29 December, 2014
မြန်မာပြည်နည်းပညာလောက တိုးတက်ဖို့ သင်ကူညီနိုင်ပြီဆိုရင် သင်ကူညီနိုင်မလား ???
လား ..... လား ..... လား ........ လား ..........
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မြန်မာနိုင်ငံသားမှန်ရင် အောက်က မေးခွန်းလေးကို ဖတ်ပေးပါ။
--------------------------------------------------------------------
သင့်နိုင်ငံရဲ့ မိခင်ဘာသာ စကားကို လေးစား တန်ဖိုးထားပါသလား။ 
နိုင်ငံတကာမှ ထုတ်လုပ်ထားသော Digital Device များတွင် မြန်မာဘာသာ ပါ၀င်လိုပါသလား။ 
အင်တာနက်တွင် တိကျသည့် ရှာဖွေပေးမှု့များ ရယူလိုပါသလား။ 
အင်တာနက်ရှိ မည်သည့်ဘာသာဖြင့် ရေးသားထားသည့် မည်သည့် webpage မဆို မြန်မာဘာသာဖြင့် Auto translate လုပ်ပြီး အသုံးပြုလိုပါသလား။ 
နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ပြီး သတင်း၊ အချက်အလက်များကို လျှင်မြန်လွယ်ကူစွာ ဖလှယ်လိုပါသလား။ 
နိုင်ငံခြားသား Programmer များမှ ရေးသားထားသော Software များတွင် မြန်မာဘာသာ ပါ၀င်လိုပါသလား။ 
မြန်မာနိုင်ငံရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအို့ စသည့် တိုင်းရင်းသားများရဲ့ မိခင်ဘာသာတွေကို သင်လေးစားတန်ဖိုးထားသလား။ ဒီတိုင်းရင်းသားများ၏ ဘာသာကို မြန်မာစာနှင့် ရင်ဘောင်တန်းစေဖို့ရော ဆန္ဒရှိသလား။ 
 လား ..... လား ..... လား ........ လား ..........
အပေါ်က အနည်းငယ်မျှသော မေးခွန်းလေးတွေကို သင်ခေါင်းညိတ် လက်ခံခဲ့မယ်ဆိုရင်တော့ ယနေ့ကစပြီး မြန်မာနိုင်ငံရဲ့ နည်းပညာလောကကြီး တိုးတက်သွားစေဖို့ ဆိုရင် ကျနော်တို့ တစ်ပွဲထိုး လက်ပူတိုက် သေးနေရသော Zawgyi ကို စတင်စွန့်လွှတ်ပြီး Unicode စစ်အမှန်ကို ပြောင်းလဲ(အစားထိုး) အသုံးပြုကြဖို့ အချိန်တန်ပြီဆိုတာ သတိပေးလိုက်ပါရစေ ....
သင် unicode ကို ပြောင်းသုံးယုံမျှဖြင့် အဲ့ထက် ပိုသော အခွင့်အရေးပေါင်းများစွာကို ရယူပိုင်ဆိုင်ဖို့ ကူညီပြီးသား ဖြစ်သွားတယ်ဆိုတာကို လက်ခံတယ်ဆိုရင်တော့ ဒီနေ့ကစပြီး Unicode ကို အသုံးပြုကြပါစို့ .........
ref: winkabarkyaw
23 December, 2014
ကမာၻေပၚမွာ အသံုးအမ်ားဆံုး ဘာသာစကား ၁၀ မ်ိဳး
၁ ။ Mandarin(မန်ဒရင်း - တရုတ်ဘာသာစကား)
မန်ဒရင်းဘာသာစကားကို အသုံးပြုသူဦးရေဟာ ကမ္ဘာပေါ်မှာ ၉၅၅ သန်းကျော်ရှိ
ပြီး ကမ္ဘာပေါ်မှာ လူသုံးအများဆုံး ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ မန်ဒရင်းဘာသာ
စကားဟာ တရုတ်နိုင်ငံနှင့်ထိုင်ဝမ်တို့မှာ အစိုးရရုံးသုံးဘာသာစကားအဖြစ် ပြဌာန်း ထား
ပါတယ်။ ကမ္ဘာပေါ်မှာလူဦးရေရဲ့ ၁၄.၄ ရာခိုင်နှုန်းလောက်ဟာ မန်ဒရင်းဘာသာ
စကားကို မိခင်ဘာသာစကားအဖြစ် ပြောဆိုနေကြပါတယ်။
၂ ။ Spanish(စပိန်ဘာသာစကား)
စပိန်ဘာသာစကားကတော့ ကမ္ဘာပေါ်မှာ ဒုတိယလူပြောအများဆုံး ဖြစ်ပါတယ်။
အမေရိကမှာလဲ အပြောများသလို ဥရောပမှာဆိုရင်တော့ ပိုပြီး လူသုံးများတဲ့ ဘာသာ
စကားတစ်ခု ဖြစ်ပါတယ်။ စပိန်ဘာသာစကားကို အသုံးပြုပြီး ပြောတဲ့လူဦးရေကတော့
၄၀၅ သန်းကျော်ပါတယ်။
သိသင့်စရာ ၀မ်းပျက်ဝမ်းလျှော်ရောဂါ
ဝမ်းပျက်၊ ဝမ်းလျှောဆိုတာကိုလူတော်တော် များများအနည်းနဲ့အများတော့ ကြုံဖူး
ကြမှာပါ။ အစာလည်းဆေး၊ ဆေးလည်း အစာဆိုသည့်အတိုင်း အစားမှားသွားလို့ ဝမ်းပျက်ရပါ တယ်ဆိုတာကို ကလေး၊ လူကြီးအများခံစားဖူးကြပါ တယ်။
တချို့လည်း မသန့်ရှင်းတဲ့အစားအစာစားပြီး ခဏအတွင်းဖြစ်သလို တချို့လည်း နည်းနည်းကြာမှ ကောက်ဖြစ်တတ်တာမျိုးပါ။
ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို ဘယ်လိုသတ်မှတ်ထားပါ သလဲ။
**************************************************************
19 December, 2014
ကမ္ဘာကျော် မြန်မာလမ်းမကြီးများ
ကမ္ဘာကျော် မြန်မာလမ်းမကြီးများ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®
ဒုတိယကမ္ဘာစစ်ကြီးအတွင်း လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော်က မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်ခဲ့သော လမ်းမကြီး နှစ်ခုသည် ကမ္ဘာကျော်စစ် သုံးအဝေးပြေး လမ်းမကြီးများအဖြစ် ယနေ့တိုင်ထင်ရှားစွာ ရပ်တည် လျက်ရှိပေ သည်။ တစ်ခုသော လမ်းမှာ မြန်မာလမ်းမကြီးဟု ထင်ရှားကျော်ကြား သည့် အဝေးပြေး လမ်းမကြီး ဖြစ်ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တို့ကို သွယ်တန်းလျက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းနှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် လားရှိုးမြို့တို့ကို ဆက်သွယ်ထားသည်။ ယင်းလမ်းမကြီးကို မြန်မာနိုင်ငံအား ဂျပန်တို့သိမ်းပိုက်ထားခဲ့စဉ်အချိန်က ဖောက်လုပ်ခဲ့သည်။
ဒုတိယလမ်းမှာ လီဒိုလမ်းမကြီးဟု ထင်ရှားပြီး အိန္ဒိယနိုင်ငံ အာသံပြည်နယ်နှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်တို့ကို မြန်မာ နိုင်ငံ ကချင်ပြည်နယ် ရှင်ဘွေယန်၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့ များကို ဖြတ်သန်းဖောက်လုပ်ထားသည်။
နံနက်ခင်းမှ ည အထိ စွမ်းအင်ပြည့်ဝကျန်းမာစေရန်
နံနက်ခင်းမှ ည အထိ စွမ်းအင်ပြည့်ဝကျန်းမာစေရန်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®
တစ်နေကုန်စွမ်းအင်ပြည့်ဝပြီး တက်ကြွလန်းဆန်းနေစေဖို့ ပင်ပင်ပန်းပန်းလုပ်စရာမလိုဘဲ ပြုလုပ်နေကျ အကျင့်တွေကို ပြင်လိုက်ရုံနဲ့ အကျိုးရှိတယ်ဆိုတာ သိပါသလား။ အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။
လှုပ်ရှားမှုပြုလုပ်ပါ။မနက်စောစောလေ့ကျင့်ခန်းလုပ်လေ့ရှိပါသလား။ ပြင်းပြင်း
ထန်ထန်မဟုတ်တာင် လမ်းတို လျှောက်တာလောက်တော့ လုပ်ပေးသင့်ပါတယ်။ ဂျော်ဂျီယာတက္ကသိုလ်ရဲ့ လေ့လာချက်တွေအရ
လေ့ကျင့်ခန်း လုပ်တဲ့သူတွေဟာ အမောခံနိုင်တဲ့အပြင် တစ်နေကုန် စွမ်းအင်ပြည့်ဝကာ အလုပ်ကိုလည်း အာရုံစူးစိုက်မှု ကောင်းစေတယ်လို့ သိရပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာကြောင့် ကိုယ်ခံစွမ်းအားကို ၂၀ရာခိုင်နှုန်းထိ မြင့်တက်စေပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်ပါတယ်။
မနက်စာကိုကောင်းကောင်းစားပါ။
ဆေးဖြစ်ဝါးဖြစ် သစ်သီးဝလံများ
အရင်တုန်းကတော့ အသီးအနှံတွေကသဘာဝအတိုင်း ရာသီစာအဖြစ် ပေါ်ပေါက်ခဲ့ကြတာပါ။ သစ်သီးဝလံသီးတဲ့ အပင်တွေ၊ အစေ့ကိုမျိုးပြန့်ပွားစေတဲ့ တိရစ္ဆာန်တွေကနေအချိန်အခါ ရာသီလိုက်လို့ စားသုံးကြရတာပါ။
17 December, 2014
စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် websiteများ
၁  Free Books Pot အဲ့ ဒီ ဆိုက်မှာ ခေါင်းစဉ်ခွဲ  ၉၆ခု ရှိပြီးတော့ Free down လို့ ရတဲ့ စာအုပ်ပေါင်း ၄၀၀၀ကျော် ရှိပါတယ်
၂  Free-Ebooks ဒီဆိုက်မှာတော့  Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့  စာရေးဆရာ / စာအုပ်အမည်တွေကိုပါ ရေးပြီးတော့ရှာနိုင်ပါတယ်
Get Free Books ဒီဆိုက်မှာတော့ စာအုပ်အားလုံး နီးပါးကို Free Download ရယူနိုင်ပါတယ်
၅  Free Computer Books ဒီဆိုက်မှာတော့  ကွန်ပြူတာနဲ့ ပတ်သက်ပြီး လေ့လာချင်သူများ အတွက် အထူးသင့်လျော် တဲ့ ဆိုက်တစ်ခုပါ
ခေါင်းစဉ်ခွဲပေါင်း ၁၅၀ရှိပါတယ် ကိုယ်လိုချင်တဲ့ ကွန်ပြူတာစာအုပ် တော်တော်များများကိုလည်း ရှာဖွေတွေ့ ရှိနိုင်ပါတယ်