29 January, 2014

Facebook မှာ ဖွက်ထားတဲ့ Log-in Mail တွေကို ဘယ်လို ကြည့်မလဲ ?

Facebook မှာ ဖွက်ထားတဲ့ Log-in Mail တွေကို ဘယ်လို ကြည့်မလဲ ??
=====================================

Facebook မှာ ကိုယ့် သူငယ်ချင်းတွေရဲ့ Profile ကို ၀င်ကြည့်ဖူးကြတယ်ဟုတ် ?

About ဆိုတဲ့ နေရာမှာ တချို့က ကိုယ့်ရဲ့ G-mail ကို ပြထားတယ်...တချို့က ဖွက်ထားတယ်..

ဖွက်ထားတဲ့ G-mail သိရင်တော့ အဲ့ဒီ့ Account ကို Attack လုပ်ပေါ့ :3

ပထမဆုံး ကိုယ့်ရဲ့ Facebook Account ကို Log-in ၀င်ထားရပါလိမ့်မယ်..
ပြီးရင်.. www.outlook.com ကိုသွားပါ။။...အကောင့်သစ် တစ်ခုဖွင့်ပါ...
Alternate Email နေရာမှာ. ကိုယ့် Facebook Account ရဲ့ Log-in Mail ကို ထည့်ပါ..

အကောင့်ဖွင့် ပြီးသွားရင် ပုံ ၁ က အတိုင်း ပေါ်လာပါလိမ့်မယ်... မြှားပြထားတဲ့ အတိုင်း ဘယ်ဘက်ထောင့် က Outlook ဆိုတဲ့ ဘေးနားက မြှားကိုနှိပ်ပါ..
Tab လေးခု ပေါ်လာရင် .People ဆိုတဲ့ အနီကွက်လေးကို နှိပ်ပါ.. လောလောဆယ်တော့ Facebook နဲ့ မချိတ်ရသေးတဲ့ အတွက် No Contact လို့ ဘယ်ဘက်မှာ ပြပါလိမ့်မယ်..

မြှားပြထားတဲ့ အတိုင်း.. Facebook Friends ဆိုတာကို နှိပ်လိုက်ပါ... Window တစ်ခု ထပ်ပွင့်သွားပြီး Permissoon တောင်းရင် Connect ကို နိပ်လိုက်ပါ... Facebook ထဲက Profile တွေ ပေါ်လာပါလိမ့်မယ်..
ပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း Import email addresses from Facebook ကို နှိပ်ပါ.
.ပေါ်လာတဲ့ Box ထဲမှာ Facebook Logo ကို Click တစ်ချက်ကျွေးလိုက်ပါ..Box တစ်ခု ထပ်ကျလာရင် Okay နှိပ်ပေးပါ..
ပြီးရင် ခဏလောက်စောင့်ပေးပါ.. Sync လုပ်နေတဲ့ အတွက် ခဏစောင့်ပါ.. Refresh လုပ်ပေးပါ.. ပြီးရင်တော့ ဘေးနားက Friend တစ်ယောက်ရဲ့ ပုံကို ထောက်ကြည့်ပါ..
သူ့ရဲ့ Profile ပေါ်လာပါလိမ့်မယ်.. အဲ့ထဲမှာ Log-in mail ဆိုတဲ့ ဟာလည်း ပါတာပေါ့ :)

~>Einstein Kelvin<~
<Mynamar IT Group>

ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန်

ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန်?
===================
ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ?
=====================================

(ရေခဲရေနဲ့ ရေနွေးတွေကို မဆိုလိုပါ။ ရိုးရိုးသောက်ရေသန့်ကိုသာသောက်ပါ)

(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်း ကလီစာများကို ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ယာ ထတာနဲ့ သောက်ရေ ၂-ခွက် သောက်ပေးရပါမယ်။

(၂) အစာကြေညက်စေဖို့ ထမင်းမစားခင် နာရီဝက်ကြိုတင်၍ ရေ ၁- ခွက် သောက်ပေးရပါမယ်။

(၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့ ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။

(၄) လေဖြတ်/နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။

(၅)အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တရေးနိုးတဲ့အခါ ရေထသောက်ပေးပါ။

- ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ ?
အမေရိကန် ကျန်းမာရေးသုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲ့ ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်းဆုံး ဖြစ်ကြပါတယ်တဲ့။

အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ/ ရိုးရိုးရေအေး မသောက်ကြဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါဘဲ။

အထူးသဖြင့် ထမင်းစားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့အဆီအနှစ်တွေက(ဥပမာပြရရင် ရေခဲရေနဲ့ တွေ့တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး၊ အစာကောင်းစွာ မချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။
ဒါ့ပြင် ထမင်းဟင်း ပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့ အခါများမှာလည်း၊ အပူအအေး တပြိုင်နက်တည်း တွေ့ လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။ အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်ဆစ်ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ်။

ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ(သို့မဟုတ်)ရေနွေးဖြူ(သို့မဟုတ်)ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုပ် မနင်အောင်မျှောချကြပါရန်နှင့် ထမင်းစားပြီး အနည်းဆုံး နာရီဝက်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိ ကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်းမှာ အကြံပေးဖော်ပြသွားခဲ့ပါတယ်။

သို့ပါ၍ ဤကျန်းမာရေးဆောင်းပါးကို ဖတ်ရှုပြီးနောက်၊ မိမိကိုယ်ကို ဆင်ခြင်ကြပြီး၊ မိသားစု/ဆွေမျိုး/မိတ်ဆွေများအားလုံးကိုလည်း ကျန်းမာရေးအသိပေး မျှဝေပေးခြင်းဖြင့် လူ ၁၀-ယောက်မှာ အနည်းဆုံး၁-ယောက်ကို အသက်ကို ကင်တင်နိုင်မှာ ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ်။

( ဆောင်းပါးရှင် အမည် ပေါက်ပေါက် )

ကင်ဆာရောဂါ အတွက် အထူးဂရုပြုသင့်တဲ့ အစားအစာ (၁၀)မျိုး

(၁) မျိုးရိုးဗီဇပြုပြင်ထားတဲ့ သစ်သီးဝလံဟင်းသီးဟင်းရွက်များ
===================================
သဘာဝနည်းနဲ့ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ တို့ကို ဈေးကွက်အတွင်းရောက်ရှိဖို့ သင့်တင့်တဲ့ကာလတစ်ခုစောင့်ဆိုင်း ရပါတယ်။ ဒါပေမယ့် GMO(ခေါ်)သဘာဝလွန်စိုက်ပျိုးနည်းတွေသုံး ပြီး ဆေးထိုး၊ ဆေးဖျန်း၊ ဆေးအုပ်ခြင်းများပြုလုပ်နေခြင်းက အခွံဖယ် စားသုံးရသော အခွံမာသီးတွေကပြဿနာသိပ်မရှိသော်လဲ ဥပမာ အခွံပါ ဝါးစားရတဲ့ ခရမ်းချဉ်၊ စပျစ်၊ စတော်ဘယ်ရီတွေနဲ့ ပဲသီးအမျိုးမျိုး၊ ဂေါ်ဖီထုပ်အပါအဝင် ဟင်းသီးဟင်းရွက်အားလုံးကို ရေစင်စင် မဆေး ကြောဘဲစားသုံးမိရင် ဓာတုဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် အစာအဆိပ်သင့်ရုံသာမက ကင်ဆာရောဂါတွေပါဖြစ်စေနိုင်ပါတယ်။

(၂) တာရှည်ခံအောင်ပြုပြင်ထားတဲ့ အသားများ
===========================
ကြက်အူချောင်း၊ ဝက်အူချောင်းတွေ၊ အသားလုံး၊ အသားပြား၊ အသားခြောက်တွေ၊ Hot Dog တွေမှာ အသားကို တာရှည်ခံစေဖို့ ဆိုဒီ ယမ်နိုက်ထရိတ်ဓာတုပစ္စည်းတွေ ထည့်သွင်းထားတာကြောင့် ကင်ဆာ ရောဂါအမျိုးမျိုး ဖြစ်စေသလို ကင်ဆာဝေဒနာသည်တွေ စားသုံးမိရင် ကင်ဆာအဖုအကျိတ်တွေကို လျင်မြန်စွာကြီးထွား
ပျံ့နှံ့လာစေနိုင်ပါတယ်။

(၃) မိုက်ကရိုဝေ့ဖ်မီးဖိုနဲ့ဖောက်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်များ
====================================
ပြောင်းဖူးပေါက်ပေါက်တွေကို အလွန်အကျွံစားမိတဲ့အခါ မိုက်ခရို ဝေ့ဖ် မီးခိုးငွေ့နဲ့ ပြောင်းဖူးပေါက်ပေါက်တို့ဓာတ်ပြုခြင်းကြောင့် ထွက်ရှိ လာတဲ့ Perfluorooctanoic နဲ့ Diacetyl ဓာတ်များက အဆုတ်ကင်ဆာ
ဖြစ်စေပါတယ်။ ဒါ့အပြင် မိုက်ခရိုဝေ့ဖ်အပူဓာတ်စီးနေတဲ့ ပြောင်းဖူး ပေါက်ပေါက်(ပူပူ)တွေကို ပလတ်စတစ်နဲလုပ်ထားတဲ့ အိတ်(သို့မဟုတ်)ပန်းကန်ခွက်တွေထဲထည့်စားခြင်းကပန်ကရိယကင်ဆာဖြစ်လာနိုင်ပါတယ်။

(၄) သစ်သီးခြောက်များ
==============
ပန်းသီး၊ စတော်ဘယ်ရီ၊ စပျစ် စတဲ့သစ်သီးခြောက်စားသုံးခြင်းက ကျန်းမာရေးကို ကောင်းကျိုးပြုစေတယ်လို့ လူသားအားလုံးက ယုံကြည် နေကြပါတယ်။ သင့်တင့်မျှတတဲ့ပမာဏကကောင်းပေမယ့် လွန်ကျူးစွာ စားသောက်မိရင်တော့ သစ်သီးခြောက်တွေမှာသုံးထားသော နွမ်းခြောက်ဆေးများ၊ အချို၊ အငန်ဓာတ်တွေက လူကိုဘေး ဖြစ်စေပါတယ်။

(၅) ဆော်ဒါအချိုရည်များ
==============
ဆော်ဒါအချိုရည်တွေကို အရသာကောင်းစေဖို့ အချို ဓာတ်တွေသာမက အရောင်လှစေဖို့ အရောင်ဆိုးဆေးတွေ သုံးထားပါတယ်။ ဒါ့အပြင် အမြှုပ်ထစေဖို့ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့တွေ ထည့်သွင်းထားတာကြောင့် ထိုဓာတ်ပေါင်း စုက လူ့ခန္ဓာကိုယ်တွင်းကလီစာတွေကို အက်စစ်ဓာတ်ပြုပြီး ကင်ဆာဆဲလ်တွေ တိုးပွားလာစေနိုင်ပါတယ်။

(၆) ဆေးသကြားခဲများ
=============
သကြားအစားထိုး ဆေးသကြားခဲများ၊ အချိုမှုန့်များနဲ့ သဘာဝကိုဆန့်ကျင်၍ ဓာတုပစ္စည်းများဖြင့်ပြောင်းလဲကာ ဟင်းခတ်မှုန့်ပြုလုပ်ထားကြတဲ့ (ကြက်၊ ဝက်၊ ဟင်းရွက်)အမှုန့်ချိုချိုတွေ က သွေးတိုး၊ ဆီးချိုရောဂါများသာမက၊ ကိုယ်ဝန်ဆောင်များကို သားလျှော စေတဲ့အပြင် ကင်ဆာရောဂါအမျိုးမျိုးတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။

(၇) ဂျုံမှုန့်ဖြူဆွတ်ဆွတ်များ
================
သဘာဝဂျုံမှုန့်တွေကို ဓာတုချွတ်ဆေးတွေသုံးပြီး ဖြူဆွတ်အောင် ပြုပြင်ထားခြင်းကြောင့် ဂျုံထဲရှိ ကစီဓာတ်တွေနွဲူ့ပခနာငခ ဓာတ်တွေ ပြောင်းလဲဖောက်ပြန်သွားကာ ရင်သားကင်ဆာဖြစ်စေပါတယ်။ ဒါတင် မကသေးပါဘူး သွေးထဲရှိသကြားပမာဏတွေ တိုးပွားလာပြီးတော့ ကင်ဆာအကျိတ်အဖုတွေကို လျင်လျင်မြန်မြန်ပြန့်ပွားစေပါတယ်။

(၈) ကန်မွေးငါးများ
============
သဘာဝနဲ့ဆန့်ကျင်ပြီး မွေးမြူတဲ့ ငါး၊ ပုစွန်ကန်တွေကို ရေစင်စင် မဆေးကြောဘဲ အစိမ်းစားမိတဲ့အခါ ကင်ဆာရောဂါဖြစ်စေပါတယ်။ အကြောင်းရင်းကတော့ မွေးကန်ထဲမှ ရေ(စံ ပမာဏ) နဲ့ ရေအပေါ့ အငန်ဓာတ်တွေကို သဘာဝရေအတိုင်းရရှိအောင် အသုံးပြုထားတဲ့ ရေသန့်ဆေးအမျိုးမျိုး၊ ပိုးသတ်ဆေးများ၊ ငါး၊ ပုစွန်ကြီးထွားဆေးနဲ့ အကြေးခွံမာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်ပါပဲ။

(၉) ပြုပြင်ထားတဲ့ အဆီတုများ
==================
မာဂျရင်း၊ ထောပတ်တုနဲ့ ကရင်မ်တို့လို ဟိုက်ဒရိုဂျင်ဓာတ်သုံးပြီး ပြုပြင်ထားတဲ့ အဆီတုတွေက လူ့ခန္ဓာကိုယ်တွင်းရှိ ဆဲလ်အမြှေးပါးတွေ ဖွဲ့စည်းတည်ဆောက်မှုကို ကမောက်ကမဖြစ်စေကာ ကင်ဆာဆဲလ်အဖြစ် ဦးတည်လာပါတော့တယ်။

(၁ဝ) ဖန်တီးထားတဲ့ သကြားမှုန့်ဖြူဆွတ်ဆွတ်များ
============================
ကြံဖြင့်ပြုလုပ်ထားတဲ့ သကြားတွေက လူကိုဘေးဥပဒ် မဖြစ်စေပါ ဘူး။ သို့သော် ဖရူးတို့စ်(ခေါ်)ချိုအောင်ဖန်တီးထားတဲ့ သကြားမှုန့် ဖြူ ဆွတ်ဆွတ်တွေက သွေးထဲမှသကြားဓာတ်ကို ချက်ချင်းဆိုသလို မြင့်မား လာစေကာ ကင်ဆာဆဲလ်တွေကိုလဲ ကြီးထွားလာစေပါတယ်။
(Ref:Daily Health Tips)

ပေါက်ပေါက်
The Union Daily

26 January, 2014

ရှင်ဥပဂုတ် ရှင်းတမ်း(အောင်ကျော်ခိုင်)

ကျွန်တော်တို့ဗုဒ္ဓဘာသာ လူမျိုးတွေမှာ အတော်များများက
ထေရ၀ါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်နေရဲ့သားနဲ့ အယူမှား အမှတ်မှားတွေ
အများကြီးရှိနေပါတယ် ။ တကယ် တော်၍ ထက်မြတ်သော ပါဠိစာပေများကို
နိုင်နင်းသော ဘုန်းတော်ကြီးများက ပြောတာတောင် လက်မခံနိုင်တဲ့
ဗုဒ္ဓဘာသာဝင်တွေ အများကြီးပါ ။ ကျွန်တော်တို့အားလုံးက လူသားတွေပါ
ကျွန်တော်တို့ကိုးကွယ်တဲ့ ဘာသာကို ဆန်းစစ်နိုင်တဲ့ အသိဥာဏ်တွေရှိပြီးသားပါ ။
လောက သဘာဝ တရားနဲ့ယှဉ်ပြီး ငါတို့ ကိုးကွယ်မှုတွေက တကယ်ရော
ထေရ၀ါဒ စစ်မှန်ရဲ့ လား ငါတို့ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ လမ်းစဉ်တွေရော
ဟုတ်ရဲ့လားဆိုတာ စိစစ်သူ အတော်နည်းပါတယ် ။
ဘုန်းတော်ကြီးတွေ ဓမ္မကထိကတွေထဲက အမုန်းခံကာ ထေရ၀ါဒသာသနာ
မှာ အတုအယောင်တွေ ပပြောက်ဖို့ တွန်းအားပေးခဲ့ပေမယ့် 
ရှေးရိုးစွဲနေသော လူ့အတ္တသမားများကြောင့် စစ်မှန်သောထေရ၀ါဒကို
လက်ခံကျင့်သုံးသူ တစ်နေ့ထက်တစ်နေ့ နည်းပါးလာပါတယ် ။
အင်မတန် ကြောက်တတ်သော မြန်မာလူမျိုးများအတွက် ခြောက်နိုင်သော
မဟာယန ဗုဒ္ဓဘာသာ ရဲ့ အယူအဆတွေ လွှမ်းမိုးခဲ့သည်မှာ
ယနေ့ထက်တိုင်ပါပင် ။ ကျွန်တော်ဒီနေ့ ပြောချင်တာလေးက 
ဗုဒ္ဓဘာသာတွေ အလွဲကြီးလွဲနေတဲ့ ရှင်ဥပဂုတ် ဆိုတဲ့ အကြောင်းလေးပါ ။
စာဖတ်နေသူတွေထဲမှာ ယုံကြည်သူတွေလည်းပါမယ် ၊ မယုံကြည်သူတွေလည်းပါမယ် ၊
ဒွိဟ ဖြစ်နေသူလည်း များမယ် ကျွန်တော့်အသက် ၂၀ အတွင်းမှာ
ဒီအကြောင်းအရာကိုကျွန်တော်အတော်လေး လေ့လာခဲ့ပြီးမှ
ဒီစာကိုရေးလိုက်ရတာပါ ။ တစ်ဦးတစ်ယောက်ရဲ့ဟောပြောချက် ကို
မှန်တယ်ဆိုပြီး ပြောနေခြင်းမဟုတ်ပါ ။ စာဖတ်သူတွေ
ယုံကြည်ရမယ် ၊ လက်ခံရမယ်လို့ မဆိုလိုပါ မိမိအတွေးနဲ့
မိမိ စဉ်းစားဆုံးဖြတ်လိုက်ပါ ။အဲလိုတွေးဖို့အတွက် ဒီဆောင်းပါးက အထောက်အကူပြုမှာပါ ။
ဒီစာရေးလို့ ကျွန်တော့်အတွက် လူမုန်းပိုများလာမှာ သိရက်နဲ့
ထေရ၀ါဒ သာသနာ အတွင်းမှာ တကယ်ကိုးကွယ်မှုလွဲနေမှုတွေအတွက်
ဆန်းစစ်သုံးသပ်နိုင်အောင် ရေးလိုက်ရတာပါ ။ 

ရှင်ဥပဂုတ် ဘယ်ကစဖြစ်လာသလဲ
================
ဒီအကြောင်းလေးကို စပြောဖို့အတွက် ရှင်ဥပဂုတ် ဘယ်ကစဖြစ်လာသလဲ
ကစပြောရပါလိမ့်မယ် ။ ထေရ၀ါဒ ဗုဒ္ဓဘာသာတွေရဲ့ ပါဠိ ကျမ်းဂန်စာပေတွေမှာ
မတွေ့ရတဲ့ ရှင်ဥပဂုတ်က ဘာကြောင့် ဒီလောက် နာမည်ကြီးနေရသလဲဆိုရင်
လူအများပြောကြ ဇာတ်သမားတွေပြောကြတာလေးက
သီရိဓမ္မာသောက မင်းကြီးရဲ့ အလှူကြီးမှာ မာရ်နတ်နှောက်ယှက်
မည်ကို စိုးသဖြင့် မင်းကြီးက တိဿနာဂထေရ် ခေါ်ရှင်ဥပဂုတ်ကို
ခေါ်ထားပါတယ်တဲ့ ။ အလှူပွဲကျင်းပတဲ့အခါမှာ
မာရ်နတ်က လာဖျက်သဖြင့် ရှင်ဥပဂုတ်က မာရ်နတ်လည်ပင်းကို
ခွေးသေကောင်ပုပ်ဆွဲကာ တောင်းပန်ခိုင်းပါတယ် ။ တောင်းပန်ပြီးတော့မှ
လည်ပင်းက ခွေးသေကောင်ပုပ်ကို ချွတ်ကာ တောင်နံရံမှာ ခါးပန်း
ကြိုးနဲ့ ချည်ထားလိုက်ပါတော့တယ် ။ အလှူပွဲကြီး မပြီးမချင်း
မာရ်နတ်ကို ကြိုးနဲ့ ချည်ထားစဉ် မာရ်နတ်က ဘုရားရှင်ကို 
နှောက်ယှက်တုန်းက ယခုလို မခံစားရဘဲ တပည့်သာဝကတွေနဲ့ကျမှ
ယခုလို အနှိပ်စက်ခံရသဖြင့်သာဝကတွေက မေတ္တာ ၊ ဂရုဏာ နည်းပါးလှပြီး
ဘုရားရှင်က မေတ္တာ ၊ ဂရုဏာ ကြီးမားတော်မူသဖြင့် ထိုနေရာမှာတင်ပဲ
မာရ်နတ် ဘုရားဆုကို ပန်ခဲ့ပါတယ်  "တဲ့  ဒါက ဇာတ်သမားတွေ
ပြောကြပါတယ် လူအတော်များများကလည်း ဒါကိုသိကြမှာပါ ။
အမှန်တော့ အဲဒီ ဇာတ်လမ်းက မဟာဝင်ကျမ်းက လာပါတယ် ။
မဟာဝင်ကျမ်းကလည်း အဲဒီ ရှင်ဥပဂုတ် အကြောင်းက 
လောကပညတ္တိ ကျမ်းက လာတယ်ဆိုပြီး ပြန်လည်ညွှန်းဆိုထားပါတယ်။
အဲဒီကျမ်းကနေ ဘယ်ကိုဘယ်လို ပြန်ပြန်ညွှန်းသလဲဆိုတာတော့ မသိတော့ပါဘူး။
မြန်မာနိုင်ငံမှာ ကျင်းပတဲ့ သင်္ဂါယနာ တင်ပွဲတွေမှာတော့
ရှင်ဥပဂုတ် အကြောင်းတစိုးတစိမျှ မပါလာပါဘူး ။

 နောက်တစ်ခါ မဟာယနဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ တရုတ် ၊ ဂျပန် နိုင်ငံတွေက
မဟာယာနဂိုဏ်းသုံး ကျမ်းစာဖြစ်သော ဒိဗျာဝါနကျမ်းမှ ဖန်တီးပေးလိုက်သော ဇာတ်လမ်း ဖြစ်သည်။ ရှင်ဥပဂုတ္တမထေရ်သည် ဣန္ဒဂုတ္တ၊ အဿဂုတ္တ၊ တိဿနာဂ၊ ဥပဂုတ္တတိဿနာဂ၊ အာဂတ်စတယမုနိ ဟူသော ဘွဲ့မည် အမျိုးမျိုးဖြင့် ထင်ပေါ်ကျော်ကြားသူ ဖြစ်သည်။
ဇာတ်လမ်းက ဒီလိုပါ
"မဓုရာပြည် ကုဏ္ဍိမြို့ အနီးမှာ ဥရုမုဏ္ဍ အမည်ရှိတဲ့ သာဏတောင်မှာ
သာဏ၀ါသီထေရ် က သတင်းသုံးနေတော်မူပါတယ် ။ အဲဒီ
ကုဏ္ဍိမြို့မှာ နံသာကုန်သည်တစ်ဦးရှိတယ် အမည်က
ဂုတ္တပါ ။ သူ့ မှာ သားသုံးယောက် ရှိပါတယ် ။
အဿဂုတ္တ ၊ ဓနဂုတ္တ ၊ ဥပဂုတ္တ ဆိုပြီး အမည်ရှိကြပါတယ် ။
အဲဒီ ဥပဂုတ္တ အမည်ရှိတဲ့ အငယ်ဆုံးသားက လူဝတ်အနေနဲ့ပဲ
သချိုင်းမှာ ခြေဖြတ် ၊ လက်ဖြတ် ခံရတဲ့ ပြည့်တန်ဆာမ ၀ါသ၀ဒတ္တာ
ကို တရားဟောခဲ့တဲ့အတွက် ပြည့်တန်ဆာမက သောတပန်ဖြစ်ကာ
ဟောပြောသူ ဥပဂုတ္တကတော့ အနာဂါမ် ဖြစ်ပါတယ် ။
အဲဒီ လို အကြောင်းကို သာဏ၀ါသီထေရ်က သိသွားတော့ အဖေဖြစ်တဲ့
ဂုတ္တကို ခွင့်တောင်းကာ ရဟန်းပြုပေးလိုက်ပါတယ်။ ရဟန်ပြုပြီးလို့
အချိန်သိပ်မကြာခင်မှာပဲ အာသဝေါ ကုန်ခမ်းကာ ရဟန္တာဖြစ်သွားပါတယ်လို့"
မဟာယန တွေက ဆိုထားပါတယ် ။ ရဟန္တာဖြစ်ပြီးသွားတော့
တရားပွဲကျင်းပ ပါတယ် အဲဒီမှာ မာရ်နတ်က တရားပွဲပျက်ရန်
ပုလဲမိုးရွာချပါတယ် နောက်တစ်ခါ တရားပွဲကျင်းပတော့
ရွှေမိုးရွာပြီး နှောက်ယှက်ပါတယ် ။ နောက်တစ်ကြိမ် ကျင်းပတော့
နတ်တူရိယာတွေနဲ့ မြူဆွယ် နှောက်ယှက်ပါတယ် 
အဲဒါနဲ့ ဥပဂုတ္တလည်း မာရ်နတ်လုပ်မှန်းသိတော့ 
မာရ်နတ်ကို ဆုံးမဖို့အတွက် မြွေသေကောင်ပုပ်ကို ဦးခေါင်းကိုစွပ်ပါတယ်
နောက်ခွေးသေကောင်ပုပ်ကို လည်ပင်းဆွဲပါတယ် ။
လူသေကောင်ပုပ်ကိုလည်း နောက်ကိုကျောပိုးစေပြီး
နှစ်ရွက်နှစ်ဖက်နဲ့ ဆွဲထားပါတယ် အဲဒါကို မာရ်နတ်ရဲ့ တန်ခိုးနဲ့
ဖြုတ်မရပါဘူး အဲဒါနဲ့ မာရ်နတ်လည်း နောက်ဘယ်သာသနာပွဲကိုမှ
မနှောက်ယှက်တော့ပါဘူးလို့ တောင်းပန်ပါတယ်  " အဲဒီလို မဟာယန ကလည်း ဆိုထားပြန်ပါတယ်။

ဒီလောက်ဆို ရှင်ဥပဂုတ် ကို ဘယ်သူတွေက ဘယ်လိုအယူဝါဒတွေနဲ့
ဘယ်လိုပေါ်လာပါတယ်ဆိုတာမျိုး တစ်ယောက်တစ်ပေါက်ဖြစ်နေကြပုံကို
သိကြမှာပါ ။ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားလက်ထက်မှာ တကယ်ပင်
ရှိနေခဲ့ပါက ပါဠိစာပေများ ကျမ်းဂန်များတွင် ဒီလောက်
တန်ခိုးကြီးသော မထေရ်တစ်ပါးကို ထည့်ရေးခဲ့မည်မှာ ဧကန်မလွဲပါ။

ရှင်ဥပဂုတ်ရှိမရှိ ဆန်းစစ်ကြမယ်
=================
ဒီအပိုင်းလေးကတော့ ကျွန်တော့်ရဲ့ အတွေးအမြင်တွေကိုဖော်ပြပေးမှာပါ
မိတ်ဆွေတို့ လက်ခံမလား  လက်မခံဘူးလားဆိုတာလေးကမိမိတို့
အမြင်အရ အတွေးအရ ဆုံးဖြတ်ကြပါ ။

(၁)ထေရ၀ါဒ ဆိုသော ဝေါဟာရက ပထမ သင်္ဂါယနာ တင်ချိန်မှစ၍ 
ယခု ဆဠသင်္ဂါယနာ ၆ ကြိမ်တင်ထားသော ပါဠိတော် ၊ အဠာကထာ ၊
ဋီကာ အစရှိသော ပိဋက ကို ဆိုလိုပါသည် ။

ဒါဖြင့်ရင် ထေရ၀ါဒ ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး ထေရ၀ါဒမှာ မပါရှိတဲ့
အယူဝါဒတွေကို  ကျွန်တော်တို့ လက်ခံကျင့်သုံးသင့်သလား ??
အဲဒါလေးကို အရင်ဆုံး မိမိကိုယ်တိုင် မေးကာ စဉ်းစားဆုံးဖြတ်လိုက်ပါ

(၂)အများက ရှင်ဥပဂုတ်ကို ရဟန္တာလို့ အပေါ်က ပြောခဲ့သလို
သမုတ်ခဲ့ရင် ရဟန္တာရဲ့ ဂုဏ်သိက္ခာပုဒ်တွေရှိပါတယ်

ရဟန္တာမဆိုထားနဲ့ သောတာပန်အဆင့်လောက်ဆိုရင်တောင် မြတ်စွာဘုရားရှင် ပညတ်တော်မူတဲ့ သိက္ခာပုဒ်တွေကို အသက်ဟူသော အကြောင်းကြောင့်တောင်မှ မချိုးဖောက်ကြတော့ပါဘူး။ 
စူဠ၀ဂ္ဂပါဠိတော် ခုဒ္ဒက၀တ္ထုက္ခန္ဓကမှာ အရှင်ပိဏ္ဍောလဘာဇဒွါရမထေရ်ကို အကြောင်းပြုပြီးတော့ “န ဘိက္ခဝေ ဂိဟီနံ ဥတ္တရိမနုဿဓမ္မံ ဣဒ္ဓိပါဋိဟာရိယံ ဒေဿတဗ္ဗံ၊ ယော ဒေဿယျ အာပတ္တိဒုက္ကဋဿ”လို့ ဘုရားရှင်က ပညတ်တော်မူခဲ့တယ်။
(လူတွေကို တန်းခိုးမပြရ၊ ပြလျှင် ဒုက္ကဋ်အာပတ်သင့်၏)

ဒီနေရာမှာ ပိုပြီးနားလည်သပေါက်အောင်လို့ ဣဒ္ဓိသုံးမျိုးရှီတယ်ဆိုတာကို ရှင်းပြချင်သေးတယ်။

အဓိဋ္ဌာနိဒ္ဓိ
ဝိကုဗ္ဗနိဒ္ဓိ
မနောမယိဒ္ဓိဆိုပြီး ဣဒ္ဓိသုံးမျိုးရှိတယ်။

 တစ်ယောက်ကို အများဖြစ်အောင် အများကိုတစ်ယောက်ဖြစ်အောင်လုပ်ခြင်း၊ ကိုယ်ယောင်ဖျောက်ခြင်းစတဲ့ အရာတွေကို အဓိဋ္ဌာနိဒ္ဓိလို့ ခေါ်တယ်။

မိမိရဲ့ ပင်ကိုယ်မူလအသွင်သဏ္ဍာန်ကို ဖျောက်ပြီးတော့ ကျားယောင်ဖန်ဆင်းပြတာ ဘီလူးအဖြစ်ဖန်ဆင်းပြတာ စတဲ့ သူတစ်ပါးရဲ့ အသွင်အမျိုးမျိုး ဖန်ဆင်းပြတာတွေကို ၀ိကုဗ္ဗနိဒ္ဓိလို့ခေါ်တယ်။

ပကတိခန္ဓာကိုယ်အတွင်း၌ အလားတူ ခန္ဓာကိုယ်တစ်ခု ရှိနေအောင် ဖန်ဆင်းပြတာကို မနောမယိဒ္ဓိလို့ခေါ်တယ်။

ဒီဣဒ္ဓိသုံးမျိုးထဲက ၀ိကုဗ္ဗနိဒ္ဓိကို လူတို့အားပြရင်သာ ဒုက္ကဋ်အာပတ်သင့်တယ်လို့ အဋ္ဌကထာဆရာက ဖွင့်ပြပါတယ်။

ရှင်ဥပဂုတ်တန်ခိုးပြခန်းကို ပြန်လည်စဉ်းစားကြည့်လိုက်ပါ။ ကျားအဖြစ်ဖန်ဆင်းတာ ဘီလူးအဖြစ်ဖန်ဆင်းတာ ဂဠုန်အဖြစ်ဖန်ဆင်းတာတွေကို တွေ့ရပါလိမ့်မယ်။

ရဟန္တာဆိုတာ ဘုရားရှင် ဒီသိက္ခာပုဒ်ကို ပညတ်ထားတယ်ဆိုတာ မသိရင်သာ ကျူးလွန်မိချင် ကျူးလွန်မိမယ်။ ပညတ်ထားတယ်လို့ သိရင် ဘယ်တော့မှ မချိုးဖောက်ဘူး။ အသက်သေမယ်ဆိုရင်တောင် မချိုးဖောက်ဘူး။

ရှင်ဥပဂုတ်ဟာ ဒီသိက္ခာပုဒ် ပညတ်ထားတာကို မသိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းမယ်ဆိုရင်တော့ မိုးကြိုးပစ်တာကို ထန်းလက်ခြောက်နဲ့ ကာလိုက်တာနဲ့ အတူတူပဲလို့ ဆိုချင်တယ်။ ရှင်ဥပဂုတ်ရှိတာ မရှိတာ အပထား ဇာတ်လမ်းအရဆိုရင် ဘုရားပရိနိဗ္ဗာန်စံပြီးမှ သူပေါ်ခဲ့တာလေ။ မသိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ဒါဆိုရင် အရှင်မဟာမောဂ္ဂလာန်ကြီး ၀ိကုဗ္ဗနိဒ္ဓိပြတာကျတော့ ဘာပြောမလဲ
(အောင်ခြင်းရှစ်ပါးက နန္ဒောပနန္ဒ နဂါးကို အောင်တော်မူခြင်း ကိုဆိုလိုတာပါ)

ပညတ်တော်ကို စဉ်းစားကြည့်လိုက်ပါ။ သေချာပြန်ပြီးတော့လေ..။

ပညတ်တော်မှာ “လူပုဂ္ဂိုလ်တို့ကို မပြရ”လို့ ပါတယ်လေ။

ဒါကြောင့် အရှင်မဟာမောဂ္ဂလာန် ၀ိကုဗ္ဗနိဒ္ဓိပြချိန်တုန်းက လူဝတ်ကြောင်တစ်ယောက်မှ အနားမှာ မရှိဘူး။ အရှင်မဟာမောဂ္ဂလာန် ၀ိကုဗ္ဗနိဒ္ဓိပြတာကို ဘယ်လူဝတ်ကြောင်မှလဲ မမြင်တွေ့နိုင်ဘူး။ ဒါကြောင့် အရှင်မဟာမောဂ္ဂလာန်ဟာ ဒီပညတ်တော်ကို ချိုးဖောက်ရာမရောက်ပါဘူး။

နောက်တစ်ခုစဉ်းစားစရာရှိတာက အရှင်မဟာမောဂ္ဂလာန် ၀ိကုဗ္ဗနိဒ္ဓိပြချိန်တုန်းက ဒီပညတ်တော်ကို ဘုရားရှင် မပညတ်ရသေးတာလဲ ဖြစ်နိင်တယ်။

ရှင်ဥပဂုတ် ၀ိကုဗ္ဗနိဒ္ဓိပြချိန်က “မပြရ”လို့ ဘုရားရှင်က ပညတ်ပြီးဖြစ်သလို သူ ၀ိကုဗ္ဗနိဒ္ဓိပြတာလဲ လူတွေ အုံနဲ့ကျင်းနဲ့ကို တွေ့မြင်ကြတာပါ။ (ဇာတ်အလမ်းရပြောတာနော်)

အရှင်မဟာမောဂ္ဂလာန် ပရိနိဗ္ဗာန်စံခါနီးမှာ ဘုရားရှင်က တန်ခိုးပြခိုင်းတော့ ၀ိကုဗ္ဗနိဒ္ဓိမပြပဲ “အဓိဋ္ဌာနိဒ္ဓိ”တွေကိုပဲ ပြသွားခဲ့တယ်လေ။

ဒီလောက်ဆိုရင် နားလည်လောက်ပြီလို့ ထင်ပါတယ်။

(၃)ရှင်ဥပဂုတ်ဟာ ယနေ့တိုင် အသက်ရှင်လျှက်ရှိကာ
သမုဒ္ဒရာအတွင်း သီတင်းသုံးနေသည်ဟု ပြောနေကြသော အကြောင်းလေးကို
နည်းနည်းရှင်းပြပါရစေ ။ ရဟန္တာဖြစ်ပြီဆိုကတည်းက ခန္ဓာကို စက်ဆုပ်ရွံရှာ
နေပါပြီ ဒီခန္ဓာကိုယ်ကြီး အမြန်ဆုံး ပျက်ဆီးချင်နေပါတယ် ဒီခန္ဓာကိုယ်ကြီးရှိနေတာကိုက
အပုပ်ကောင်တွေ တွယ်ကပ်နေသည့်အလား ရွံရှာနေပါတယ်။
ဒါဆို ရှင်ဥပဂုတ်ဟာ ရဟန္တာဖြစ်ပြီး ယနေ့ အချိန်ထိတိုင် ဘာကြောင့်များ
အသက်ရှင်နေပြီးသတင်းသုံးနေရပါလဲ? 

(၄)နေကိုကြည့်၍ ဆွမ်းစားခြင်း ဆိုသော အရာမှာလည်း မှားယွင်းသော
အယူတစ်ခုပါ ။ ပုတုဇဉ် သာမဏေ တောင် ဆွမ်းစားတဲ့အခါ
သပိတ်အမှတ်နဲ့စားရပါတယ် ။ ဒီလိုမထေရ်မြတ်က
နေကိုကြည့်၍ ဘာကြောင့် ဆွမ်းစားရတာလဲ ?

စသည့် ဆန်းစစ်မှုများအပြင်အခြားသော မိမိအတွေးအမြင်မှီသလောက်
တကယ်ရှိမရှိ ဒီအယူအဆတွေက မှန်ကန်မှုရှိမရှိ 
စဉ်းစားပြီးမှ ဆုံးဖြတ်ပါ ။ ကိုယ်အသက်ရင်းပြီး ကိုးကွယ်ရမယ့် ဗုဒ္ဓဘာသာမှာ
သရဏဂုဏ်မပျက်ဖို့အတွက် အယူမှားမှုတွေကိုတော့ ဖယ်ရှားရပါလိမ့်မယ်။
ဒီ အကြောင်းအရာတွေကို ဘုန်းကြီးများက အမုန်းခံ၍ သာသနာအတွက်
လမ်းမှန်ပြောသော်လည်း အချို့က ဘုန်းကြီးက ဘုန်းကြီးအလုပ်မလုပ်ဘူးပြောကြပါတယ်
ဒါဆို ဘုန်းကြီးက ထေရ၀ါဒ လမ်းစဉ်တွေ မှန်ကန်ဖို့ လမ်းပြဆောင်ရွက်
ပေးဖို့ မဟုတ်ဘူးလား သံဃာတော် အရှင်မြတ်တွေက ဗုဒ္ဓရဲ့ တရားဓမ္မတွေနဲ့
လူ့လောကက မှားယွင်းမှုတွေကို တတ်နိုင်သလောက် ပြင်ဆင်ပေးရမယ်မဟုတ်ဘူးလား
ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ မှားယွင်းတဲ့ အယူဝါဒတစ်ခုနဲ့ တကယ်စာပေတတ်
ကျမ်းဂန်နှံ့စပ်သော ဘုန်းတော်ကြီးများကို ပြစ်မှားမိမှာစိုး၍ ကျွန်တော်ရေးသား
လိုက်ရပါသည် ။ တစ်ခုခုမှားယွင်းခဲ့သော် စာရေးသူ ကျွန်တော်၏ အမှား
အယွင်းသာဖြစ်ပါသည် ။

စာဖတ်သူအားလုံးကို လေးစားလျှက်
အောင်ကျော်ခိုင်(ပုသိမ်)
www.aungkyaw.net

ကျမ်းကိုးစာရင်း
-ပညာသိနှင့် သညာသိ(မေတ္တာရှင်ရွှေပြည်သာ)
-ဗုဒ္ဓဓမ္မ ပြဿနာများ(ဧတဒဂ်အရှင်ပညာဇောတ)
-ဆန်နီနေမင်း