နောက်ထပ်အနီးကပ်ဆုံးဖြစ်စဉ်မှာ သြဂုတ် ၁၀ ရက်တွင်ဖြစ်လာမယ့် ဖြစ်စဉ်ဖြစ်ပါတယ်။ supermoon ဖြစ်စဉ်နဲ့ဆန့်ကျင်ဘက်ဖြစ်စဉ်ကို apogee-syzygy ဟုခေါ်ဆိုပြီး အများအားဖြင့် လူသိသိပ်မများလှပါ။
Supermoon ၏အဓိပ္ပာယ်သတ် မှတ်ချက်
လဟာ ကမ္ဘာမြေကို အီလစ် ပုံလမ်းနဲ့လှည့်ပတ်နေပြီး ကမ္ဘာနဲ့ အနီးဆုံးအကွာအဝေးမှာ ၃၅၇,၀၀၀ကီလိုမီတာ (၂၂၂,၀၀၀)မိုင် ဖြစ် ကာ အဝေးဆုံးအကွာအဝေးမှာ ၄၀၆,၀၀၀ ကီလိုမီတာ(၂၅၂, ၀၀၀)မိုင်ဖြစ်ပါတယ်။ NASA အဖွဲ့ကြီးရဲ့တိုင်းတာချက်အရ လဟာ supermoon ဖြစ်နေချိန် တွင် အရွယ်အားဖြင့် ၁၄ ရာခိုင် နှုန်းပိုကြီးလာပြီး တောက်ပမှုမှာ လည်း ၃၀ ရာခိုင်နှုန်းပိုမိုတောက် ပလာကြောင်းသိရပါတယ်။
ဝေါဟာရ
Supermoon ဆိုတဲ့ဝေါဟာ ရကို နက္ခတ္တဗေဒပညာရှင် ရစ် ချတ်နိုးလ်လီ(Richard Nolle)က ၁၉၇၉ ခုနှစ်မှာ အမည်ပေးထား ခဲ့ခြင်းဖြစ်ပါတယ်။ မူရင်းအဓိပ္ပာယ်သတ်မှတ်ချက်ကတော့ ပတ်လမ်းတစ်ခုဖြင့် ကမ္ဘာကို လှည့်ပတ်နေတဲ့လဟာ နေ၊ လ၊ ကမ္ဘာတို့ တစ်တန်းတည်းကျသွားတဲ့အချိန်မှာ လဟာ ကမ္ဘာနဲ့အနီးကပ်ဆုံးအကွာအဝေးသို့ရောက်ရှိ နေစဉ် တွေ့မြင်ရတဲ့အခြေအနေကိုခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။
အမှန်အားဖြင့် supermoon ဟူသောဝေါဟာရမှာ ပညာရပ် အခေါ်အားဖြင့် perigee-syzygy ဟုခေါ်ဆိုပြီး အဓိပ္ပာယ်မှာ နေ- လ-ကမ္ဘာတို့ တစ်တန်းတည်းကျ ရောက်နေစဉ် လဟာ ကမ္ဘာနဲ့ အနီးဆုံးအကွာအဝေးသို့ ရောက် ရှိနေခြင်းကို ခေါ်ခြင်းဖြစ်ပါတယ်။ ယင်းဖြစ်စဉ်ဟာ လပြည့် (full moon)သို့မဟုတ် လဆန်း (new moon)ဖြစ်စဉ်တိုင်းတွင် ကြုံတွေ့ နိုင်ပါတယ်။
ဖြစ်ပေါ်မှုကြိမ်နှုန်းများ
Full moon cycle ဆိုတာ ဟာ နေ-လ-ကမ္ဘာတစ်တန်း တည်းကျရောက်သောဖြစ်စဉ် တစ်ခုနှင့်တစ်ခုကြား ကြာမြင့်ချိန် ဖြစ်ပြီး အကြမ်းအားဖြင့် ၄၁၁ ဒသမ ၈ ရက်တွင် တစ်ကြိမ်ဖြစ် ပေါ်လေ့ရှိပါတယ်။ တစ်နည်း ပြောရပါက full moon (၁၄) ကြိမ်မြောက်ဖြစ်ပေါ်တိုင်း super moon တစ်ကြိမ်ဖြစ်ပေါ်တဲ့ သဘောဖြစ်ပါတယ်။ အကြမ်းအားဖြင့်လည်း full moon cycle တစ်ကြိမ်တွင် supermoon သုံးကြိမ်ဖြစ်ပေါ်လေ့ရှိပါတယ်။
ဒီရေများအပေါ် အကျိုးသက် ရောက်မှု
ကမ္ဘာပေါ်ရှိသမုဒ္ဒရာရေပြင် များအပေါ်တွင် နေနဲ့လတို့ရဲ့ ပူး တွဲအကျိုးသက်ရောက်မှုကြောင့် လဟာ full moon (သို့မဟုတ်) new moon ဖြစ်တိုင်း ကမ္ဘာပေါ်ရှိသမုဒ္ဒရာအတွင်းတွင် ဖြစ်ပေါ်သောဒီရေလှိုင်းတို့သည် အကြီးဆုံးဖြစ်ပေါ်လေ့ရှိပါတယ်။ အထူးသဖြင့် lunar perigee ဖြစ်သောကာလတွင် ဒီရေအတက် အကျဟာ အားအကောင်းဆုံး ဖြစ်ပါတယ်။ ယင်းကို perigean springtide ဟုခေါ်ဆိုပါတယ်။ ဒါပေမဲ့ ဒီရေဟာ လက်တွေ့ဒီရေလှိုင်းမှာလက်မအနည်းသာ အပြောင်းအလဲဖြစ်စေတတ်ပါတယ်။
သို့ရာတွင် ဒီရေအပေါ်၌ သက်ရောက်သောအားမှာ an inverse-cube law နဲ့ပြောင်းလဲ နေမှုကြောင့် ဒီရေလှိုင်းရဲ့အား ပမာဏမှာ ပျမ်းမျှတန်ဖိုးများ ထက် ၁၉ ရာခိုင်နှုန်းခန့်ပိုမိုအား ကောင်းနိုင်ပါတယ်။ သို့ရာတွင် ကမ္ဘာအရပ်ရပ်၌ ဖြစ်ပေါ်သော ဒီရေလှိုင်းများဟာ နေရာဒေသ အလိုက် အပြောင်းအလဲများရှိ တတ်ကြတဲ့အတွက် ဒီရေလှိုင်း များအပေါ် သိသိသာသာထူးခြား သော အကျိုးသက်ရောက်မှုကို တော့မတွေ့ကြရပါ။
၂၀၁၁ ခုနှစ်၊ မတ်လ ၁၉ ရက်တွင်ဖြစ်ပေါ်ခဲ့သော super moonဖြစ်စဉ်မှာ UK နိုင်ငံ Sol-ent ဒေသ၌ သင်္ဘောငါးစီး နစ်မြုပ်ခဲ့ရခြင်းတွင် supermoonနဲ့ဆက်စပ်မှုရှိနေကြောင်း ပြောဆိုမှုများရှိခဲ့သော်လည်း ယနေ့အချိန်အထိသက်သေအထောက် အထားပြသနိုင်ခြင်းမရှိသေးပါ။
သဘာဝဘေးအန္တရာယ်များ ကျ ရောက်ခြင်း
၂၀၁၁ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့ သော ဂျပန်နိုင်ငံတိုဟာကူ (Toha ku)ဒေသ၌ ရေအောက်မြေ ငလျင်လှုပ်ခဲ့ခြင်းနဲ့အတူ ဆူနာမီ ရေလှိုင်းများကျရောက်ခြင်းဖြစ် စဉ် ၂၀၀၄ ခုနှစ်၊ အိန္ဒိယသမုဒ္ဒရာ တွင်လှုပ်ခတ်ခဲ့သောရေအောက် မြေငလျင်နှင့် ဆူနာမီရေလှိုင်းများကျရောက်ခြင်းဖြစ်စဉ်စသည်တို့သည် supermoon ဖြစ်စဉ်နှင့် ဆက်စပ်မှုရှိကြောင်း လူအများက သုံးသပ်ပြောဆိုမှုကောလာဟလ ပြောဆိုမှုများ ရှိခဲ့သော်လည်း ယနေ့အချိန်အထိ ခိုင်မာသော သက်သေအထောက်အထားများ ပြသနိုင်ခြင်း မရှိသေးကြောင်း တွေ့ရပါတယ်။
၂၀၁၄ ခုနှစ်အတွင်းမှာ su-per moon ငါးကြိမ် ဖြစ်ပေါ်မှုရှိပါတယ်။ အဲဒါတွေကတော့ ဇန်နဝါ ရီလထဲမှာကျရောက်မယ့် လဆန်းကာလ new moon နှစ်ကြိမ်နဲ့ ဇူလိုင်လ၊ သြဂုတ်လနဲ့  စက်တင်ဘာလတွေမှာ ဖြစ်ပေါ်မယ့် လပြည့်ကာလ full moon(၃)သုံးကြိမ်တို့ ဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ်အနီး ဆုံး super moon ဟာ သြဂုတ်လ ၁၀ ရက် ဖြစ်ပါတယ်။ စာရင်းတွေကတော့ ဇန်နဝါရီ ၁ရက်နဲ့ ၃၀ မှာ new moon နှစ်ကြိမ်၊ ဇူလိုင် ၁၂ ရက်နဲ့ သြဂုတ် ၁၀ ရက်၊ စက်တင်ဘာ ၉ ရက်တို့မှာ full moon သုံးကြိမ်တို့ဖြစ်ပါတယ်။
သြဂုတ် ၁၀ ရက်မှာဖြစ်လာမယ့် supermoon
Supermoon ဖြစ်စဉ်ဟာ စကြဝဠာကြီးအတွင်းမှာရှိနေတဲ့ နက္ခတ္တဗေဒဖြစ်စဉ်တွေထဲက ပုံ မှန်ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ ကမ္ဘာကြီးနဲ့နီးကပ်နေတဲ့ နေ၊ လ၊ ကမ္ဘာဂြိုဟ်တွေဟာ ကိုယ်ပိုင်ပတ် လမ်းများနဲ့ရွေ့လျားနေကြရာမှာ နေကိုဗဟိုပြုလို့ ကမ္ဘာကနေကို အီလစ်ပုံပတ်လမ်းနဲ့ ပတ်နေ တယ်။ ဒါကြောင့် နေနဲ့ကမ္ဘာနဲ့ အကွာအဝေးဟာ အနီးဆုံးအကွာ အဝေးနဲ့ အဝေးဆုံးအကွာအဝေး ဆိုတာရှိလာတယ်။ တစ်ခါလက ကမ္ဘာကို အီလစ်ပုံပတ်လမ်းနဲ့ ပတ်နေပြန်တယ်။ ဒီတော့ လနဲ့ ကမ္ဘာနဲ့မှာလည်း အနီးဆုံးအကွာ အဝေးနဲ့ အဝေးဆုံးအကွာအဝေး ဆိုတာရှိလာတယ်။ တစ်ခါ နေကို ပတ်နေတဲ့ကမ္ဘာရယ်၊ ကမ္ဘာကို ပတ်နေတဲ့လရယ်ဟာ တစ်တန်း တည်းကျတဲ့ကာလဆိုတာ ပုံမှန် ရှိနေပြန်ပါတယ်။ အဲဒီအထဲကမှ နေရယ်၊ လရယ်၊ ကမ္ဘာရယ် တစ် တန်းတည်းကျနေတဲ့ကာလနဲ့ လဟာ ကမ္ဘာနဲ့အနီးဆုံးရောက်နေ တဲ့အချိန်နဲ့ လာရောက်တိုက်ဆိုင် လာတဲ့အခါ မြင်ရတဲ့လကို supermoon လို့ခေါ်ခြင်းသာဖြစ်ပါ တယ်။ အမြဲဖြစ်နေတဲ့အကြမ်း အားဖြင့် ၄၁၁ ဒသမ ၈ရက်တွင် တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်နည်းပြောရပါက full moon (၁၄) ကြိမ်မြောက်ဖြစ်ပေါ်တိုင်း supermoon တစ်ကြိမ်ဖြစ်ပေါ်တဲ့ သဘောဖြစ်ပါတယ်။ အကြမ်း အားဖြင့်လည်း full moon cycle တစ်ကြိမ်တွင် super moon သုံး ကြိမ်ဖြစ်ပေါ်လေ့ရှိပါတယ်။

ထူးခြားတာကတော့ နေ၊ လ၊ ကမ္ဘာတစ်တန်းတည်းကျနေ တာရယ်၊ လဟာကမ္ဘာနဲ့အနီးဆုံး အကွာအဝေးရောက်နေတာရယ်၊ လာရောက် တိုက်ဆိုင်နေတဲ့ အခိုက်အတန့်သာဖြစ်ပါတယ်။ ဒါဟာလည်း  နေ၊ လ၊ ကမ္ဘာတို့ ရဲ့ ပုံမှန်ဖြစ်စဉ် တစ်ခုသာဖြစ် ကြောင်းပါဗျာ။ သဘာဝဘေးများ ဖြစ်ပေါ်နိုင်တယ်လို့ ကောလာဟ လသတင်းများထွက်ရှိနေပေမယ့် အတည်ပြုနိုင်ဖို့ ဘာသိပ္ပံအ ထောက်အထားမှမရှိသေးပါဘူး လို့ ပညာရှင်များကသုံးသပ်ထား ပါတယ်။ ပင်လယ်ဒီရေအပေါ် မှာတော့ အကျိုးသက်ရောက်မှုရှိ နိုင်ပေမယ့်လို့ ကမ္ဘာဒေသအသီး သီးတို့ရဲ့ မတူကွဲပြားခြားနားတဲ့ ပထဝီဝင် အနေအထားတွေ ကြောင့် ဒါဟာလည်း ထူးထူးခြား ခြားမရှိတဲ့နေရာတွေ ကမ္ဘာပေါ် မှာ အများအပြားရှိနေကြောင်း ပါဗျာ။
မောင်တာထွန်းလွင် (မိုးလေဝသ)
Ref & Credit : 7Day News


















သေမင်းတမန် အီဘိုလာ ရောဂါ

အာဖရိကနိုင်ငံတချို့တွင် ကူးစက်ပျံ့ပွားလျက်ရှိသော အီဘိုလာဗိုင်းရပ်စ်သည် သေဆုံးမှုနှုန်း မြင့်မားလာနေပြီး ကမ္ဘာ့ ပြည်သူ များ အကြားတွင် ယင်းဗိုင်းရပ်စ် ကူးစက်ရောဂါကြီးတခုသဖွယ် ပျံ့နှံ့ ကူးစက်လာမည်ကို စိုးရိမ်လာ ကြ သည်။ မြန်မာနိုင်ငံတွင် အီဘိုလာ ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး နယ်စပ်ဝင်ပေါက်နှင့် လေဆိပ် ၀င်ပေါက်များတွင် စောင့်ကြည့် စစ်ဆေး လျက်ရှိသည်။ လူပေါင်း များစွာ ကူးစက် သေဆုံးစေသော အီဘိုလာဗိုင်းရပ်စ်အကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် The New York Time အွန်လိုင်းစာမျက်နှာတွင် ရေးသားဖော်ပြမှုကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။
မေး။ ။ အီဘိုလာ ဗိုင်းရပ်စ် ဘယ်ကလာတာလဲ။
ဖြေ။ ။ အီဘိုလာဗိုင်းရပ်စ်ကို ၁၉၇၆ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး မူလဇစ်မြစ်မှာ မျောက်ဝံများဖြစ်သည်ဟု မူလက ယူဆခဲ့ကြ သည်။ လူသားများတွင် ဖြစ်ပွားမှုသည် လူများက မျောက်ဝံသား စားကြပြီး နောက်ပိုင်းတွင် ပေါ် ပေါက်ခဲ့ခြင်း ကြောင့် ဖြစ်သည်။ လက်ရှိအချိန်တွင်သိပ္ပံ ပညာရှင်များက လင်းနို့များသည် အီဗိုလာဗိုင်းရပ်စ်ကို သဘာဝ အလျောက် သယ်ဆောင်နေသူများ အဖြစ် ယူဆနေကြသည်။ မျောက်ဝံများနှင့် လူသားများက စားသုံးရန် ဖမ်းဆီးသည့်အခါ လင်းနို့များ၏ သွားရည် သို့မဟုတ် အညစ်အကြေး သို့မဟုတ် ရောဂါရှိနေသည့် လင်းနို့ပြုတ်ကျသည့်နေရာ သို့မဟုတ် မျက်လုံးနှင့်ပါးစပ်များကို ထိတွေ့ မိသူ တို့ကို ကူးစက်နိုင်သည်။ လက်ရှိ ရောဂါဖြစ်ပွားမှုသည် လင်းနို့များ ဖမ်းဆီးသည့် အလေ့အထရှိသော ဂီနီ နိုင်ငံ Guéckédou အနီးရှိ ကျေးရွာတရွာမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟု နယ်စည်းမထား ဆရာဝန် များ အဖွဲ့ကဆိုသည်။
မေး။ ။ ဗိုင်းရပ်စ် ပိုး မည်သို့ ကူးစက်သနည်း။
ဖြေ။ ။ အီဗိုလာ ဗိုင်းရပ်စ်သည် တုပ်ကွေးနှင့် အသက်ရှုလမ်း ကြောင်းဆိုင်ရာ ဗိုင်းရပ်စ် ဖြစ်သည့် SARS တို့ကဲ့သို့ လေထုမှ တဆင့် ပျံ့ပွားခြင်း မရှိပါ။ ကိုယ်ခန္ဓာမှ ထွက်သည့် အရည်များမှ တဆင့်သာ ပျံ့ပွားသည်။ ရောဂါပိုးရှိနေသူ၏ သွေး၊ သို့မဟုတ် အော့အံလိုက်သော အရည် စသည်တို့သည် အခြားသူတဦး၏ မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်ထဲသို့ ၀င်ရောက်ခြင်းမှတဆင့် ရောဂါကူး စက်သည်။ ယခု နောက်ဆုံး ဖြစ်ပေါ်ခဲ့ သောကိစ္စတွင် ရောဂါကူးစက်မှုအများစုမှာ ရောဂါရှိသူ များကို ပြုစုပေးနေသည့် ဆွေ မျိုးသားချင်းများ သို့မဟုတ် ရောဂါကြောင့် သေဆုံးသူများကို မြေမြှုပ် သဂြိုလ် ပေးသူများသို့ ကူးစက်ခြင်းက အများစု ဖြစ် နေသည်။ ကျန်းမာရေး ၀န်ထမ်းများအတွက် အန္တရာယ်ကြီး မားနေ သည်။
အထူးသဖြင့် အကာအကွယ် ပစ္စည်း ပြည့်စုံမှန်ကန်စွာ ၀တ် ဆင်ထားခြင်း မရှိသူများ သို့မဟုတ် ဘေးကင်းလုံခြုံမှု ရှိစေရန် ကာကွယ်ရေးအတွက် ကောင်းစွာလေ့ကျင့်သင်ကြားခဲ့ခြင်း မရှိသူများ ဖြစ်သည်။ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသော လူနာကို ထိတွေ့ကိုင်တွယ်ထားသော ရာဘာလက်အိတ် သို့မဟုတ် လူနာ၏ အရေပြားအတွင်းသို့ ထိုးသွင်းအသုံးပြုထား သည့် ဆေး ထိုးအပ်များမှတဆင့်လည်း ဗိုင်းရပ်စ်ကူးစက်နိုင်သည်။
မေး။ ။ အီဘိုလာဗိုင်းရပ်စ်ကြောင့် လတ်တလော လူဘယ်လောက်သေ ဆုံးခဲ့ပြီးပြီလဲ။
ဖြေ။ ။ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေသည့် ဂီနီ၊ လိုက်ဘေးရီးယား နှင့် ဆီရာလီယွန်တို့တွင် မတ်လမှ စ၍ လူ ၁၆၀၀ ကျော် ကူးစက်ခံရပြီး ထက်ဝက်ကျော် သေဆုံးခဲ့ ပြီး ဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရသိရသည်။ ရောဂါဖြစ်ပေါ်မှု မှတ်တမ်းများတွင် အကြီးမား ဆုံးလည်း ဖြစ်သည်။ နိုင်ဂျီးရီးယား နိုင်ငံကလည်း အီဘိုလာ ဗိုင်းရပ်စ်ကူးစက် နိုင်သည့် ဖြစ်စဉ်ကိစ္စတခု တွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့သည်။ နိုင်ဂျီးရီးယား နိုင်ငံသို့ ရောက်ရှိလာသော လိုက်ဘေးရီးယား နိုင်ငံ သား တဦး ဇူလိုင်လ ၂၅ ရက်နေ့က သေဆုံးခဲ့ခြင်း ဖြစ်သည်။ ရောဂါဖြစ် စေသည့် ဗိုင်းရပ်စ်ကို စတင်ရှာဖွေ တွေ့ရှိခဲ့သည့် ၁၉၇၆ ခုနှစ်ဖြစ်ရပ် နောက်ပိုင်းတွင် လူသေပျောက်မှု အများဆုံး ဖြစ်သည် ဟု လေ့လာသူများက ခန့်မှန်းထားသည်။
မေး။ ။ ဘာကြောင့် အီဘိုလာကို ထိန်းသိမ်းရန် အလွန်ခက်ခဲရသနည်း။
ဖြေ။ ။ အာဖရိက အနောက်ပိုင်း ဒေသအချို့တွင် အီဘိုလာ ဆိုသည့်အမည်ကို ကျယ်ကျယ်ပြောလိုက်ရုံမျှဖြင့် ရောဂါ ပေါ်ပေါက် လာနိုင်သည်ဟု ယုံကြည်မှုများ ရှိနေသည်။ အဆိုပါ ယုံကြည်မှုများက ရောဂါဖြစ်ပွားမှုကို တွန်းလှန်နေကြသော နယ်စည်း မထားဆရာဝန်များကဲ့သို့သော ဆေးပညာရှင် အဖွဲ့များအတွက် ကြီးမားသည့် အခက်အခဲအတားအဆီးများ ဖြစ်စေသည်။ ဆရာဝန်များကြောင့် ရောဂါပိုး ပြန့်ပွားရသည်ဟု လူအချို့က အပြစ်ဆိုကြပြီး ရိုးရာ ပျောက်စေ ဆရာများနှင့်သာ ကုသမှု ခံယူကြသည့် အဖြစ်များပင်ရှိနေသည်။ အတိတ်က ဖြစ်ရပ်များအတွင်း စနစ်တကျ ကြိုတင် ကာကွယ်မှု မပြုလုပ်ခဲ့သည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကြောင့်လည်း ရော ဂါ ပျံ့ပွားရခြင်းများ ရှိခဲ့သည်။
မေး။ ။ အီဘိုလာ ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုလျှင် မည်သည့်လက္ခဏာများ ခံစားရသနည်း။
ဖြေ။ ။ များသော အားဖြင့် ကူးစက်ခံရပြီး ၈ရက်မှ ၁၀ ရက်အတွင်း ရောဂါ လက္ခဏာများ စတင်ပေါ်ပေါက်လာသည်ဟု ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စန်တာ၏ အဆိုအရသိရသည်။ အစပိုင်းတွင် တုပ်ကွေးနှင့် ဆင်တူပြီး ခေါင်းကိုက် ခြင်း ၊ ဖျား ခြင်း၊ ကိုယ်လက် နာကျင်ကိုက်ခဲခြင်းများ စတင်ခံစားရသည်။ တခါတရံတွင် ရောဂါ အလျှင်အမြန်တိုးလာပြီး ၀မ်းလျှော ခြင်း နှင့် အော့အန်ခြင်းများ ဖြစ်ပေါလာသည်။
ထို့နောက် (ရောဂါ ဖြစ်ပွားမှု တ၀က်လောက်တွင်) ပိုမိုဆိုးရွားလာပြီး ရောဂါခံစားနေရသူများကိုယ်ခန္ဓာမှ အလွန်အကျွံ သွေးယို စီးခြင်းများ ဖြစ်လာစေသည်။ သွေးအန်ခြင်း၊ ဆီးတွင် သွေးပါခြင်း သို့မဟုတ် အရေပြားအောက် သို့မဟုတ် မျက်လုံးများ၊ ပါးစပ်များမှ သွေးယိုစီးခြင်းများ ဖြစ်လာသည်။ သို့သော်လည်း သာမန်အားဖြင့် သွေးယို စီးခြင်းကြောင့် လူနာ သေဆုံးခြင်း မဟုတ်ပါ။ ကိုယ်ခန္ဓာအတွင်းမှ သွေးကြောများမှ အရည်များယိုစီးထွက်လာခြင်းကြောင့် သွေးပေါင် ချိန် အလွန်အမင်း ကျဆင်းသွားကာ နှလုံး၊ ကျောက်ကပ်နှင့် အသည်းနှင့် ကိုယ်ခန္ဓာ၏ အခြားအစိတ်အပိုင်းများကို ပျက်စီးစေ သည်။
မေး။ ။ အီဘိုလာ ဗိုင်းရပ်စ်ကို မည်သို့ ကုသနိုင်သနည်း။
ဖြေ။ ။ အီဘိုလာဗိုင်းရပ်စ်အတွက် ကာကွယ်ရန် သို့ မဟုတ် ကုသရန် ဆေးမရှိပါ။ ယခင်ဖြစ်ပွားခဲ့မှုများတွင် အသက် သေဆုံးမှု ၆၀မှ ၉၀ ရာခိုင်နှုန်းအထိရှိခဲ့သည်။ ဆရာဝန်များ လုပ်နိုင်ခဲ့သည်မှာ ဝေဒနာခံစားနေရသူများကို သက်သာမှု ရရှိစေပြုစုပေး ခြင်းသာ ဖြစ်သည်။ သွေးပေါင်ချိန်ကို ထိန်းသိမ်းနိုင်ရန်အတွက် ဆေးရည်များသွင်းပေးခြင်းနှင့် ၎င်းတို့၏ အင်အား နည်း စေသည့် ကိုယ်ခန္ဓာကို အခြားကူးစက်မှုများ မတိုက်ခိုက်နိုင်ရန် ကုသမှုပေးခြင်းများသာဖြစ်သည်။ ရာခိုင်နှုန်း အနည်းငယ် မျှသော ဝေဒနာရှင်များသာ အီဘိုလာဗိုင်းရပ်စ်ကို ခုခံကာကွယ်နိုင်သည့် အသွင်ပြခဲ့ပေသည်။
The New York Tim
Ref & Credit : Express Times

10 August, 2014

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး (အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။

ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။

ဝိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။

ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။

အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

08 August, 2014

သင်မသိသေးတဲ့ ဒုတိယကမ္ဘာစစ်အကြောင်း အချက် (၁၀) ချက်


ဒုတိယကမ္ဘာစစ်ပွဲဟာ ၁၉၃၉ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ခြောက်နှစ်ကြာမြင့်ခဲ့ပါတယ်။ ဂျာမနီ၊ ဂျပန်၊ အီတလီ၊ ဟန်ဂေရီစတဲ့ ၀င်ရိုးစွန်းနိုင်ငံများအဖွဲ နဲ့ ဆိုဗီယက်ယူနီယံ(ရုရှား)၊ ဗြိတိန်၊ တရုတ်၊ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု စတဲ့ မဟာမိတ်နိုင်ငံတွေက တစ်ဖက် တိုက်ပွဲဆင်နွှဲခဲ့ကြပြီး ကမ္ဘာ့လူဦးရေ သန်းပေါင်း ၅၀ ကနေ ၈၀ အထိ သေဆုံးခဲ့ပြီး လူသားသမိုင်းတစ်လျှောက် လူအသေအပျောက်အများဆုံး စစ်ပွဲ တစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်နဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ အချက် (၁၀) ချက်ကို ကြည့်ကြည့်ရအောင်။
၁။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တပ်မတော်ဟာ တရုတ်နိုင်ငံအပေါ် ပလိပ်ရောဂါကူးစက်နေတဲ့ သန်း၊မွှား တွေ ဗုံးကြဲချခဲ့ပါတယ်။
၂။ ဒုတိယကမ္ဘာစစ်အတွင်း အသက် ၁၃ နှစ်ကနေ ၇၀ အရွယ် ဂျာမနီအမျိုးသမီးပေါင်း ၂ သန်းခန့် ကို ဆိုဗီယက်ယူနီယံရဲ့ တပ်နီတော်က မုဒိန်းကျင့်ခဲ့ပါတယ်။
၃။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး နှစ်ပေါင်း ၂၉ နှစ်ကြာမြင့်ပြီးတဲ့အထိ ဂျပန်ဘုရင့်တပ်မတော်က စစ်သားတစ်ယောက်ဟာ လက်နက်ချအညံ့မခံဘဲ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ ပုန်းအောင်းနေခဲ့ပါတယ်။ နှစ်ပေါင်းသုံးဆယ်ခန့် ကြာမြင့်ပြီး ၁၉၇၄ ခုနှစ်ကျမှ သူ့ ရဲ့ တပ်မှူးဟောင်းက စစ်ပြီးဆုံးသွားပြီလို့  မျက်နှာချင်းဆိုင် တွေ့ ဆုံပြီး သွားဖျောင်းဖျခဲ့မှ လက်နက်ချခဲ့တာပါ။
၎။ ဗြိတိသျှဘုရင်မ Queen Elizabeth II ဟာ ဒုတိယကမ္ဘာစစ်အတွင်း စက်ပြင်တစ်ယောက်အနေနဲ့ ပါဝင် အမှုထမ်းခဲ့ပြီး ယာဉ်မောင်းအနေနဲ့ ပါ တာဝန်ယူခဲ့ပါသေးတယ်။
၅။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ တရုတ်လူမျိုးအရေအတွက်ဟာ ဂျာမန်နာဇီတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ဂျူးလူမျိုးအရေအတွက်ထက် ပိုများပြားပါတယ်။
၆။ ရုရှားနိုင်ငံနဲ့ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပါဘူး။ တရားဝင်စာချုပ်သဘောအရဆိုရင် ရုရှားနဲ့ ဂျပန်ဟာ အခုအချိန်ထိ စစ်ပွဲဖြစ်နေတုန်းလို့  ဆိုနိုင်ပါတယ်။ Kuril ကျွန်းစုပိုင်ဆိုင်မှု အငြင်းအခုံကြောင့် လက်မှတ်မရေးထိုးခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်အထိ ဒီပြဿနာက ပြေလည်ခြင်းမရှိခဲ့ပါဘူး။
၇။ ၁၉၂၃ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့ ဆိုဗီယက်လူမျိုး ယောင်္ကျား ၈၀ ရာခိုင်နှုန်းဟာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့ရပါတယ်။
၈။ ဒုတိယကမ္ဘာစစ်ကို အနိုင်ရအောင်မြင်ပြီး ၁၉၄၅ ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ ၀င်စတန်ချာချီ ကျရှုံးခဲ့ပါတယ်။
၉။ ဟစ်တလာ ဟာ အမေရိကန်ရေတပ်မတော်ထဲ ၀င်ပြီး ဂျာမနီကို တိုက်ခိုက်ဖို့ လုပ်ခဲ့တဲ့ လီဗာပူးလ်မြို့ က သူ့ရဲ့ တူဖြစ်သူနေအိမ်ကို ဗုံးကြဲချခဲ့ပါတယ်။
၁၀။ တကယ်လို့ စစ်သားတစ်ယောက်ယောက်ဟာ သူ့ ရဲ့ ဘာသာတရားယုံကြည်ချက်တွေက စစ်ပွဲတိုက်ခိုက်ဖို့  ပိတ်ပင်ထားတယ်ဆိုရင် အထူးတပ်ဖွဲ့ မှာ တာဝန်ထမ်းဆောင်နိုင်ခဲ့ပါတယ်။
Trend